ဇာတ်ညွှန်း

Monday, July 13, 2009


ဇာတ်ညွှန်း

တိမ်တွေပြိုကျလာပုံကဆန်းတယ်
ဒီနေ့ဟာ တနင်္လာနေ့တစ်နေ့ပဲ
တနင်္ဂနွေဆီကို တစ်ကွေ့တစ်ပတ်ကြီး ပြန်လျှောက်ရဦးမှာ
တစ်နေ့ချင်း... တစ်နေ့ချင်း... နောက်ကျနေရဦးတော့မယ်။

ကောင်းကင်က... ခြစ်ခြစ်တောက်အုံ့ဆိုင်းနေတယ်
ဧကရာဇ်ပွင့်ကြွေတွေကို သိမ်းထားရရင်ကောင်းမလား
ဖားလျားဆံနွယ်ရှည်တွေက နွေကိုယက်ဖောက်ရင်း
စက်တင်ဘာတေးချင်းကိုဆိုလို့ ။

မာယာပျို့ပျို့တွေကို ပြုံးပြလိုက်ဖို့ မေ့နေတဲ့ညနေ
စာတွေရေးရေးပြီးမထည့်ဖြစ်ခဲ့တာပါ
မနက်ဖြန်ခါဆီသွားမယ့်လူကြုံ
သူက ... နေအစုန်ကို စောင့်နေသေးသတဲ့ ။

နောက်ဆုံးဇာတ်ဝင်ခန်းရောက်ပြီ
ဘ၀ကိုခွဲစိတ်ကုသဖို့ လျှောက်လွှာတင်ထားတဲ့နေ့
ရောင်ခြည်ဟာ... နှင်းကိုမခွဲနိုင်တာလား
ထွက်ကို မထွက်လာသေးတာလား
.... .... .....
အဲ့ဒီနံနက်ခင်းကဖြင့် ခုထိမီးမလာသေးဘူး။


မနော်ဟရီ


18 Comments:

Julian said...

NO . (1)

ဖိုးစိန် said...

မဂျု.............

၂၂၂၂၂၂၂၂၂၂၂၂၂

Craton said...

စက်တင်ဘာနွေတဲ့လား.. မီးလည်းမလာဘူးတဲ့လား..

Craton said...

ပုံလေးလှတယ်.. ဘယ်ကရ?
ကဗျာလေးကလည်းကောင်းပါ့..
အန်တီမေငြိမ်းကြီးပြောသလို ဒီစကားလုံးတွေဘယ်ကကောက်ရ?

Craton said...

အပေါ်က ၁နဲ့ ၂ယူသွားသော နှစ်ယောက်ကို
မကျေနပ်ပါ.. ဟွင်း

ဖိုးစိန် said...

တိမ်တွေ ပြိုကျလာတဲ့ နေ့က တနလာင်္နေ့တဲ့လား...


နောက်တနင်္ဂနွေ ပြီးရင် လာမယ့် တနလာင်္နေ့မှာရော....တိမ်တွေ က ဆန်းပြားစွာ ပြိုကျလာအုံးမတဲ့လား...

စက်တင်ဘာတေးချင်းတွေကို သီဆိုပြီး ပြုံးပြဖို့မေ့တဲ့ ညနေ တွေမှာ ဇာတ်သိမ်းတော့မှာလား..

ဘဝကိုခွဲစိတ်ကုသဖို့လျှောက်လွှာတင်တဲ့နေက တနလာင်္နေ့ အဲဒီနေ့က မီးမလာဘူးဆိုရင်တော့...

ခွဲစိတ်ဖို့ စောင့်နေတဲ့ လူနာက ဇာတ်ဝင်ခန်းမရောက်သေးဘူးပေါ့နော်...

မခွဲစိတ်ချင်ပါဘူး...

ခံစားတတ်သလိုခံစားသွားတယ် မကြီး

ကဗျာလေးကလှတယ်


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

အိန္ဒြာ said...

တိမ်တွေပြိုကျလာပုံကဆန်းတယ်
ဒီနေ့ဟာ တနင်္လာနေ့တစ်နေ့ပဲ
တနင်္ဂနွေဆီကို တစ်ကွေ့တစ်ပတ်ကြီး ပြန်လျှောက်ရဦးမှာ
တစ်နေ့ချင်း... တစ်နေ့ချင်း... နောက်ကျနေရဦးတော့မယ်။

မမ..တနင်္ဂနွေဆီတစ်ပတ်ပြန်ပြန်လျှောက်ရတာ..
သိပ်မောတယ်....

တနလာင်္တွေ ဖုးပုံပွင့်ပုံကိုလဲမောတယ်

ရာသီအစီးအဆင်းမှာ..ဒိုက်သရိုက်တွေ မျောပါနေတာကိုလဲမောတယ်...

ကဗျာလေးကလည်း လှလှလေးနဲ့ မောလိုက်တာ

Julian said...

ဇာတ်ညွှန်း ကိုဖတ်ပြီး ဘယ်လိုဇာတ်ဝင်ခန်းမှာ ဘယ်ဇာတ်ကောင်ကိုသုံးရင်ကောင်းမလဲလို့လေ။

ခက်တာက တိမ်ပြိုတာတွေ နေ့တာညတာတွေ နေ့ရက်တွေ ခြစ်ခြစ်တောက်ပူရင်းအသက်ရှုကျပ်နေတဲ့ကောင်းကင် မမျှော်လင့်တဲ့အဖြစ်အပျက်တွေကြားက ပန်းပွင့်တွေ
လူကြုံကိုစောင့်နေကြတဲ့ မာယာအပြည့်နဲ့စာတွေ နောက်ဆုံးဇာတ်ဝင်ခန်းရောက်သည်ထိ နေအစုန်ကိုစောင့်ခဲ့ပေမယ့် နှင်းကိုတိုးမထွက်နိုင်ခဲ့တဲ့ရောင်ခြည် ဒါတွေအားလုံးကိုဖန်တီးပေးနိုင်ပေမယ့်

မီးမလာတဲ့နံနက်ခင်းကိုတော့ဖြင့်ဇာတ်ညွှန်းအတိုင်းမလုပ်နိုင်ပါဘူး သူငယ်ချင်းရေ။

ကိုယ်ကမီးမလာတာကိုမသိခဲ့တာမဟုတ်ဘူး ။ မီးဆိုတာဘာကိုပြောတယ် ဘာကိုခေါ်တယ် ဘာအတွက် ဘယ်မှာ ဘယ်လို ..... အဲဒါတွေကိုမသိခဲ့ရတာပါကွယ်။

ဇာတ်ညွှန်းအစစ်လေးတစ်ပုဒ်လောက်ခင်းပါအုန်းနော်

ဂျူ

လင်းဒီပ said...

တနင်္ဂနွေဆီကို တစ်ကွေ့တစ်ပတ်ကြီး ပြန် ပြန်လျှောက်
အဲဒီ ကရွတ်ကင်းပေါ်မှာ....
ခွဲစိတ်ကုသလိုက်ရင်ကော
ပြန်ကောင်းလာမှာလား ဘဝရယ်...။

ဇော် said...

တကယ်ကို ဖတ်ရတာ အရသာရှိလွန်းတဲ့
ကဗျာတွေကို ခုမှ အကုန်စုပြီး ဖတ်လိုက်ရတယ်ဗျာ။
အွန်လိုင်းကို အိပ်ရေးပျက်ခံပြီး ၀င်ရတာ
တန်ဖိုးရှိလိုက်တာ ... =)

အိုင်လွယ်ပန် said...

နောက်ဆုံးဇာတ်ဝင်ခန်း
ရောင်ခြည်ဟာ... နှင်းကိုမခွဲနိုင်တာလား
ထွက်ကို မထွက်လာသေးတာလား ...

ခွဲစိတ်ကုသဖြစ်မှာလား
ခွဲစိတ်ကုသဖြစ်ရင်ကော ???????
?????????
????????????????????????????????????
???????????????????????????????

သေချာတာကတော့
ဘယ်သူမှ သေချာမသိနိုင်ကြဘူး ....

မေဇင် said...

တင်္နလာနေ့ပြီးရင် တနင်္ဂနွေ ရောက်ဖတ် တပတ်ကြီး ပြန်လျှောက်ရဦးမှာ...း(

tin min htet said...

မနော် ကဗျာတွေ သိပ်ကောင်းနေတော့
ကဗျာရေးရမှာ ကြောက်နေတယ် ..

အပျင်းကြီးခြင်းအတွက်
ဆင်ခြေကောင်းကောင်း တခု :P)

ဆောင်းယွန်းလ said...

မနက်ဖြန်ခါဆီသွားမယ့်လူကြုံ
သူက ... နေအစုန်ကို စောင့်နေသေးသတဲ့

Zephyr said...

အော် သံဝေဂရလိုက်တာ ...
မောင်ဖိုးစိန်က ပုံတောင်မပေါ်တော့ဘူး ..
မဂျူက တစ်ရအောင်ပြေးရင်း ဆံပင်တွေဖြူပြီး မျက်နှာပါ ၀ါးသွားတယ် ...
ဖြစ်ရတယ် ..
ကျွတ်ကျွတ်ကျွတ် ...
.........................

မူလ က ဤကွန်မင့်သည် လျှောက်လွှာစာရွက် သုံးမျက်နှာရှည်သော်လည်း ... စီစစ်ရေးမှ ဖြတ်တောက်လိုက်သဖြင့် တိုနှံ့နှံ့လေးသာကျန်သည် ...။

ယခုကဗျာကိုလည်း နှစ်သက်သည် ...။
သုံးသက်သည်။
လေးသက်သည်။
ငါးသက်သည်။
ခြောက်သက်သည်။
...
...
ကရုဏာသက်သည်။
...
...

္ကဤအရာသည် ထိုအရာနှင့် နှိုင်းယှဉ်၍မရသောလည်း
ဤအရာ၏ တည်ရှိမှုကို ဟဒယ ၀တ္တုက အသိအမှတ်ပြုသည်။

ကဗျာဖြစ်၍သာ ကဗျာလိုဖတ်လိုက်ပါသည်။
အကယ်၍ ကဗျာမဖြစ်လျှင်လည်း "အကယ်၍ ကဗျာမ" လို ဖတ်လိုက်မည်သာဖြစ်ပါသည်။



ခင်မင်စွာဖြင့်
Z

ကိုရင်နော်ခင်လေးငယ် said...

မနော်ရေ..
ကဗျာလေး လှလိုက်တာ..

“ရောင်ခြည်ဟာ... နှင်းကိုမခွဲနိုင်တာလား
ထွက်ကို မထွက်လာသေးတာလား
.... .... .....
အဲ့ဒီနံနက်ခင်းကဖြင့် ခုထိမီးမလာသေးဘူး။”


ချစ်ခင်စွာဖြင့်..

မင်းနေဝေး said...

ကဗျာ .... ကဗျာ ....
နားလည်သလိုသာရေးချလိုက်ရရင် တစ်မျက်နှာပြည့်ရော့မယ်... အတိုးချုံးပဲ .. ကောင်းအိ :D

မယ်ကိုး said...

တနင်္လာနေ့ အမုန်းကို အတွေးဖွဲ့ ထားတာ အရမ်းလှတယ် မ။

ဖားလျားဆံနွယ်ရှည်တွေက နွေကိုယက်ဖောက်ရင်း
စက်တင်ဘာတေးချင်းကိုဆိုလို့ ။

ဒီလိုအဖွဲ့ မျိုးတွေကို အမြဲပဲ ကြိုက်တယ်။