နှင်းရည်စိုစွတ်ထားသော သံစဉ်

Saturday, October 10, 2009



နှင်းရည်စိုစွတ်ထားသော သံစဉ်

တကယ်တော့ ကျွန်မဟာ အသံသေနေတဲ့ တေးသီငှက်တစ်ကောင်ပါ။ မိုးလင်းစနံနက်ခင်း ဖြူဖြူလေးလို နေ့ရက်တွေက ဘဝမှာ ရက်လွန်အိပ်မက်တွေ ဖြစ်သွားခဲ့ပြီးပြီ။ အယောင်ဆောင် မေတ္တာတရားရဲ့ စူးရှလင်းလက်မှုတွေကို တုပြိုင်ဖက်ချင်းငှာ မစွမ်းသာတဲ့ အခါ အရာရာဟာ အမှောင် ..။ ကျင့်သားရကြောင်တစ်ကောင်လို တိုးဝင် ရင်ဆိုင်သွားဖို့အတွက် သိပ်တော့မခက်လှပေမယ့် လှမ်းနေရတဲ့ခြေသံလုံလုံကတောင် ရင်ကိုဗလောင်ဆူစေနိုင်စွမ်းရဲ့..။

Hello darkness, my old friend
I’ve come to talk with you again
Because a vision softly creeping
Left its seeds while I was sleeping

And the vision, that was planted in my brain

Still remain, within the sound of silence
(The sound of silence by Simon & Garfunkel)

လှည့်ဖျားခံရမှုလား လောကကိုက မျက်လှည့်ဆန်တာလား လူတွေကိုက ပြောင်းလဲသွားခဲ့ တာလား .. သို့မဟုတ် နဂိုတည်းက ကျွန်မကိုယ်တိုင် အကောက်အယူလွဲခဲ့တာလား…။ စစ်မှန်တဲ့မေတ္တာတရားဆိုတာဘာလဲ ..။ ကိုယ်ချင်းစာတရားနဲ့ တာဝန်ယူမှု ဆိုတာဘာလဲ။ ကိုယ်ပိုင်အတ္တတွေနဲ့ ရောယှက်နေတဲ့ စွန့်ကျဲမှုတွေက ကျွန်မအတွက်တော့ သွေးစက်တွေ ရောယှက်နေတဲ့ နာကျင်မှုဒါဏ်ရာတွေပဲပေါ့ ။
Talking to my self, for reasons I can't find.
Finding out why everything went wrong.

Tears falling down on my cheeks,

That I've been trying to hold.

I just dunno if I could still go on.

(Pain in my heart by Zoo)

တန်ဖိုးသတ်မှတ်ချက် အညံ့စားတွေနဲ့ ခမ်းခမ်းနားနား ကျရှုံးနေမှုမှာ ကျွန်မဟာ အောင်ပွဲရ ခြေတစ်ဖက်ပြတ်စစ်သူကြီးပဲပေါ့ .. ။ ဒါပေမယ့် ကျွန်မက ငွေပေးယူလို့မရနိုင်တဲ့ အောင်ပွဲ သေးသေးလေးအတွက် ကိုယ်ရင်းခဲ့ရတဲ့ ကိုယ့်အသက်ကို ကိုယ်နားလည်တဲ့ စစ်သားလေး တစ်ယောက်လိုလည်း နာကျင်စွာပျော်ရွှင်နေမိတတ်သေးတယ်။ တကယ်တော့ တန်ဖိုး သတ်မှတ်ချက်ဆိုတာ သတ်မှတ်သူနဲ့ပဲသက်ဆိုင်တာပါ။

I rather feel the earth beneath my feet
Yes I would, if I only could, I surely would

Away, I’d rather sail away, like a swan that’s here and gone
A man gets tired up to the ground, he gives the world
Its saddest sound, its saddest sound
(El condor pasa by Simon & Garfunkel)

သီချင်းသံတွေကို နာကျင်လွမ်းမောနေမိတာကြာပေါ့ ..။ သာယာနာပျော်ဖွယ်တေးသံတွေ ကိုတောင် တစ်စက်မှ အထိမခံနိုင်လောက်အောင် နာကျင်လေးလံနေမိတဲ့ နေ့ရက်တွေမှာ စကားလုံးတစ်ချို့က ကျွန်မကိုရက်စက်စွာပြုစားတာခံနေခဲ့ရတယ်။ အဲဒီနေ့ရက်အသေ တွေကို ကျော်လွှားပစ်လိုက်ဖို့ရာ အကောင်းဆုံးနည်းလမ်းကတော့ ….

Just give me the strength, to do everyday, what I’ve to do
Yesterday’s gone Sweet Jesus,

And Tomorrow will never be mine

Lord help me today, show me the way, one day at a time .

(One day at a time by Linda Randle)

မျက်စိကိုစုံမှိတ် အော်ဟစ်ပစ်လိုက်ချိန်မှာ အဲဒါဟာ နရီတစ်ခုမဟုတ်မှန်း ကျွန်မသိပ်သိတာပေါ့ .. ဒါပေမယ့် လည်း ဒါပဲ တတ်နိုင်ခဲ့တာပါ ..။ ဘယ်လိုလူကမှ နာကျင်စွာအော်ဟစ်ညည်းတွား လိုက်သံကို ဂီတလို့သတ်မှတ်လိမ့်မယ်မထင်ဘူး ။ ဒါပေမယ့် သေချာတာက အဲဒါဟာ လောလောဆယ် ကျွန်မရဲ့ ဂီတဖြစ်နေခဲ့တာ ဝမ်းနည်းဖွယ်တွေ့ရှိလိုက်ရတယ်။

Stop pressuring me, just stop pressuring me
Stop pressuring me, just stop pressuring me

Stop pressuring me, just stop pressuring me
Stop pressuring me, just stop pressuring me

Stop pressuring me, just stop pressuring me

(Scream by Michael Jackson)


(ကိုဆောင်းယွန်းလ tag ထားတဲ့ ပို့စ်ပါ )


9 Comments:

Zephyr said...

သီချင်းလာနားထောင်သွားပါတယ်....။

ဂီတမှာတော့ နာကျင်နေတဲ့ခံစားချက်ရှိနေမှာပါ ....။

တံယောကြိုးလေးရဲ့ငိုနေသံကြားရပြီ ....
နှင်းတွေလည်း ကြွေချိန်တန်ပါပြီ ......

နွေဦးကိုကြိုတဲ့ ပန်းပွင့်လက်တံတွေသာ ခိုင်နေမြဲနေမယ်ဆိုရင် ...
ဒီဂီတဟာ ကြိုးမလျော့နေလောက်ပါဘူး ...။ ။

With Peace
Zephyr

အိုင်လွယ်ပန် said...

“နှင်းရည်စိုစွတ်ထားသော သံစဉ် ”

အသံ အ နေခဲ့ တဲ့
တေးသီငှက် တစ်ကောင်ပါ
အမှောင်တွေ မှာပဲ အသားကျ
ခြေသံတွေ လုံလုံလာခဲ့ ရ ။

လောက ရဲ့ ပဉ္စလက် ဆန်မှုမှာ
အစစ် ဆိုတာတွေ ပျောက်ဆုံးနေ
ထားပါ ..
ထားလိုက်ပါ ...
ငါဟာ ကောက်ယူမှု လွဲခဲ့သူ
ငါ့ အတွက်
ဘာကိုမှ တခုပ်တရ
ထပ်မံ စွန့်ကျဲပေးစရာ မလို .. ။

အညံ့ စား စံနှုန်းတွေမှာ အမြဲလိုလို ကျရှုံး ခဲ့
ငါ့ နားလည်မှုမှာ
ငါ့ တစ်နေရာစာနဲ့ ငါ ခမ်းခမ်း နားနား
မဆန်းဘူးကွယ့်
တန်ဖိုး ဆိုတာ သတ်မှတ်သူ နဲ့သာ
သက်ဆိုင်လေရဲ့ ...။

သီချင်းတွေ ..
သာယာ နာပျော်ဖွယ် သီချင်း တွေကတောင်
အထိမခံနိုင်အောင်
နာကျင် လေးလံ လိုက်တာကွယ် ..။

အသံ အ နေတဲ့
တေးသီငှက်တစ်ကောင်ရယ်ပါ
မွန်းကြပ်နေတဲ့ စောင်း အိုတစ်လက်ရဲ့
နောက်ဆုံးကြိုးတစ်ချောင်းက
ကိုယ့်ကိုကိုယ် အဆုံးစီရင် ပစ်လိုက်သလိုမျိုး
မျက်လုံး ကို စုံမှိတ်
အော် ... ဟစ် ...ပစ် ... လိုက် ..ခဲ့
ဂီတ လို့ မသတ်မှတ်တဲ့ ပွဲတော်မှာမှ
နှင်းရည် စိုစွတ်နေတဲ့
ဒဏ်ရာ တွေဟာ
ငါ့ ဂီတ ဖြစ်ခဲ့ရတယ် ..။။။

မယ်ကိုး said...

ဝါကျတိုင်းဟာ စူးရှလဲ့ဖြာနေတဲ့ သံစဉ်လား။
ဂီတဟာ ရင်ထဲက နာကျင်မှုတွေကို ဘာသာပြန်ထားတာလား။
နှင်းရည်ဆိုတာ ကြေကွဲခြင်းတွေ ငွေ့ရည်ဖွဲ့ထားတာလား။

သီချင်းလေးတွေကိုရော ဖွဲ့ထားတဲ့စာလေးတွေကိုပါ ရင်မှာပိုက်ပြီး ပြန်သွားပါပြီ မ။

ချစ်တဲ့

အမရာ said...

နာကျင်စရာတွေများလှတဲ့
လောကကြီးမှာ....နာကျင်စရာ
တွေကပဲ မှော်အတတ်နဲ့..
ဂီတဖြစ်ချင်လဲဖြစ်ရဲ့......
ခံစားချက်တွေပြင်းလွန်းတယ်...
ပျော်ရွှင်ပါစေ..ချစ်မရေ...

thitkaungeain said...

အသက်ငါးဆယ်နားနီးလာရင်တော့ လူတယောက်ဟာ ဘုရားကျောင်းသွားမလား ချစ်သူ့ရင်ခွင်မှာပဲ အလင်းဝင်မလား စဉ်းစားသင့်တယ် ( အရိပ်ကလေးပြန်မြင် ကြိတ်ဆွေးသံစဉ်တွေနားဆင်သွားကြောင်း)

eaindraomtt said...

စစ်ပွဲမှာ ပိုင်ရှင်မဲ့ ပိုင်ချင်သူမဲ့ ခြေတစ်ဖက်ပြတ်စစ်သားတစ်ယောက်ရဲ့..
သူ့နောက်လက်ကျန်ခြေထောက်တစ်ဖက်ကို
စောင့်ရှောက်သလိုမျိုးတဲ့...
""အချစ်ဆိုတာ....""

ဆုံးရှုံးမှုတွေနဲ့..နာကျဉ်ပင်ပမ်း..နေရတဲ့ နှလုံးအိမ်မှာ..
ပိုင်ဆိုင်ခွင့်လက်ကျန်ဟာ..သူ့မနက်ဖန် ရှင်သန်ခြင်းနေ့ရက်ရဲ့ အသက်ဓါတ်ပဲ....

နာကျဉ်ကြေကွဲခြင်းတွေအတွက်..ပိုင်ဆိုင်ခွင့် လက်ကျန် တစ်စုံတစ်ရာ....

မမ..

နာကျဉ်ကြေကွဲရတာတွေ..များလွန်း..လို့

ဆောင်းယွန်းလ said...

ဇော်ကြီးလိုတော့ မပြောရဲဘူးဗျ....

အသံသေနေတဲ့ တေးသီငှက်တကောင်ရဲ့ သံစဉ်ကို အကြားသေနေတဲ့ နားတွေနဲ့ နားထောင်တာ မဟုတ်ပဲ တရားဖြေတဲ့ မျက်စိတွေနဲ့ မြင်အောင်ကြည့်လိုက်မိပါတယ်...

ငွေပေးယူလို့မရနိုင်တဲ့ အောင်ပွဲမှာ ငွေပေးယူလို့မရနိုင်တဲ့ ပျော်ရွှင်မှုတွေလည်းရှိနေကြမှာပါ..

ခမ်းခမ်းနားနား ကျရှုံးနေမှုဟာ အပေါစား အောင်မြင်မှုတွေထက် ပိုပြီး တန်ဖိုးရှိတယ်လို့ သတ်မှတ်လိုက်ချိန်မှာ ပေးဆပ်လိုက်ရတဲ့ ခြေတဖက်အကြောင်းနဲ့ ပတ်သတ်ပြီး နှလုံးသားနဲ့ သွန်းလောင်းထားလိုက်တဲ့ သံစဉ်တပိုင်းတစဟာလည်း သေရာပါ စိတ်အမာရွတ်တခုရဲ့ သင်္ကေတပေါ့...
နာနာကျင်ကျင် အော်ဟစ် ညည်းတွားလိုက်သံတွေက ကိုယ့်နှလုံးသားနဲ့ ကိုယ်ပြန်ကြားနေရမိတဲ့ နရီမပီ ဂီတမမြောက်သော စိတ်အခြေပြု ဝမ်းနည်းမှု သံစဉ်သက်သက်သာဖြစ်ခဲ့...................

တဂ်ပို့စ်အတွက် အမှတ်တရရေးဖွဲ့ခံစားပေးတဲ့ မနော်ကိုကျေးဇူးတင်ပါတယ်..စောစောစီးစီးလာဖတ်ချင်ခဲ့ပေမယ့် ဒီအပတ် စနေ တနင်္ဂနွေ ၂ရက်စလုံး ကဗျာဆရာတယောက်အတွက် ဒရိုင်ဘာလုပ်ပေးနေရလို့ အခုမှပဲရောက်ဖြစ် လာဖတ်ဖြစ်တာပါ မနော်ရေ....

Julian said...

စာရေးဆရာမလို့မပြောရဘူး တဖွဲ့တနွဲ့ရေးနေတာ..... ခံစားရသမျှတွေကို........ မနှောက်ယှက်ပါနဲ့ ကိုယ်တစ်ယောက်တည်း ခပ်အေးအေးနေပါရစေ ကိုယ့်အပူနဲ့ကိုယ်ပါ.....လို့မပြောဘဲစကားပြေလေးနဲ့ပြေပြေပြစ်ပြစ် သူများနားဝင်ချိုအောင်ရေးသဟေ့

ငါသာဆိုရင်တော့ အဲလိုမပြောဘူး လာခဲ့အော်လွှတ်လိုက်မယ် "လူသတ်ချင်နေတယ် ငါ့ကိုစိတ်တိုအောင်လာမလုပ်နဲ့" ပြီးရင်ပြောလိုက်အုန်းမယ် ကိုယ့်ဘာသာကိုယ်စိတ်ရှုပ်နေရတဲ့အထဲလို့ ဟီးဟီး

ဒါကြောင့်ငါစာမရေးတာ ........


သီချင်းတွေကတော့ကိုယ့်အကြိုက်ကိုယ်ညည်းဖြစ်တဲ့သီချင်း ...........

ဂျူ

pandora said...

သီချင်းတွေနဲ့အတူ ဖွဲ့သီထားတဲ့ လှပတဲ့ ကဗျာစာသားတွေကိုပါ ခံစားသွားတယ်....