ဓားဒဏ္ဍာရီ

Monday, March 15, 2010

ဓားဒဏ္ဍာရီ


ငါဟာ တည်ငြိမ်ထက်ရှနေတဲ့ ဓားတစ်လက်
ငါ့အတွက်ခက်ခဲနေတာက ငါ့အပေါ်မှာ အုံ့မိုးထားတဲ့ ဓားအိမ်
တည်ငြိမ်မှုတွေက အတိုင်းထက် အလွန်...

ကြားနေကျအသံတွေက တရားဓမ္မနဲ့အမှန်တရား
အသိတရားတွေက ထွက်သက်နဲ့ဝင်သက်မှာကပ်ငြိ
သွေးစွန်းလက်တို့ရဲ့ အတ္တုပ္ပတ္ဆိဆိုတာ ဒဏ္ဍာရီလား ....


တံခါးကိုဆွဲဖွင့်ထွက်သွားချင်လျက်က
ငါ .. တိတ်ဆိတ်စွာ ထက်မြ နေခဲ့ရတယ်။

မနော်ဟရီ

၁၆.၂.၂၀၁၀


17 Comments:

Zephyr said...

အထဲမှာပဲနေပါ။

လုံခြုံတဲ့ ဓားအိမ်ထဲမှာ ..
အကုသိုလ်နည်းတဲ့ဓားတစ်လက်ပဲဖြစ်ချင်တယ်။

သူရဲကောင်းဓားတစ်လက် ဖြစ်ခဲ့ရဖို့ မလိုပါဘူး။
ကိုယ့်ရဲ့ တိတ်ဆိတ်မှုဟာ ...
ကိုယ့်ရဲ့ အင်အားပါပဲ။

Moe Myint Tane said...

တိတ်ဆိတ်စွာ ထက်မြနေရတာကိုက ဓါးရဲ့ အရည်အချင်း ဥပဒေသ သံဓိဠာန် ဘ၀။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

eaindraomtt said...

အေးစက်မှုတွေနဲ့ ကျိမ်းစပ်နေရတဲ့အခါ
ဓါးဟာ ဓါးရာမ၀င်သလို...

ဓါးရဲ့ထက်ရှမှုတွေဟာ...
တွင်းအောင်းအိပ်ပျော်နေတဲ့ မြွေတစ်ကောင်ရဲ့အဆိပ်ဆန်ဆန် မည်းနက်မာခဲနေတော့ မပေါ့..

ဓါးဟာ..နေရောင်မှာ လက်ဖြာသွားမယ့် သူ့ရောင်စဉ်တန်းကကွက်ကို သူကိုယ်တိုင်ရင်သပ်ရှုမောချင်ဦးမပေါ့

ဓါးဆိုတာမှာကိုက မာကျောသလောက် ထက်ရှသလောက် ရက်စက်တတ်မှုလေးက ပါနေတယ်..။

မေ့သမီး said...

ဓါးတွေကိုချစ်တဲ့လူတယောက်အကြောင်း ကိုတာရာမင်းဝေရေးခဲ့ဖူးတာကို အမှတ်ရသွားပါတယ်။
ဓါးတလက်ရဲ့အဓိပ္ပါယ်ကို ဘယ်လိုဖွင့်မလဲ။ အိမ်ထဲမှာ ထက်မြနေပြီး ငြိမ်းချမ်းရေးကိုရှေးရှုမလား။ ဓါးရဲ မူလတာဝန်ကိုပဲထမ်းဆောင်မလား။

ဓမ္မဂင်္ဂါ said...

ဒီနေ့မနက်ခင်းမှာပဲ ကဗျာတစ်ပုဒ်ရေးဖြစ်တယ်။ ပြီးတော့ ကဗျာတစ်ပုဒ်ဖတ်ဖြစ်တယ်။
တံခါးချပ်တွေအကြောင်း ပိုပြီးစဉ်းစားဖြစ်သွားတယ်။
ရေးမိတာက ---

သံသရာအော်လ်တာနေတစ်ဗ်

ပြတင်းပေါက်လေး
ဝယ်လိုက်တယ်

လေညှင်းနဲ့
လရောင်ကိုဖမ်းဖို့
ဖြစ်သင့်တာက
ငါ့ကိုယ်ငါထွက်ပြေးဖို့

လူလူသူသူ
ညတွေပဲ
ဝတ်စုံပြည့်မျက်ရည်နဲ့

ငါပဲ
နင့်ကိုမုန်းလိုက်ရတာ။

ဓမ္မဂင်္ဂါ
၁၅-၃-၂၀၁၀

ဖတ်မိတာက

တံခါးကိုဆွဲဖွင့်ထွက်သွားချင်လျက်က
ငါ .. တိတ်ဆိတ်စွာ ထက်မြ နေခဲ့ရတယ်။

tin min htet said...

ဘာဓားဆိုတာတော့ မမှတ်မိတော့ဘူး ..
ဓားအိမ်ထဲက ထုတ်လိုက်ရင် သွေးသောက်ရမှတဲ့ ..

လင်းဒီပ said...

တခါတလေတော့ ဓားဟာ အကုသိုလ်နည်းအောင် ဓားအိမ်ထဲ တည်ငြိမ်နေလိုက်ရတော့လည်း ဓားအင်္ဂါရုပ်ပျောက်နေရသလိုပါပဲ ။ သူ့တန်ဖိုးက ဧည့်ခန်းမှ အလှချိတ်ဆွဲထားဖို့ သက်သက်လို ဖြစ်သွားတယ် ။
ဓားဟာ ဓားလိုပဲ နေချင်ရှာလိမ့်မယ် ....။

ငြိမ်သက်တိတ်ဆိတ်နေပေးရတဲ့ ဓားများစွာအကြောင်း ဆက်တွေးမိပါတယ် ။

Mogok Thar said...

တိတ်ဆိတ်စွာ ထက်မြ နေခဲ့ရတဲ့
ဓားတွေရဲ့ ဒဏ္ဍာရီ .....

အောင်ဒင် said...

ဘာကြောင့်များ "တိတ်ဆိတ်စွာ ထက်မြ နေခဲ့ရ" ပါလိမ့်

အမရာ said...

တိတ်ဆိတ်တည်ငြိမ်စွာ
နဲ့ပဲ..ပိုလို့ထက်မြလာခဲ့.....
တံခါးကိုဆွဲဖွင့်ထွက်သွားချင်လျက်က......

Craton said...

ကြားနေကျအသံတွေက
တရားဓမ္မနဲ့အမှန်တရား..............။

တိတ်ဆိတ်စွာထက်မြနေရတာပဲ ကောင်းပါတယ်
အမိန့်လွန်ဆန်လို့မရတဲ့ဘဝမို့
ဒဏ္ဍာရီတွေကို မရေးချင်လည်း ဆက်လို့သာရေးနေရဦးမှာပါ။

အိုင်လွယ်ပန် said...

တိတ်ဆိတ်စွာ ထက်မြ နေခဲ့ရ
တံခါး ..
ဆွဲဖွင့် ထွက်သွားချင်လျှက်က :)

moe khit said...

ဘယ်လိုပဲနေနေ...ဘာတွေပဲဖြစ်ဖြစ်...
တကယ်တမ်းတော့....
ဓားဟာဓားပါပဲလေ.........။
အလည်ရောက်ပြီး စာတွေဖတ်သွားပါတယ်ခင်ဗျာ ။ ။

မယ်ကိုး said...

ချစ်မမရေ...
စေတနာ၊ အသိဥာဏ် နဲ့ တပါးသူ ထိခိုက်နာကျင်မှာ စိုးလွန်းလို့ တံခါးကိုဆွဲဖွင့်ထွက်သွားချင်လျက်က
တိတ်ဆိတ်စွာ ထက်မြ နေခဲ့တဲ့ ဓားလေးကို ကိုယ်ချင်းစာ လေးစားနေမိပါတယ်။

စိုင်းလောဝ်ပိန်း said...

တိတ်တိတ်လေးထက်မြနေတာကောင်းတယ်
တုံးသွားတဲ့ဓားသွားတွေအတွက် သနားပေးလိုက်
ဘယ်သူ့ကိုမှ မရှ - ကိုယ့်သီလနဲ့ကိုယ်

Kyaw Nyo Thway said...

လှတယ် ကဗျာက

rose of sharon said...

တိတ်ဆိတ်စွာထက်မြတဲ့ မနော့်ရဲ့ကဗျာလေးကို ဖတ်သွားတယ်... နှစ်သက်တယ်....