စိုင်းစိုင်းခမ်းလှိုင်၊စက္ကူငှက်နှင့်…………blah blah blah !!

Friday, November 27, 2009


စိုင်းစိုင်းခမ်းလှိုင်၊စက္ကူငှက်နှင့်…………blah blah blah !!

လွန်ခဲ့တဲ့ သုံးလေးရက်လောက် (အဲထက်လည်းပိုရင်ပိုလိမ့်မယ်) ကတည်းက forward mail တစ်စောင်ရပါတယ်။ blogger တစ်ယောက်လည်းဖြစ် ကျွန်မတို့ UFL မှာ English Diploma အတူတူတက်ခဲ့တဲ့သူလည်းဖြစ်တဲ့ သူငယ်ချင်း ဆီကပါ။ ဖတ်ပြီးပြီးချင်း ကျွန်မ စိတ်နည်းနည်းတိုသွားလို့ သူ့ကိုတောင်ပြောမိသေးတယ်။ ဒီလိုစာမျိုးကို ဆက်ပြီး forward မလုပ်သင့်ဘူးထင်တာပဲလို့ .. အဓိကက မောင်စိုင်းကိုသိနေတဲ့ မောင်စိုင်းသူငယ်ချင်း တစ်ယောက်လည်းဖြစ်တဲ့ သူ့အနေနဲ့ပေါ့။ စာက စိုင်းစိုင်းရဲ့ စက္ကူငှက်ဟာ နာမည်ကျော် ရှမ်းစာရေးဆရာတစ်ယောက် ရေးထားခဲ့တဲ့ ၁၉၉၅ခုနှစ်က ထုတ်ခဲ့တဲ့ ဝတ္ထုတစ်အုပ်ကို မှီး ထားတာ ဆိုတဲ့ စာပါပဲ။ စာကိုဖော်ပြလိုက်ပါတယ်။

စက္ကူငှက်ရဲ.ပိုင်ရှင်ဘယ်သူလဲ

နာမည်ကျော် အဆိုတော် သရုပ်ဆောင် စာရေးဆရာ စိုင်းစိုင်းခမ်းလှိုင်ရဲ.
လူငယ်ထုကြားထဲမှာရေပန်းစားခဲ.တဲ.စက္ကူငှက်လုံးချင်းဝတ္ထုရဲ.
မူရင်းဇာတ်လမ်းပိုင်ရှင်ဟာ စိုင်းစိုင်းမဟုတ်ပါဘူးလို. သတင်းတွေကြားနေရပါတယ်။
အဲဒီသတင်းကို
ကျွန်တော်ကရှမ်းပြည်နယ်ဘက်ကသူငယ်ချင်းတစ်ယောက်ဆီကသိခဲ.ရတာဖြစ်ပြီးအဲဒီဝတ္ထုရဲ.မူရင်းစာရေးဆရာကရှမ်းလူမျိုး
စာရေးဆရာဟိန်းစိုင်ခိုင် လို.သိရပါတယ်။ စက္ကူငှက်ဝတ္ထုရဲ. ဇာတ်လမ်းကျောရိုးက
စာရေးဆရာ
ဟိန်းစိုင်ခိုင်ရဲ.အချစ်ပျံလွှားငှက်ဆိုတဲ.၀တ္ထုရဲ.ကျောရိုးနဲ.တစ်ထပ်တည်းနီးပါးတူတယ်လို.ကျွန်တော်.သူငယ်ချင်းကပြောပါတယ်၊၊
အဲဒီအချစ်ပျံလွှားငှက်ဝတ္ထုကမြန်မာလိုရေးထားတဲ.၀တ္ထု
မဟုတ်ပါဘူး။ရှမ်းဘာသာနဲ.ရေးထားတဲ.၀တ္ထုလို.သိရပါတယ်။အဲဒီဝတ္ထုကိုစာရေးဆရာကရေးထား
ခဲ.တာနှစ်တွေကြာခဲ.ပြီဖြစ်ပြီးကျွန်တော်.သူငယ်ချင်းရဲ.ပြောပြချက်အရ 1996
ဝန်းကျင်လောက်ကဖြစ်မယ်ထင်တယ်လို.ဆိုပါတယ်။စာရေးဆရာဟိန်းစိုင်ခိုင်ကဒီအကြောင်းနဲ.ပတ်သတ်လို.ရှင်းလင်းတာတွေဘာတွေလုပ်မနေချင်တော.ပါဘူး။သူ.ကိုလဲဒီအကြောင်းတွေ
ဆက်စပ်ယှက်ယှက်ပြောပြနေမှာမဟုတ်ပါဘူး။ွဘာလို.လဲဆိုတော.စာရေးဆရာကအခုဆိုရင်သာသနာ.ဘောင်မှာရဟန်းတစ်ပါးအဖြစ်နဲ.တရားအလုပ်တွေကိုလုပ်ကိုင်နေပြီလို.ကျွန်တော်.သူငယ်ချင်းကပြောပါတယ်။

သူ.ရဲ.၀တ္ထုတွေကိုရှမ်းလူငယ်တော်တော်များများကကြိုက်နှစ်သက်ကြပြီးသူတို.အနေနဲ.ဒီလိုမျိုးပုံတူကူးချတာကိုမခံချင်လို.တနည်းနည်းနဲ.ဖော်ထုတ်ပေးစေချင်လို.ကျွန်တော်.ကိုအကူအညီတောင်းတာလို.ဆိုပါတယ်။သူရဲ.၀တ္ထုကရေးခဲ.တာအချိန်တော်တော်ကြာခဲ.ပြီဖြစ်ပါတယ်။
ရှမ်းစာဖတ်ကြတဲ.ရှမ်းလူငယ်အသိုင်းအ၀န်းမှာတော.သူကနာမည်ရစာရေးဆရာတစ်ဦးလို.သိရပါတယ်။

နာမည်ကျော်ဟစ်ဟော.အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ရဲ.စက္ကူငှက်ဝတ္ထုကလူငယ်ပရိသတ်ကြားထဲမှာအလွန်ရေပန်းစားခဲ.တဲ.၀တ္ထုတစ်ပုဒ်ဖြစ်ပြီးရုပ်ရှင်ရိုက်တဲ.နေရာမှာလည်းလူငယ်တွေကြိုက်နှစ်သက်ခဲ.တဲ.ပေါက်ကားတစ်ကားဖြစ်ခဲ.ပါတယ်။
သူရဲ.စက္ကူငှက်ဟာသူကိုယ်တိုင်ဖန်တီးခဲ.သလား။ဒါမှမဟုတ်
ပုံတူကူးချခဲ.သလားဆိုတာကတော.သူမှသိမှာပါပရိသတ်ကြီးရေ။


တခြားလူအတွက်တော့ မသိပါဘူး။ ဒီစာကို စရေးကတည်းက ဘေးကနေထိုင်ဖတ်၊ ကူညီဝေဖန်ပေးခဲ့တဲ့ ကျွန်မကတော့ ရယ်ချင်ပါတယ်။ ကျွန်မမျက်စိရှေ့မှာ နာရီများစွာ တစ်ခန်းပြီးတစ်ခန်း ဖျက်လိုက် ပြင်လိုက် ၊ ဖြုတ်လုပ်တပ်လိုက် ရွှေ့လိုက် ၊ နာမည်ကျော် စစ်တုရင်သမား အကွက်ရွှေ့သလို ရွှေ့နေခဲ့တဲ့ မောင်စိုင်းကို ကျွန်မ ပြန်မြင်ယောင်မိလို့ပါ။ တကယ်ဆို ဒီလို ပို့စ်မျိုးရေးတာ ကျွန်မ အလုပ်မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်။ ဒါပေမယ့် ခုဟာက ကျွန်မနဲ့ စလယ်ဆုံးတူတူလောက် ဖန်တီးခဲ့တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့အတွက် ကျွန်မမှာ ပြောရမယ့် တာဝန်ရှိလာသလို ခံစားရပါတယ်။ တခြားရှည်ရှည်ဝေးဝေး တွေ မပြောချင်ပါဘူး။ စက္ကူငှက်ရဲ့ အစအလယ်အဆုံးကိုပဲ ပြောကြရအောင်။
၂၀၀၆ နွေနံနက်ခင်းတစ်ခုမှာပါ။ ကျွန်မ ကိုကို့ကို summer school သွားပို့နေတုန်း မနက်စောစော ဖုန်းဝင်လာပါတယ်။ မနက် ရှစ်နာရီအရောက် ပို့ရတဲ့ကျောင်းကို ကျွန်မတို့ ၇နာရီခွဲကျော်တည်းက အိမ်ကထွက်ရပါတယ်။ အဲဒီလိုအချိန်မှာဝင်လာတဲ့ဖုန်းက ထူးထူး ဆန်းဆန်း မောင်စိုင်းဖုန်းဖြစ်နေလို့ ကျွန်မ တအံ့တသြနဲ့ မေးရပါတယ်။ စောစောစီးစီး ဘယ်လိုဖြစ်ရတာတုန်း ။ညတည်းက မအိပ်သေးတာလား မနက်စောစောနိုးတာလား ဆိုတော့ ထုံးစံအတိုင်း ညကတည်းက မအိပ်သေးတာပါ ..။ ကျွန်မကို ဘယ်ရောက်နေလဲ မေးပြီး ကိုကို့ကို ပို့ပြီးတာနဲ့ သူတို့ရှိတဲ့နေရာကိုလာဖို့ လှမ်းခေါ်ပါတယ်။ breakfast ကျွေး မလို့ဆိုပဲ။ (ထူးထွေတည့်အံ့ရာသော်ပါပဲ) ဒါပေမယ့် ကိစ္စမရှိပဲနဲ့အချိန်ကုန်ခံတတ်တဲ့ထဲ စိုင်းစိုင်းမပါဘူးဆိုတာ ကျွန်မသိပါတယ်။ အဲဒါနဲ့ လာခဲ့မယ်ပဲပြောပြီး ကျောင်းပို့ပြီးတာနဲ့ သူတို့ရှိတဲ့အင်းလျားက ရှမ်းအိုးစည် ဆိုင်ကိုရောက်ခဲ့ပါတယ်။
ဟိုကျတော့ သူနဲ့ဂျွန်နဲ့ နှစ်ယောက်၊ ဘုရားတောင် တက်ခဲ့ပြီးပြီ တဲ့။ တစ်ညလုံးမအိပ်ထား ပေမယ့် သူတို့ပုံက လန်းဆန်းလို့။ လူငယ်တွေကိုး ။ ကဲ ကိစ္စကိုပြော ဆိုတော့ တော်တော် လေးကို ခေါက်ချိုးထားလို့ ဖြန့်ချလို့တောင်မရတဲ့ ဗလာစာအုပ်တစ်အုပ်ကို ကျွန်မကို ကမ်းပေးပါတယ်။ ဘာလဲ လို့မေးတော့ ဂျွန်က အမေ စားပြီးမှ ဖတ်ပါ တဲ့ ။ ကျွန်တော့်လည်း သူ ကော်ဖီတိုက်ပြီးမှ ဖတ်ခိုင်းရတာ လို့ဆိုတဲ့အတွက် စာမူဆိုတာ သဘောပေါက်လိုက်ပါတယ်။ သူက ကျွန်မတို့ မဂ္ဂဇင်းမှာရော၊ သရဖူနဲ့ မြင်ကွင်းမှာပါ ကဗျာတွေ ဝတ္ထုတိုတွေ ရေးနေကျဆိုတော့ ကျွန်မကို ဝတ္ထုတိုတစ်ပုဒ်ပေးတယ်လို့ပဲ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမယ့် ယူကြည့်လိုက်တော့ တစ်ရွက်နှစ်ရွက် လှန်လိုက်တာနဲ့ ဒါ အတိုတစ်ပုဒ်ရဲ့ အသွားအလာ မဟုတ်ဘူးဆိုတာ ကျွန်မ သိလိုက်ရတယ်။ လုံးချင်းလား လို့ ကျွန်မ တအံ့တသြမေးတော့ ဟုတ်တယ် လို့ဖြေပါတယ်။ မနက်စာမစားဖြစ်ပဲ ထိုင်ဖတ် လိုက်တာ သုံးလေးခန်းပဲပြီးသေးတာမို့ မကြာခင်မှာပဲ ပြီးသွားပါတယ်။ သူ့ကို ကဗျာတွေ အတိုတွေရေးတာ ဖတ်ဖူးပေမယ့် လုံးချင်းရေးလိမ့်မယ်လို့ ထင်မထားခဲ့ဖူးဘူး။ ရေးလိုက်တဲ့ အခါကျတော့လည်း continuity ရှိရှိရေးနိုင်တာကို တွေ့ရတယ်။
စာရေးတာ အမျိုးမျိုးရှိပါတယ်။ ကဗျာသမားက စကားပြေမရေးနိုင်တဲ့သူတွေရှိသလို စကားပြေသမားကလည်း ကဗျာမရေးတတ်တာရှိပါတယ်။ နှစ်ခုလုံးရေးနိုင်တဲ့သူကတော့ တစ်မျိုးပေါ့။ စကားပြေ ဝတ္ထုတိုလည်းရေးနိုင် ကဗျာလည်းရေးနိုင်ပေမယ့် လုံးချင်းရေးနိုင်ဖို့ ကျပြန်တော့လည်း ခက်ပြန်ပါရော။ ဒါပေမယ့် မောင်စိုင်းကျတော့ အတိုကို အတိုလို ထိမိအောင်ရေးနိုင်သလို ၊ကဗျာကို လှလှပပဖွဲ့နိုင်သလို လုံးချင်းကိုလည်း သပ်သပ်ရပ်ရပ် ရေးနိုင်တာကို သတိထားမိလိုက်တယ်။
သူက ကျွန်မကို ဝေဖန်ပါဆိုတဲ့အချိန်မှာ ကျွန်မ အနေအထားတချို့ကို ဘယ်လိုလေးလုပ်ရင် ကောင်းမယ်ဆိုတဲ့အကြံကလွဲရင် ကျန်တာ ဘာမှမပြောခဲ့ပါဘူး။ ပြောစရာမလိုလည်းမလိုလို့ပါ။ သူ့ရိုးသားမှုနဲ့ သူ စာမူလေးက အဆင်ပြေနေပါတယ်။ အဲဒီမှာ ကျွန်မတို့ UFL အတူ တက်ခဲ့တဲ့ကာလနေ့ရက်တွေဆီက အဖြစ်အပျက်လေး တချို့လည်းပါပါတယ်။ ဆရာ ဆရာမတွေ လည်းပါပါတယ်။ ကျွန်မတို့ချင်းမှ သိနိုင်မယ့် အဖြစ်အပျက်လေးတွေကို ဇာတ်ဝင်ခန်းတစ်ခုသဖွယ်ရေးထားတာမျိုးပါ။ ဒါကို ရှမ်းစာရေး ဆရာကြီးဆီက ကူးချပါတယ်ဆိုတော့ တော်တော်လေး ကို စဉ်းစားစရာဖြစ်နေပါပြီ။
နောက်ပိုင်း café aroma မှာ၊စိမ်းလန်းစိုပြေမှာ ကျွန်မတို့ဆုံဖြစ်ကြရင် ဆက်ဆက်ရေးထား တဲ့ အခန်းတွေကို ဆက်ဖတ်ရပါတယ်။ သူ့လက်ရေးမူကိုဖတ်ရတာ ကျွန်မ တစ်ခုပဲ စိတ်ညစ်ပါတယ်။ မလိုချင်တဲ့ အပိုဒ်လိုက်ကို ခြစ်ချ လိုသလိုပြန်ထည့်ဖို့ စာမျက်နှာဘယ် လောက်သို့ .. ဆိုတာတွေ။ ဒီအခန်းက ဘယ်အခန်းနောက်ကို ဝင်မှာ ဆိုတာတွေစတဲ့ မြားတွေညွှန်ရာကို လိုက်ဖတ်ရလို့ပါပဲ။ အဖွင့်ခန်းဆိုရင် နောက်ဆုံးမှ ရေးတာပါ။ အဲဒီလို ကိုယ့်စာမူတစ်ပုဒ်ကို စလယ်ဆုံး ဂစ်တာကြိုးညှိသလို ညှိရေးခဲ့တာ မျက်မြင်ဖြစ်တာရော ပြောခဲ့သလို တချို့ ဇာတ်ကွက်တွေက ကျွန်မတို့ UFL အတူတက်ခဲ့စဉ်က အဖြစ်တချို့ ဖြစ်နေတာရော ကြောင့် သူများဝတ္ထုကို ကူးယူထားတာဆိုတဲ့အမနာပ စကားကို ကျွန်မ ဘယ်လိုမှ ခံစားလို့မရပါဘူး။
ကြုံခဲ့တာလေးတစ်ခုကိုလည်း သွားသတိရပါတယ်။ ကိုတာရာမင်းဝေ အရှေ့မြို့ရိုးက မိုးရေစက်များ ထွက်လာတုန်းကလို.. ဘာသာပြန်ကြီးပါ အဲဒီမူရင်း ငါဖတ်ဖူးတယ်။ ငါက ဘယ်လောက် နိုင်ငံတကာစာဖတ်တာနှံ့စပ်တာ ဆိုတဲ့သူတွေ၊ မှီးထားတာပါ ဘာစာအုပ်ကို မှီးတယ်ဆိုတာ ပြောလို့ရပါတယ်ဆိုတဲ့သူတွေ အများကြီးကြုံဖူးပါတယ်။ အဲဒီတုန်းက ကျွန်မက သူနှုတ်က ခေါ်တာကို လိုက်ရေးပေးခဲ့တဲ့သူ။ လိုအပ်တဲ့ ဒေတာတွေကို အတူရှာခဲ့တဲ့သူ။ အဲဒီလူကိုတောင် သူမှီးထားပြီးမှ နင့်ကိုခေါ်ပေးတာဆိုရင် လည်းရတာပဲ လို့ ပြောခံခဲ့ရဖူးတာလည်း မမေ့ပါဘူး။
ကိုတာရာမင်းဝေက ပြတ်ပါတယ်။ စာမျက်နှာပေါ်တက်လာခဲ့ပါ။ မှီးထားတယ်ဆိုတဲ့ စာအုပ်ကို သေချာချပြလိုက်ပါ ။တကယ်သာဆိုရင် လက်ဖြတ်ကြေးလောင်းတယ် စည်းစိမ်ပါ ပုံပေးလိုက်ဦးမယ် တစ်သက်လည်းစာရေးမစားတော့ဘူးလို့ ကြေညာလိုက်မှ ငြိမ်သွားကြပါတယ်။ ဒီနေ့ထိလည်း အသံဆက်မထွက်ရဲတော့ပါဘူ။
ဒါတွေကိုတွေ့လာတဲ့အခါမှာ ဆရာဝင်းစည်သူ မဆုံးခင်က ပြောနေကျ စကားတစ်ခုကို သွားသတိရပါတယ်။ မြန်မာလူမျိုးတွေက မစ္ဆိယ စိတ် သိပ်များတယ်ဆိုတဲ့စကားပါ။ လူမျိုးနဲ့တော့ ကျွန်မက ချီမပြောချင်ပါဘူး။ ဒါပေမယ့် ဒါက အမှန်ပါပဲ။ တော်တော်များများ က အဲဒိလိုကိုဖြစ်နေပါတယ်။ ကိုတာရာမင်းဝေ ကျွန်မကို ပြောသွားတဲ့စကားတစ်ခွန်း ရှိပါတယ်။ နင့်ဘာသာနင် သေအောင်လုပ် ဘယ်လောက်ကောင်းနေနေ ဘယ်သူမှတစ်ခွန်း လာမချီးကျူးဘူး ။ အဲ .. နည်းနည်းလျော့တာနဲ့ ဆဲဖို့ထိုင်စောင့်နေတဲ့ သူတွေကတော့ တပုံကြီးပဲ တဲ့။ အဲဒါ သိပ်မှန်ပါတယ်။ သူ့ဘဝမှာလည်း ဒီလိုပဲ တွေ့ခဲ့ရတာ အများကြီးကိုး။
စက္ကူငှက် ကို ချိုမီက ကွန်ပြူတာစာစီပြီး ကျွန်မဆီပို့ပါတယ်။ word file နဲ့ပါ။ အဲဒါကို ကျွန်မက ရုံးမှာ page maker ပြန်စီပြီး စီစစ်ရေးမတင်ခင် ကျွန်မ တစ်ခေါက်ထပ်ဖတ် ပါတယ်။ အဆင်ပြေပြီ ဆိုမှ ရုံးတင်လိုက်တာပါ။ နောက်ပိုင်း စာအုပ်ဖြစ်အောင် ဖန်တီးမှုတွေကတော့ ထားလိုက်ပါတော့။ ကျွန်မသိချင်တာက အဲဒီရှမ်းစာရေးဆရာကြိးရဲ့ စာအုပ်ထဲမှာလည်း ဒီခေတ်ကာလလိုပဲ စက္ကူငှက်ကလေးတွေ အကောင်ရေ တစ်ထောင် ခေါက်ပြီး ပေးတဲ့ အလေ့အထကို ထည့်ရေးထားသလားဆိုတာပါပဲ။ ဒါကို ဖယ်လိုက်လို့က နောက် UFL က အမှတ်တရနေ့ရက်တွေကို အခြေခံထားတာကို ဖယ်လိုက်လို့က ဒီဇာတ်ဟာ ဘာမှသိပ်ထူးဆန်းတဲ့ ဇာတ်ကွက်တစ်ကွက်မဟုတ်ပါဘူး။ ကောင်မလေး နှစ်ယောက် ကောင်လေးတစ်ယောက်ကိုကြိုက်တယ် ။ ဒါပါပဲ။ စက္ကူငှက်ကလေးတွေ ကြယ်စေ့လေးတွေ အရုပ်ကလေးတွေ ဆိုတာကလည်း မောင်စိုင်း ကျောင်းမှာ နေ့စဉ်နဲ့ အမျှ လက်ခံရရှိနေတတ်တဲ့ ပစ္စည်းလေးတွေပါပဲ။ သူမို့ ကျောင်းရောက်လာပြီဆို ကြယ်ပုလင်းလေးတွေ ၊စက္ကူငှက်ပုလင်းလေးတွေ အရုပ်ကလေးတွေ တစ်ခုမဟုတ် တစ်ခုတော့ ရောက်လာတတ်တာကိုး ။ ဒီလိုပဲ ဟိုခေတ် အခါကလည်း အဲဒီဆရာကြီး ရခဲ့ဖူးသလား သိချင်လာရပြန်ပါရော ..
လူတစ်ယောက်ကို နာမည်ဖျက်ဖို့ ဆိုတာက လွယ်ပါတယ်။ အဲဒီလူ နာမည်တကယ်ပျက် သွားဖို့ကတော့ လွယ်မယ်လို့ မထင်လိုက်ပါနဲ့။ အောင်မြင်လာတဲ့လူတစ်ယောက်စီတိုင်းမှာ ဘယ်လိုပဲ ဘယ်သူတွေ ဘယ်လောက်မုန်းမုန်း၊ ဘယ်လောက် မနာလိုလို သူ့မှာ ကိုယ်ပိုင် အရည်အချင်းတစ်ခုတော့မရှိပဲ သူဟာနေရာတစ်နေရာ မရလာပါဘူး။ အဲဒီအရည်အချင်းက သူ့ကို နာမည်မဖျက်နိုင်တဲ့ အဓိက အချက်ပါပဲ။ သိက္ခာချချင်လို့ အမနာပ လျှောက်ပြောရတာ forward mail တွေပို့ရတာ၊ post တင်ရတာ လွယ်ပါတယ်။ အဲဒီအတွက် တစ်ကိုယ်ရည် ပျော်ရွှင်နေတယ်ဆိုရင်လည်း ပျော်ရွှင်လိုက်ကြပါ။ တကယ် တော့ သူတို့ မျှော်လင့်ထားသလို ဖြစ်မသွားနိုင်ဘူးဆိုတာ သိဖို့တော့လိုလိမ့်မယ် ထင်ပါတယ်။ သူများတကာတွေ နေ့ရက်တွေကို လိပ်ပြာသန့်သန့် နဲ့ ဖြတ်သန်းနေတာကို လိပ်ပြာမသန့်စွာ ရှင်သန်သွားရမယ့်လမ်းကို ရွေးချယ်ပြီး ဒီလိုလုပ်တာကတော့ သူတို့ ရွေးချယ်မှုနဲ့ သူတို့ပါပဲ။


32 Comments:

sweetpeony said...

ဟမ်...
ခက်ပါ့
ဘာပြောရမှန်းတောင် မသိဘူး
တော်သေးတယ် ဒီမေးလ်တော့ ရောက်မလာသေးဘူး
ကိုယ့်ထမင်းကိုယ်စားပြီး...
သေချာရင် အထောက်အထားနဲ့ပြလို့...

shwe said...

forward mail တွေနဲ့ပတ်သက်ပြီး နည်းနည်း စည်းကမ်းရှိကြ ဖို့လိုပြီထင်တယ်။ နည်းပညာ ကြောင့် တစ်ယောက်နဲ့တစ်ယောက် share ဖို့လွယ်ကူလာပေမဲ့ တဖက်သား သိက္ခာနဲ့ နာမည် ကိုထိခိုက်စေတယ်ဆို တာ mail တစ်ခုကို Forward မလုပ်ခင် မှာ စဉ်းစား ကြစေချင် တယ်:|

မိုးငွေ့ said...

ဆရာဝင်းစည်သူပြောခဲ့တဲ့စကားသိပ်မှန်ပါတယ်

Wai Lwin Zaw said...

I don't believe the forward mails. Most of these are trying to attack the people that they don't like.

လင်းဒီပ said...

FWD Mail တွေကလည်း တခါတလေ အမှားတွေ ရောက်ရောက်လာတတ်လို့ စဉ်းစားပြီးမှ FWD လုပ်ကြစေချင်ပါတယ်...

ဖန်တီးရတာ ခက်ပါတယ်..
အပြစ်ရှာရတာ လွယ်တယ်...။

မယ်ကိုး said...

မမပြောတာတွေကော ဆရာတာရာမင်းဝေပြောတာတွေကော သေသေချာချာမှတ်သွားပါတယ်။
ဆရာ့ရဲ့ အရှေ့မြိုးရိုးက မိုးရေစက်များကို မယ်တော်တော်ကြိုက်ပါတယ်။အဲဒီ စာအုပ်တွေကို မှတ်မှတ်ရရ စာကြည့်တိုက်တွေကို လှူဖူးပါတယ်။
အဲဒီလို စာအုပ်ကို အမနာပ ပြောရက်တဲ့သူတွေကို အံ့သြမိပါတယ်။

စိုင်းစိုင်းကိုလည်း ကိုယ်ချင်းစာသနားမိပါတယ်။ ရက်စက်ကြတဲ့သူတွေပါပဲ။မယ်လည်း အဲလို forward mail တွေ အယုံအကြည်မရှိတတ်ပါဘူး။

ဂျပန်ကောင်လေး said...

မှန်တာပေါ့ဗျာ.. အောင်မြင်တဲ့သူတစ်ယောက်မှာ ဘာအရည်အချင်းမရှိပဲနဲ့တော့ အလကားအောင်မြင်လာမှာ မဟုတ်ဘူးလေ... ကျွန်တော်ပြောသလိုပဲ ဂဏန်းမျိုးတွေပါဆို..အောင်မြင်မယ့်သူကို ဆွဲချကြဖို့ အားလုံးအဆင်သင့်ဖြစ်နေတာ.မြန်မာလူမျိုးရယ်ပါ...

Younggun said...

စိတ်ဝင်စားလို့ လာဖတ်ပါတယ်။ အရှေ့မြို့ရိုးမှာတော့ မိုးတွေရွာနေတုန်းပဲ..။

rose of sharon said...

မှန်တဲ့ဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်ပေးတဲ့ မနော့်စိတ်ဓာတ်ကို ချီးကျူးပါတယ်

WWKM said...

မီးဆို Forward mail တွေ တော်ရုံဖောက်မဖတ်ဖူး။
ဖောက်ဖတ်ဖြစ်တော့လည်း ပြဿနာဖြစ်တော့မလို့..ဟိ

အင်း လူတွေက ကိုယ့်ထမင်းကိုယ်စားပြီး အကုသိုလ်
ယူနေကြတယ်နော်.

စိုင်းစိုင်း သနားပါတယ်.း)

အိန္ဒြာ said...

မမရေ...

တကယ့်နှလုံးသားနဲ့ အနက်ရှိုင်းဆုံး ခံစားထားရတဲ့ သူတွေကြတော့ ပါးပိတ်ရိုက်တာထက်နာတယ်ဆိုတဲ့စကားက
နည်းနည်းပေါ့နေသလိုပါပဲ...။

စာလုံးလေးတစ်လုံးတိုင်းအတွက်...
မျက်တောင်အဖွင့်အပိတ်လေး တစ်ချက်အတွက်
အစက်ကလေးတစ်စက်အတွက်တောင်..
တစ်ခါတစ်လေ..တော်တော်တွေးထားရတာပါဆိုရင် ပိုနေမလားပဲ...

အနုပညာစစ်စစ်တွေ နဲ့ အနုပညာသမားစစ်စစ်တွေ
သောကကင်းနိုင်ကြပါစေ..။

ဗီလိန် said...

ဒါမျိုးနဲ့ ပတ်သတ်လို့ ကျနော် ပို့စ်တစ်ပုဒ်ရေးဖူးပါတယ်။ ဒီမှာ ဖတ်ကြည့်ပေးပါလား

မိုးခါး said...

ဒီလိုစာတွေ စဖန်တီးတဲ့သူတွေရဲ့ စိတ်အခြေခံကို သိချင်မိတယ် ..
ဘာပဲဖြစ်ဖြစ် မကြီးပြောတဲ့ ကိုတာရာပြောတဲ့ စကားတွေကို မှတ်သားသွားပါတယ် ..
နောက်ကျောလုံလုံနဲ့ လိပ်ပြာသန့်သန့် နေသွားနိုင်ဖို့သာ အရေးကြီးဆုံးပါ ..း))
ချစ်မကြီး စိတ်ချမ်းသာ ပျော်ရွှင်ပါစေ ..

ချစ်ခင်လေးစားလျှက်
း)

tg.nwai said...

အင်း..အပေါ်ရောက်နေလို့ လေဒဏ် ပိုခံရတာပေါ့ မနော်ရယ်။ မနော်က အကြောင်းသိဆိုတော့ ဖွင့်ပြောပြတာ ကျေးဇူးပါ။ မိတ်ဆွေစစ်ဆိုတဲ့ စကားလုံးလေးကို သွားအမှတ်ရတယ် မနော်..။

Craton said...

စိုင်းစိုင်းကို ကြိုက်ပါတယ်.. အရည်အချင်းလည်းရှိပါတယ်..
တီနော်ပြောတာတွေလည်း နည်းလမ်းကျပါတယ်
တခြားထပ်ပြောစရာမရှိပါ

ဖိုးစိန် said...

အင်းး...


ဂလိုပါပဲလေ..

ဒါကြောင့် နာမည်မကြီးချင်တာပေါ့...

တစ်ခုတော့စဉ်းစားမိပြန်တယ်.. ကိုယ်နာမည်ကြီးနေတော့ စိုင်းစိုင်းခံသာမလာလို့ ... ကိုယ့်ကို ဝိုင်းပြုံပြီး မျက်စိကျနေတော့ စိုင်းစိုင်းကို အာရုံမရကျတော့ဘူးပေါ... အင်း... စိုင်းစိုင်းအတွက် စဉ်းစားပေးလိုက်ဦးမယ်..

သတင်းရရှိချက်အရ... ရှမ်းစာရေးဆရာ ရေးတဲ့စာအုပ်က နာမည်ကြီးတယ် ရှမ်းလူငယ်တွေ ကြိုက်ကြတယ် ဆိုလို့.. ခင်တဲ့ ရှမ်းတွေကိုမေး ကြည့်တော့ ... ဟုတ်လားတဲ့.. အီးဘွတ်ရှိရင်ပေးပါ ဖတ်ချင်တယ်တဲ့ ... မေးတဲ့ ကျနော် တောင်စိတ်ညစ်သွားတယ်..


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

ဖိုးစိန် said...

ခရာတွန်က စိုင်းစိုင်းကြိုက်တာကို ဘလော့ပေါ်မှာ ဟစ်ဟော့လိုလို ဆိုသွားသေးတယ်...

ဖိုးစိန်ကို ပိုကြိုက်တာ.. အရည်အချင်းပိုရှိတာ ကိုကျတော့ ပြောသွားဘူး... ဟိဟိ

ဗီလိန် said...

ဟုတ်ကဲ့ခင်ဗျ။ ကျေးဇူးတင်ပါတယ်။ အားလုံးလည်း ဖတ်ဖြစ်သွားအောင် လင့်ခ် ထားခဲ့ပေးတာပါ။

လေးစားလျက်
ဗီလိန်

ဗညားရှိန် said...

forward mail တွေကိုတော့ စိတ်ကုန်ပါတယ် တစ်ချို့ဆို ဘလော့ဂါ စာရေးဆရာတွေဆီက ပို့စ်တွေကို ရေးသူနာမည် မတပ်ပဲ forward လုပ်နေတာတွေ တော်တော်ဆိုးပါတယ်ဗျာ . . . . အဓိက က ကိုယ်တိုင်စာမရေးပဲ ချက်တင်ပဲ ထိုင်နေတတ်တဲ့ လူငယ်လေးတွေ ( အထက်တန်းကစပြီး ယူနီ မတက်ခင်ကာလကြား လူငယ်တွေ ) အများစုပို့တာတွေ့ရတယ် . . . .

အဲဒီမှာ ကိုနေဘုန်းလတ်ရေးခဲ့တဲ့ blogger နဲ့ chatter ဆိုတာ သွားသတိရတယ်ဗျာ . . . .

ဒီလိုပါပဲ အပင်မြင့်လေ လေတိုက်ခံရလေပဲ

မနော်ပြောသလိုပဲ လူတစ်ယောက်ကို နာမည်ဖျက်ဖို့ ဆိုတာက လွယ်ပါတယ်။ အဲဒီလူ နာမည်တကယ်ပျက် သွားဖို့ကတော့ လွယ်မယ်လို့ မထင်လိုက်ပါနဲ့။

ဒါအမှန်ပဲ . . . .

Julian said...

မရောက်တာကြာလို့ဝင်လည်တယ်သူငယ်ချင်းရေ

စိတ်ဝင်စားစရာကောင်းတယ်- ပြန်လည်ခင်းကျင်းရှင်းပြပုံလေး
ရှက်တတ်သူသာဆို နောက် ၃လလောက်အိမ်ထဲကမထွက်နိုင်ဘူး (တစ်သက်လုံးတော့နေမယ်မထင်ဘူး အများဆုံးကိုမှန်းကြည့်တာ မျက်နှာပြောင်သူတွေကတော့ ၁စက္ကန့်တောင်မျက်နှာပျက်မယ်မထင်)
ငါသာဆိုအဲလိုပြန်မပြောတတ် အေးလေ ဘယ်တူမဒုန်း စာရေးသူနဲ့ စာဖတ်သူး)

အမှန်တရားဆိုတာမျိုးက ကားလိပ်ချခါနီးဆဲဆဲမှပေါ်လာတတ်တာမျိုး
တစ်ခါတစ်ရံမှာတော့ နောက်တစ်ပွဲကူးမှအခန်းဆက်လိုနားလည်လိုက်ကြတာမျိုး

ဂျူ

်FWD မေးလ်ပို့ပေးသူကိုကျေးဇူးတင်ရမယ် ပြန်ရှင်းခွင့်ရလို့.. တစ်ခါတစ်ရံ ကိုယ်အိပ်နေတုန်းစစ်ကြေငြာခံလိုက်ရသလိုဘုမသိဘမသိရှုံးတတ်တယ်တဲ့ ဟဲဟဲ......ပြန်တိုက်ခွင့်ကလေးတောင်မရလိုက်ဘူးလေ

saisai said...

မနော် ကိုရော နားလည်ပေးတဲ့သူတွေအားလုံးကိုရော ကျေးဇူးပါပဲဗျာ .

လေးစားလျက်
စိုင်းစိုင်း

မီယာ said...

မီယာတို့ အမေလည်း ခဏခဏ ပြောဖူးတယ်။ တော်နေ ကောင်းနေရင် ချီးမွမ်းသံ ကြားရဖို့ ခက်သလောက် တခုခု ဆိုးတာ လုပ်မိတာနဲ့ တရွာလုံး သိနေတတ်တာလေ... မုဒိတာ ပွားများနိုင်ဖို့ ခက်နေကြတာ

MogokTarr said...

လူတစ်ယောက်က တစ်ယောက်ကို နာမည်ပျက်သွားအောင် လုပ်ဖို့ လွယ်ချင် လွယ်နေပါလိမ့်မယ်။
မတိကျ မခိုင်လုံတဲံ့၊ မမှန်ကန်တဲ့ သတင်း စကားတွေကို စတင်ဖန်တီး ဖြန့်လွှင့်တဲ့ လူတစ်ယောက်မှာ လူချင်း စာနာထောက်ထားမှု ဆိုတဲ့ စိတ်အခြေခံ ပါလာမှာ မဟုတ်တာတော့ အသေအချာ။
ယုံကြည်လွယ်တတ်သူတွေကြားမှာ သူတို့ ရည်ရွယ် ဖျစ်စီးသူရဲ့ဘ၀ဟာ တစ်သက်စာ အထင်မှားစရာတွေ ဖြစ်သွားတတ်ကြတယ်။ အဲဒါ သူတို့ လိုချင်တဲ့ အကျိုးအမြတ်ပဲ ဖြစ်မှာပါ။

ဒါပေမဲ့ ဒီလို သတင်းတွေ ဖန်တီးသူရဲ့ မူလ စိတ်အခြေခံ စကတည်းက ရည်ရွယ်သူအပေါ် မနာလို မုန်းတီးစိတ်တွေနဲ့ စပြီး ပူလောင်နေခဲ့ရပြီ။ သူတို့ရဲ့ စိတ်စေတနာအတွက် ပြန်ခံစားရမဲ့ ၀တ်ကြွေး(စာလုံးပေါင်း သီးခံပါခင်ဗျာ)ဆိုတာကိုတောင် မေ့လျော့သွားအောင် အမိုက်မှောင် ဖုံးလွှမ်းနေကြမဲ့ သူတို့ကို တစ်ဘက်က လှည့်တွေးကြည့်ရင်လဲ သနားစရာကောင်းနေပါတယ်။
သူတိုံရည်ရွယ်ချက် အောင်မြင်မှုဟာ သူတို့ရြ့ အကုသိုလ် မီးကို ပို တောက်လောင်စေပြီး၊ မအောင်မြင်ခဲံရင်တော့ သူတို့ သိက္ခာနဲ့ အရှက်တရားတွေ ကျဆင်းတတ်ကြရပါတယ်။

MogokTarr said...

မကြီး ပြောသလိုပေါ့။

လူတစ်ယောက်ကို နာမည်ဖျက်ဖို့ ဆိုတာက လွယ်ပါတယ်။ အဲဒီလူ နာမည်တကယ်ပျက် သွားဖို့ကတော့ လွယ်မယ်လို့ မထင်လိုက်ပါနဲ့။ အောင်မြင်လာတဲ့လူတစ်ယောက်စီတိုင်းမှာ ဘယ်လိုပဲ ဘယ်သူတွေ ဘယ်လောက်မုန်းမုန်း၊ ဘယ်လောက် မနာလိုလို သူ့မှာ ကိုယ်ပိုင် အရည်အချင်းတစ်ခုတော့မရှိပဲ သူဟာနေရာတစ်နေရာ မရလာပါဘူး။
သူများတကာတွေ နေ့ရက်တွေကို လိပ်ပြာသန့်သန့် နဲ့ ဖြတ်သန်းနေတာကို လိပ်ပြာမသန့်စွာ ရှင်သန်သွားရမယ့်လမ်းကို ရွေးချယ်ပြီး ဒီလိုလုပ်တာကတော့ သူတို့ ရွေးချယ်မှုနဲ့ သူတို့ပါပဲ။

လူအချင်းချင်း ရိုင်းပင်းကူညီ ဖေးမရင်း မေတ္တာခင်းတဲ့လမ်းကို ရွေးချယ် လျှောက်လှမ်းနိုင်ကြပါစေ။
(မန့်တာက ကလစ်လိုက်တာ ဘယ်ပျောက်သွားမှန်းမသိလို့ အကြိမ်ကြိမ်အခါခါ ထပ်မန့် ရခြင်းပါ)

ခင်မင်လေးစား ချစ်ခြင်းအားဖြင့်
မိုးကုတ်သား

(အကိုရင်နော် နဲ့ မလေး ဆီက ပေး၊ ပေး မပေးပေး ဒီစကား အမွေတောင်းထားတယ်။ :-P )

နွေးနွေးသဲမွန် said...

အပင်မြင့်လို့ လေတိုက်တာ ပဲလို့ ယူဆပါတယ်...
စိုင်းစိုင်းကို ခရေစီ မဟုတ်ပေမယ့် သူရေးတဲ့သီချင်းစာသားတွေကိုနှစ်သက်တယ်.. အနူပညာ Talent အပြည့်ရှိတဲ့လူတယောက်လို့ မြင်တယ်...သူကိုတိုက်ခိုက်ချင်နေတဲ့သူတွေ လဲ အများကြီးတွေ့ ရပါတယ်..း-)

နေ့အိပ်မက် said...

ဒီဖော်ဝပ်မေးလ် နေ့အိပ်မက်ရတုန်းကဆို တော်တော့်ကို ဒေါသထွက်သွားတာ။ စိုင်းစိုင်းကို ငယ်ငယ်ကတည်းက ခုထိရူးနေတဲ့သူဆိုတော့ ပိုဆိုးတယ်။
ဒီစာရေးပေးတဲ့ မမနော်ဟရီကို ကျေးဇူးအများကြီးကို တင်ပါတယ်။

အမရာ said...

စိတ်လေစရာပဲနော်..
ဒါကြောင့်..forward mail ဆို တန်းပြီးဖျက်
တာအကျင့်ဖြစ်နေပြီ......
ချစ်မဆီကလွဲလို့.....

ဇော် said...

အဲ့ဒီလို ဖြစ်ရပ်ပေါင်း ဘယ်လောက်ရှိနေပြီလဲ ..
အဲ့လို ခံနေရတဲ့သူပေါင်း ဘယ်လောက်ရှိနေပြီလဲ .. လို့ ကျနော် တွေးလိုက်မိတယ် ..
တစ်ခါတလေ မြန်မာဖြစ်ရတာ ဂုဏ်ယူရမှာလား ဒါမှမဟုတ် သိမ်ငယ်ရမှာလားဆိုတာတောင် ကိုယ့်ကိုယ်ကိုယ် မသိနိုင်တော့လောက်အောင်ပါပဲ ..
ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေ သွားသတိရလိုက်မိတယ် .. =)

Law Shay said...

လူ့ဦးဏှောက်ရဲ့ အလုပ်လုပ်ပုံအရ ဒါဟာ ဖြစ်နိုင်ပါတယ်။

ရှမ်းလူငယ်တွေအကြားမှာ ရေပန်းစားခဲ့တဲ့ ခုနှစ်က သူ့အဖေက ငယ်ငယ်လေးပဲ ရှိသေးတယ်။ ဒီဇာတ်လမ်းကို ဖတ်ပြီး သူ့အဖေက တဖွဖွ ပြောချင်ပြောနေခဲ့လိမ့်မယ်။ ဒါကို သူကြားမယ်၊ မေ့မယ်။ ကြီးလာတော့မှ ၀တ္ထုရေးဖွဲ့တဲ့အခါ ဒါဟာ influence ၀င်မယ်။

ကျွန်တော်ကိုယ်တိုင်လဲ ဖြစ်ဖူးတယ်။ ဇာတ်လမ်းအသားပေးတဲ့ သရုပ်မှန် ၀တ္ထုရေးသူတစ်ယောက်အနေနဲ့ ဇာတ်လမ်းရလို့ ၀မ်းသာအားရ ရေးချလိုက်ပြီး ပြန်ဖတ်တော့မှ ဖတ်ဖူးတာတခုခုနဲ့ သွားဆင်နေလို့ အွန်လိုင်းပေါ် မတင်ပဲ ပြန်ဖျက်လိုက်ရတဲ့ စာတွေ အများကြီး။

နောက်တခု ဖြစ်တတ်တာ ပြောပြမယ်။ ဇ၀နရဲ့ လူတွေ ပန်းသေကုန်တဲ့ ၀တ္ထု ၊ နိုင်ငံခြားက စာရေးဆရာတစ်ယောာက်ကို မှီးတာပါပဲ။ အဲဒါကို ဖတ်ဖူးတယ်။ ဒါပေမဲ့ အဲဒီ ဇာတ်လမ်းနဲ့ အရမ်းဆင်တဲ့ ကိုယ်ပိုင်ရေး အင်္ဂလိပ် ၀တ္ထု တစ်အုပ် ၁၉၉၅ မှာ ထပ်ထွက်တယ်။ ကိုယ်တိုင်ရေးလို့ပဲ သတ်မှတ်ပေးရပေမဲ့ influence ရှိမယ်လို့ပဲ ခံစားရတယ်။

TNS said...

ကျနော်ကနောက်ကျပြီးမှ ရောက်လာရတယ်...။
စိုင်းစိုင်းနဲ့ ပါတ်သက်လို့ ပါ...။
သူရေးတဲ့ စက္ကူငှက်က သူများဆီက ကူးချတာ ဖြစ်နိုင်ပါ့မလားဆိုတာ..စဉ်းစားစရာဘဲ..။
ပြောမယ်ဆိုရင် စိုင်းစိုင်း က ကျနော့်တူသားအရွယ်ဘဲ ရှိမှာပါ...။
ကျနော်က ချီးကျူးသင့်တယ်ထင်ရင် အသက်အရွယ်ကို မစဉ်းစားဘူး..။
ကျနော် ဒီကလေးရဲ့  ခက်ခက်ခဲခဲနဲ့  လမ်းသစ်တခုဖောက်ရဲခဲ့ တာကို မှတ်မှတ်ယယ ချီးကျူးမိပါတယ်..။
ဒီိလောက်ခက်ခက်ခဲခဲ လမ်းသစ်ကို ဖေါက်လာတဲ့လူငယ်တစ်ယောက်က သူများစာ ခိုးချမှ စာရေးတတ်မယ်ဆိုတာ လက်ကိုမခံနိုင်တာ..။
သူရေးမယ်ဆို ရသစာပေမဟုတ်ဘဲ ပေါ့ပေါ့ပါးပါး ဖန်စီလေးတွေရေးတောင်...၀ယ်ပြီး အားပေးမယ့် ကောင်လေးတွေ ကောင်မလေးတွေ က တစ်ပုံကြီး....။
ရောင်းအားခြင်းပြိုင်မယ်ဆိုရင်တောင်...နာမည်ကြီးစာရေးဆရာတွေ ငုတ်တုတ်မေ့သွားနိုင်တယ်
( ရသ စာရေးဆရာများကို စော်ကားလိုခြင်းမဟုတ်ပါ...ခေတ်ရဲ့ု့ရိပ်ကို တင်စားခြင်း..နဲ့ စိုင်းစိုင်းရဲ့ အမာခံ ပရိတ်သတ်ကို ညွှန်းပြလိုခြင်းသာ ဖြစ်ပါတယ်)။
ကျနော် သူ့အသက်အရွယ်တုန်းက သူ့ လောက် မအောင်မြင်ခဲ့ ပါဘူး...၀န်ခံပါတယ်။။
ဒါပေမယ့် ကျနော် မုဒိတာ ပွားနိုင်တယ်..။
ဒီကလေးကို လေးစားတယ်..။

ချစ်ကြည်အေး said...

ဟုတ်တယ် အမရေ အမနာပ ပြောတတ်တဲ့ လူတယောက်/တစု ကြောင့်နဲ့တော့ အောင်မြင်မှုတွေ ပါးလျားမသွားနိုင်ဘူး။ ခွေးလေးခုန်လို့ ဖုန်ထလည်း တခဏပဲ ဖြစ်မှာပါ။ လင့်ယူသွားခွင့်ပြုပါနော် အမ

Mr.Guiter said...

ဟုတ်တယ်...
လူတစ်ယောက်က အရည်အချင်းမရှိပဲနဲ့ နေရာတစ်နေရာ
အလကား ရမလာဘူး။

လောကမှာ အဖြစ်အပျက်တွေ တူတာတွေအများကြီး
ကျောရိုးလေးနည်းနည်းဆင်တာနဲ့ တစ်ခြားစာမူကို ကူးချတယ်ပြောတာကတော့ မရင့်ကျက်လို့ပဲဖြစ်မယ်။

စိုင်းစိုင်းဝထ္ထုကိုမဖတ်ဖူးပါ။ စိုင်းစိုင်းကိုလည်း အသဲစွဲမဟုတ်ပါ။ သူ့သီချင်းအရေးအသားကိုတော့ ကြိုက်ပါတယ်။