တစ်နေ့လုံး ပျောက်ဆုံးနေတယ် ငါ ..

Friday, February 18, 2011


တစ်နေ့လုံး ပျောက်ဆုံးနေတယ် ငါ ..

တစ်နေ့လုံး ရှူသွင်းနေတဲ့လေထဲမှာ အသက်ဓာတ်တစ်ချက်တလေမှ မပွင့်ဘူး
တစ်နေ့လုံး ခုန်နေတဲ့ နှလုံးသားထဲမှာ အခိုက်ဓာတ် တစ်ချက်တလေမှ မထိခတ်ခဲ့ဘူး
တစ်နေ့လုံး ပျောက်ဆုံးနေခဲ့တယ် ….နှစ်ဆယ့်လေးနာရီ ..

ကြားနေရတဲ့ မြင်ကွင်းတွေမှာက နရီစည်းချက်တွေ တစ်ရောင်မှ မပါဘူး
တဖောက်ဖောက် ကျဆင်းလာတဲ့ အသံတွေမှာက ငြိမ်းအေးမှု သံဝေဂတွေ တစ်စက်မှ မပါဘူး
တစ်ဘဝလုံး ပြုတ်ကျ ပျောက်ဆုံးနေခဲ့ရတယ် နှစ်ပရိစ္ဆေတများစွာ ….

တစ်နွေပြီးတစ်နွေ .. နေ့တာတွေကလည်း ရှည်ပြီးရင်း ရှည်နေခဲ့
ငါ .. မအိပ်စက်ရတာ ကြာနေခဲ့ပြီ …
မလိုလားအပ်မှုတွေနဲ့ပဲ နိစ္စဓူဝ မျက်နှာချင်းဆိုင် ..
ဘာကိုမှ အနိုင်မရနိုင်တော့တာ သေချာတဲ့အမှတ်တံဆိပ်က ငါ လား …

ငါ့ကိုယ်ငါက.. ပြန်မတွေ့တော့ဘူး … ငါ့ကိုယ်ငါကလည်း … ပြန်မလိုချင်တော့ဘူး …
ငါ့ကို ရုတ်သိမ်း ငြိမ်းမှုတ် ပစ်လိုက်ဖို့ တန်ခိုးရှင်တစ်ပါးပါးတော့ လိုနေခဲ့ပြီ
ကြည့်စမ်း.. ရေခဲမြစ်တွေ အေးခဲရှည်လျားနေလိုက်ကြတာ ..
ငါ .. ဘယ်တုန်းကတည်းက ငိုနေခဲ့မိပါလိမ့် ………..
မနော်ဟရီ


Just a test post !! ( the image is NCS's painting)


4 Comments:

သိင်္ဂါကျော် said...

ခံစားချက်တွေ ထပ်တူညီလိုက်တာ... ကဗျာလေး ကြိုက်တယ်..။

Naing Htun Lwin said...

မနော်ကဗျာ လေးဖတ်ရတာ ကျွန်တော်ဖြစ်နေတာလေးနဲ့ကွက်တိပဲအမရာ

★Craton said...

ငါ့ကို ရုတ်သိမ်း ငြိမ်းမှုတ် ပစ်လိုက်ဖို့ တန်ခိုးရှင်တစ်ပါးပါးတော့ လိုနေခဲ့ပြီ...

လရိပ်အိမ် said...

လူတွေအကုန်လုံးအဲလိုဖြစ်နေပြီလား မသိဘူး။
ကျွန်တော် လဲ အဲလိုဖြစ်နေတယ်။