၁၉၉၆ - ၂၀….

Saturday, October 31, 2009

ဲJuda's Kiss




၁၉၉၆ - ၂၀….
ယုဒရဲ့အနမ်းကမှ ဒေနာရိ အပြား သုံးဆယ် ထိုက်ပါသေးတယ်
ငါက တစ်ပြားတစ်ချပ်မှမပါပဲ အဆိပ်ငွေ့သန်းနေတဲ့ အလိမ်အညာအနမ်းနဲ့
ဒုက္ခတွေထံ အရှင်လတ်လတ်ရောင်းစားခံခဲ့ရတဲ့ကောင်ပါ…

ဇာတ်တော်လာ ဒဏ္ဍာရီတွေနဲ့လည်းဘာမှမပတ်သက်ခဲ့လေတော့
ငါဟာ ရေမှိုတထွေး ပုန်းရည်တလေးနဲ့တောင်မထိုက်တန်ခဲ့တဲ့သူလား
အန္ဓတွေရဲ့ ကားတိုင်ပေါ်မှာ နာကျင်စွာအော်ဟစ်ဖို့ကိုတောင်မေ့လျော့နေခဲ့မိ။

ဤအမှုပြီးကြောင်း ဘယ်လို ဗျာဒိတ်တော်တွေက လာပြကြမှာတဲ့လဲ
သောကြာနေ့ကတည်းက ရပ်တံ့သွားတဲ့နာရီ…တနင်္ဂနွေဆီကို ကူးမလာနိုင်ခဲ့လေတော့
ရှင်ပြန်ထမြောက်ရာနံနက်ခင်း တွေနွဲ့လည်း အလှမ်းဝေးနေခဲ့ရ..
အန္ဓတွေကတော့…အုံနဲ့ကျင်းနဲ့ ပေါက်…ရောက်…နေ..တုန်း…ပဲ
ကမ္ဘာဖျက်မိုးကြီးကလည်း ရွာထားခဲ့တယ်လေ။

ရေလွှမ်းမိုးရာ ကုန်းပေါ်မှာ ကားစင်တစ်ခုနဲ့ ကျန်ရစ်ခဲ့တဲ့ ငါ…
အန္ဓတွေကို ခိုးဝှက်တင်ဆောင်သွားရာ နောဧရဲ့လှေကြီး
တရွေ့ရွေ့ဝေးသွားတာကို ငေးကြည့်ရင်း ဆွံ့အခြင်းတွေကိုအဖော်ပြု
(ရင်ထဲက သမ္မာကျမ်းစာကို ပြန်လုရင်း…………..)
သံလွင်ခက်လာသယ်မယ့် ငှက်ဖြူလေးတစ်ကောင် လမ်းမှားဖို့
ရင်ဆို့မတတ်ဆုတောင်းနေမိတော့တယ်။

မနော်ဟရီ

၆၊သြဂုတ်၊၂၀၀၉



10 Comments:

Zephyr said...

များလိုက်တဲ့ အန္ဓတွေ ...
ရေလွှမ်းလည်းမကုန်ဘူး ...။

ဘယ်တော့မှလည်းကုန်မှာမဟုတ်ဘူး ...။
အန္ဓတွေရဲ့ အဝေးမှာ ငြိမ်းချမ်းပါစေ။

ကဗျာရေးထားတာကိုလာဆဲတဲ့ အန္ဓတွေ ...
အရောဝင်ကြည့်လို့မရတဲ့အန္ဓတွေ ...

ဖြစ်လေရာဘ၀မှာကင်းဝေးပါစေ ..
မကင်းဝေးရင်လည်း နားလည်နိုင်ပါစေ ...

Zephyr

Julian said...

ငါပြောမယ့်ဟာ
ဇက်ကပြောသွားတယ်

အဲတော့လောလောဆယ် ယုဒရဲ့အနမ်းလေးက
ကဗျာဆန်တယ် ဟိဟိ

(ကဗျာဆရာမ အော်မထုတ်ခင်ပြေးဘီ)

ဂျူ

မယ်ကိုး said...

အန္ဓတွေရဲ့ ကားတိုင်ထက်မှာ...
အန္ဓတွေကို ခိုးဝှက်တင်ဆောင်သွားရာ နောဧရဲ့လှေကြီး...

ဒါ ကောသလအိပ်မက်ရဲ့ အခန်းတစ်ခန်းလား
ဒီထက်ရက်စက်တဲ့ ပြကွက်လည်း မရှိနိုင်တော့။

မယ်ကိုး ( အပေါ်ကသူတွေကို အားကျလို့ပါ ချစ်မမ =)

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ကျတော်လာဖတ်သွားပါတယ် ဒေါ်မနော်ဟရီ ရဲ လင့်လေးကိုလည်း ကူးသွားမိပါတယ်
ကျတော့်ဆိုဒ်လေးနဲ့ချိတ်ထားမိပါတယ် သဘောမကျဘူးဆို ရင် ပြန်ဖျက်ပေးပါ့မယ်နော်
http://kotoegyi88.blogspot.com/

ကိုချစ်ဖေ said...

မယ်ကိုးတို့ ကိုတိုးကြီးတို့က ကိုယ်ထက်စောနေပါလား
ဝေ့...

eaindraomtt said...

ယုဒရဲ့အနမ်းကမှ ဒေနာရိ အပြား သုံးဆယ် ထိုက်ပါသေးတယ်
ငါက တစ်ပြားတစ်ချပ်မှမပါပဲ အဆိပ်ငွေ့သန်းနေတဲ့ အလိမ်အညာအနမ်းနဲ့
ဒုက္ခတွေထံ အရှင်လတ်လတ်ရောင်းစားခံခဲ့ရတဲ့ကောင်ပါ

မမရေ...
အရှင်လတ်လတ်သေဆုံးနေရတာနဲ့
သေဆုံးခြင်းက ရှင်ပြန်ထမြောက်ခြင်း တို့ကြားကာလ
နောအေးဆန်ဆန်ကယ်တင်မှုတစ်ခုဆီ လက်ပစ်ကူးသွားနေခဲ့ရသမျှ

ဘ၀ဟာ..ရပ်နေတဲ့နာရီ...သေနေတဲ့နာရီ..
အချိန်လွန်နေတဲ့ နာရီ
ပုတ်ပွသိုးရိနေတဲ့ နာရီ

သံလွင်ခက်လာသယ်မယ့် ငှက်ဖြူလေးတစ်ကောင် လမ်းမှားဖို့
ရင်ဆို့မတတ်ဆုတောင်းနေမိတော့တယ်။

လမ်းမှားမှ ကိုယ့်ဆီရောက်လာတော့မယ်...
ငြိမ်းအေးချမ်းသာခြင်းများ...

ဘ၀ဟာ...ကိုယ့်ကိုယ်ကို လေးလေးပင်ပင်ထမ်းပိုးထားတဲ့ ကူလီလောက်ပါ မမ ရယ်

အိုင်လွယ်ပန် said...

အန္ဓ တွေ အုံနဲ့ ကျင်းနဲ့ ပေါက်ရောက်ရာ ..။
..............................................
.............................................
.......................................................
ထပ်မံဖြတ်သန်းရမည့် သက္ကရာဇ် တလွှား
နာကျင် စေနိုင်သော အရာများအား
နားအစုံပိတ် မျက်စိမှိတ် သကဲ့သို့
အေးချမ်း နိုင်စေသား ။

ယောနက်သန် said...

ငှက်ဖြူလေးတကောင် လမ်းမှားဖို့ လား၊ လမ်း မမှားဖို့လား ဆိုတာကို ဝိရောဒိဖြစ်နေကြောင်းပါ။

အမရာ said...

ရင်နဲ့အမျှ.......

rose of sharon said...

သမ္မာကျမ်းနောက်ခံထားပြီးစပ်ဆိုထားတဲ့ ကဗျာလေးက ဖတ်ရတာဆန်းနေတယ်.... မနော့်ကိုအားကျတယ်.... မနော့်ဆန္ဒတွေ ပြည့်ဝရပါစေလို့ ဘုရားရှင်ထံမှာ ဆုတောင်းပေးလိုက်ပါတယ်....