ဒဏ္ဍာရီ (၁၃)

Saturday, July 11, 2009


ဒဏ္ဍာရီ (၁၃)

မြေနဲ့လုပ်တဲ့ကောင်းကင်တစ်ခုလို
လင်းညိုပြဖို့ရာ
ကျောက်ဆစ်စကားလုံးတွေ
တစ်ဖူးတလေမှတောင် မကျန်ဘူး။
ဖုန်းဆိုးရင်တလင်းတစ်ခုလုံး
မြူခိုးတွေ တ၀ုန်းဝုန်းတောက်လောင်
အမှောင်ရူးရူးတွေကသာ
သစ္စာရှိစွာတောက်ပနေခဲ့ ။

ဝင်္ကပါကိုမုန်းရင်း
လိပ်စာပျောက်ဆုံးနေတဲ့ ချောက်ကမ်းပါးလေးမှာ
ဇန်န၀ါရီလေတွေထန်လို့...
(ခုန်ချလိုက်ဖို့ကလည်း)
ကြာမြင့်စွာ
အခက်ချိုးရင်း.... အရိပ်နေခဲ့သူများ
အရှေ့မျဉ်းဖြောင့်အတိုင်း သွားနိုင်ပါစေ။

နေခဲ့ရသူပဲကွယ်
အကွဲကွဲအကြေကြေ .... ဖြေသိမ့်တတ်ပါတယ်။
မနော်ဟရီ
ဟန်သစ်မဂ္ဂဇင်း-အမှတ်စဉ်- ၁၀၀၊ချယ်ရီမဂ္ဂဇင်း- ၂၀၀၀ခုနှစ်


24 Comments:

ဖိုးစိန် said...

တစ်

ဖိုးစိန် said...

အဟီးးး...


ပျော်တယ်ဝေးးးး



နက်မကောင်းပေမယ့် တစ်ရအောင်ယူတယ်...


ပျော်တယ်ဝေး....

ဖိုးစိန် said...

အခက်ချိုးရင်း အရိပ်နေခဲ့သူများ

အရှေ့မျဉ်းဖြောင့်အတိုင်းသွားနိုင်ပါစေ

တကယ်လဲ သွားနိုင်ပါစေလို့ဆုတောင်းမိတယ်...



နေခဲ့ရသူပဲကွယ်

အကွဲကွဲအကြေကြေ... ဖြေသိမ့်တတ်ပါတယ်... တဲ့

အကွဲကွဲ အကြေကြေခံစားပြီးမှတော့ ထပ်ပြီး

မခံစားရတော့ဘူးလို့ထင်နေရင်

မှားမယ်ထင်တယ်နော်...

ကဗျာလေးလှတယ် မကြီး...

အပိုစ်တိုင်းကို ကြိုက်တယ်...

ဒီကဗျာလေးကို ထပ်ဆက်ဖို့မျှော်လင့်မိတယ်...


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

အိန္ဒြာ said...

အခက်ချိုးရင်း.... အရိပ်နေခဲ့သူများ

အတွက်

အကွဲကွဲအကြေကြေ .... ဖြေသိမ့်တတ်ပါတယ်။

ဆိုတာမျိုးကတော့ စိတ်နာစရာကောင်းတာပေါ့ မမရယ်...

ပန်းချီကားလေးတစ်ချပ်လို့ ကဗျာလေးရဲ့ ဒဏ်ရာတွေကလှနေတယ်...

သက်ပိုင်သူ said...

ဇန်န၀ါ၇ီလေတွေထန်လို့
ဆိုတာလေး ကြိုက်တယ်

sait phay yar said...

နေခဲ့ရသူပဲကွယ်
အကွဲကွဲအကြေကြေ .... ဖြေသိမ့်တတ်ပါတယ်..တဲ့လား
အသားကျနေတဲ့သဘောပေါ့နော်

မေငြိမ်း said...

အဲဒီစကားလုံးတွေ ရှင်တို့ ဘယ်က ကောက်ရတာလဲဟင်..။ ဒါမျိုးက ရှာလို့လည်း ရတာမဟုတ်..။ တို့များမတော့ ကဗျာနဲ့ ပတ်သက်လာရင် ရှားပါးပါ့ :(

မယ်ကိုး said...

စကားလုံးလေးတွေ အကုန်လှတော့လည်း အနှစ်သာရက ပိုပေါ်လွင်လို့  လှတယ် လှတယ်လို့  ရင်ထဲမြည်နေမိတယ် မ...

မေဇင် said...

ကောင်းလိုက်တာ ကဗျာလေး ရယ်...ရေးတတ်တယ်..နောင့် ခံစားတတ်ပေမယ့်... မရေးတတ်ဘူး...ရေးတတ်တဲ့သူကို အရမ်းသဘောကျတယ်..။ အကွဲကွဲ အကြေကြေ ဖြေသိမ့်တတ်ပါတယ်...တဲ့ ..။း)

WWKM said...

နေခဲ့ရသူပဲကွယ်
အကွဲကွဲအကြေကြေ... ဖြေသိမ့်တတ်ပါတယ်... တဲ့

လှလိုက်တဲ့ စကားလုံးလေး.. ဒါကြောင့် ဘက်ဆဲလ်လား
ကြီးဖြစ်နေတာကိုးးးးးးးးးးးးး

Julian said...

ဒဏ္ဍာရီ (၁၃)တဲ့...
ဒဏ္ဍာရီလဲဖြစ်တယ်.... (၁၃) ဂဏန်းလဲဖြစ်တယ်။
ကောင်းကင်ဆိုတာမြေနဲ့လုပ်စရာလားကွယ်...အစကတည်းကမှားယွင်းခဲ့တဲ့ကောင်းကင်လေးပါလား။
တကယ်ဆိုရင်ကျောက်ထက်အက္ခရာတင်ထားတဲ့စကားလုံးတိုင်း အချိန်တစ်ခုထိတော့ကျန်သင့်တာပေါ့။ ကျောက်ပေါ်မထွင်းဘဲရေပေါ်ထွင်းခဲ့မိလေသလား...
စကားလုံးတွေထစ်အ ပြင်းထန်တဲ့ခံစားချက် ဒီခံစားချက်ကလေးဘဲ ကိုယ်နဲ့အတူတူ သစ္စာရှိရှိနေခဲ့တော့မှာလား....
လမ်းဆုံးမှာ..ကြေကွဲနေရစ်မယ်ဆိုတာသိရက်နဲ့ကျောခိုင်းခဲ့ရက်သူ..
မြတ်နိုးတွယ်တာခဲ့ဘူးသူတစ်ယောက်အတွက် ဆက်လျောက်ရမယ့်လမ်းမှာ ကိုယ်ချင်းစာစွာ စိတ်ချမ်းသာနိုင်ပါစေ.....


စာရေးသူဆိုလိုချင်တာဖြစ်ချင်မှဖြစ်မယ်
ကိုယ်ကတော့ဒီကဗျာလေးကိုအဲလိုခံစားရတယ်

ဆုတောင်းပါရဲ့ ဖုန်းဆိုးရင်တလင်းလေးလှပစိုပြေလာဘို့ပါ။

ဂျူ

မင်းနေဝေး said...

ကျောက်ဆစ်စကားလုံးတွေ
တစ်ဖူးတစ်လေတောင်မကျန်ဘူးတဲ့လား .....
အတိတ်ကိုတောင် ... ပြန်တောင်သတိရမိတယ် ....
ဒါပေမယ့် ရှာမတွေ့တော့ဘူး ....
ကဗျာလေးကောင်းတယ် ...

အိုင်လွယ်ပန် said...

ဖုန်းဆိုးရင်တလင်းတစ်ခုလုံး
မြူခိုးတွေ တ၀ုန်းဝုန်းတောက်လောင်
အမှောင်ရူးရူးတွေကသာ
သစ္စာရှိစွာတောက်ပနေခဲ့ ။

အခက်ချိုးရင်း.... အရိပ်နေခဲ့သူများ
အရှေ့မျဉ်းဖြောင့်အတိုင်း သွားနိုင်ပါစေ။

ကဗျာ ဖတ်ပြီး
အကွဲကွဲ အကြေအကြေ ပဲ
ဖြေသိမ့်လိုက်ရ ပေါ့ ။

ဆောင်းယွန်းလ said...

ဖုန်းဆိုးရင်တလင်းတစ်ခုလုံး
မြူခိုးတွေ တ၀ုန်းဝုန်းတောက်လောင်
အမှောင်ရူးရူးတွေကသာ
သစ္စာရှိစွာတောက်ပနေခဲ့
ကောင်းလိုက်တဲ့စကားလုံးတွေဗျာ
ကဗျာလေးကိုအခေါက်ခေါက်ထပ်ဖတ်သွားခဲ့တယ်မနော်ရေ

သျှင်ခ said...

အစ်မရေ
အစ်မရဲ့ ဒဏ္ဍာရီ (၁၃) ကိုတွေတော့
ဘာကြောင့်မသိဘူး ကျနော် လူနံပါတ် (၁၃)
ကို သတိတောင်ရမိသေးရဲ့ ။
(လေးစားပါတယ် ) ကဗျာ လေး အတွက်

လင်းဒီပ said...

ဆုံးရှုံး ကြေကွဲ ကျန်ရစ်ခဲ့ရသူတစ်ယောက်ရဲ့ ဒဏ္ဍာရီတေးသွားတစ်ပုဒ်...။

နေခဲ့ရသူပဲကွယ်
အကွဲကွဲအကြေကြေ ....
ဖြေသိမ့်တတ်ပါတယ်။

နေခဲ့ရသူ အကွဲကွဲအကြေကြေ ဖြေသိမ့်ရတာ တန်ဖိုးကြီးလွန်းပါတယ်...

မီယာ said...

အရိပ်နေပြီး အခက်ချိုးတဲ့ သူတွေကိုတောင် ဆုတောင်းပေးထားတာ ကြိုက်လိုက်တာ။ နောက်ဆုံးစာကြောင်းလေးလည်း အရမ်းခိုက်တယ်။ မနော် ကဗျာတွေ ဖတ်ရတိုင်း သူတို့ ဦးနှောက်တွေ ရာသက်ပန် သိမ်းထားဖို့ ကောင်းတယ်လို့ စဉ်းစားမိတယ် (တကယ်ပြောတာပါ)

shanlay said...

အမ ကဗျာတွေဖတ်တိုင်း ကဗျာထက် အရောင်စုံတွေ မြင်မြင်နေတယ်ဗျ
မြူခိုးတွေ တ၀ုန်းဝုန်းတောက်လောင်
အမှောင်ရူးရူးတွေ တဲ့ အားရှိတယ်ဗျ

lovelessguiter said...

ကဗျာလေးကို ဖတ်ပြီး ရင်ထဲမှာ ၀မ်းနည်းမိသလိုလိုခံစားမိတယ်ဗျာ.. ဖြေသိမ့်ခဲ့ရတာတွေ များလို့လား တော့ မသိ...

k said...

မင်္ဂလာပါ ဆရာမ..
ခုမှ ဆရာမဘလော့ခ်ကို ၀င်ကြည့်ဖြစ်တယ်။
သစ်ရွက်အသေများပေါ်မှ ရက်စက်သောဂီတအတွက် အထူးကျေးဇူးပါ။
ကျွန်တော်တို့ဘလော့ခ်ပေါက်စလေးလည်း အားရင်ဝင်ကြည့်ပါဦး။
http://maungphone.wordpress.com
လေးစားစွာ...
မောင်ဘုန်း (ဘုန်းနေသွန်း)

Craton said...

အရှေ့မျဉ်းဖြောင့်အတိုင်းသွားရင် ပြုတ်ကျမှာပေါ့ဗျ

Zephyr said...

ရင်ဘတ်ထဲက စောင်းညင်းသံကို
ဘယ်လိုနားတွေ
မနာမဖျားကြားခဲ့ပါလိမ့် ...

လောက၀တ်စကားတွေနဲ့ ..
ိတိမ်တိမ်လေး တိတ်နေလိုက်တယ် ..
အချိန်တန်ရင် သူတို့လည်း အိပ်ပါလိမ့်မယ် ..

ထက်ပိုင်းကျိုးနေတဲ့စိတ်တစ်ခုအတွက်
အကောင်းအဆိုးလည်းမလိုအပ် ...
ခရမ်းရောင်ကျောက်စာချပ်တွေသာဆွေးမြေ့ကွဲအက်
...
.....
ဒီအချိန်မှာမီးမွှေးဖို့စိုက်လိုက်တာ
ငါ၏ အသက်ဓာတ်မျှသာ ...။ ။

Z

နွေဆူးလင်္ကာ said...

ကောင်းတယ်လို့ ထူးပြီး ပြောမတော့ပါဘူး။ ကဗျာတွေကို ချစ်တဲ့စိတ်နဲ့ပဲ အားကျစွာ ဖတ်သွားပါတယ်။

April said...

နေခဲ့ရသူပဲကွယ်
အကွဲကွဲအကြေကြေ .... ဖြေသိမ့်တတ်ပါတယ်။

မိုးနေ