တိမ်းနွဲ့တတ်သောဓားတစ်စင်းအကြောင်း(၂)

Thursday, June 18, 2009

(၅)
ဘာရယ်မဟုတ်ဘူး။ကျွန်တော်က လမ်းတကာ့လမ်းကိုတစ်ယောက်တည်းလျှောက်သွားရ တတ်တယ်။အလုပ်လုပ်တယ်ဆိုမှတော့ အဖော်ပါချင်လို့မှမရတာ။ကောင်မလေးကလည်း ကျွန်တော့်လိုပဲထင်ပါရဲ့။ဘယ်သောအခါမှ အဖော်နဲ့မတွေ့ရတတ်ဘူး။
“မုန့်ဟင်းခါးတစ်ပွဲ အကြော်မထည့်ဘူး..”
ဒါ..ပထမဆုံးကြားဖူးတဲ့ လေညင်းလေးရဲ့အသံ။ကျွန်တော်မုန့်ဟင်းခါးစားနေရာကနေ ဆံနွယ်တွေကို ကပိုကရိုသပ်တင်ရင်းမော့ကြည့်လိုက်တော့ ..သူမလည်းတအံ့တသြပြန် ကြည့်တယ်။ပြီး..ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး ကျွန်တော့်နံဘေးက ခုံလွတ်တစ်ခုမှာဝင်ထိုင် လိုက်တယ်။သူ့ဘာသာသူ အေးအေးဆေးဆေးစားစရာရှိတာစားတယ်။မြင်တွေ့နေကျမို့ နှုတ်ဆက်ဖို့လည်း စိတ်ကူးရှိပုံမပေါ်ပါဘူး။ရှိုးတိုးရှန့်တန့်လည်းဖြစ်မနေဘူး။ပြီးတာနဲ့ ကျော ပိုးအိတ်ကလေးဆွဲ၊ငွေရှင်းပြီးထွက်သွားပြန်လေရော။
အဲဒီညနေမှာ မတွေ့တာအတော်ကြာပြီဖြစ်တဲ့သူငယ်ချင်းမလေးတစ်ယောက်နဲ့တွေ့လို့ ကျွန်တော်သတိတရပြောဖြစ်သေးတယ်။
“ခုတလော..လူတစ်ယောက်ကို အဓိပ္ပာယ်မရှိခဏခဏတွေ့နေရတယ်..”
“နင့်နောက် တကောက်ကောက်လိုက်နေတာလား ဒါဆို အခြောက်ပဲဖြစ်ရမယ်”
“မဟုတ်ပါဘူးဟာ..”
“ဒါဆို နင်နဲ့သွားလမ်းလာလမ်းတူနေတဲ့သူ ဖြစ်ရမယ် ”
“ငါလိုကောင်နဲ့မှ သွားလမ်းလာလမ်းတူနေရင် အမြွာပဲဖြစ်ရမယ် ဖြစ်ရင်တောင် အလုပ် ချင်းဘယ်လိုမှတူမှာမှမဟုတ်တာ..”
“ဟ ..ဒါဆို နင့်ဟာက ဘာကြီးလဲ..”
“အေး ..ဘာမှန်းတော့မသိဘူး အဓိပ္ပာယ်လည်းမရှိဘူး ထူးလည်းထူးသလိုခံစားရလို့ နင့်ကိုပြောပြတာ ဘာမှတော့မဟုတ်ပါဘူး ”
“ဘာမှမဟုတ်ရင် ဘာလို့လာပြောသေးလဲ..”
“သြော် ..နင်နဲ့ငါက ငယ်ငယ်တည်းကသူငယ်ချင်း အရမ်းခင်ကြတယ် ဒါတောင်မှ တစ်နှစ် နေလို့တစ်ခါမတွေ့တဲ့အခါ မတွေ့ကြဘူး..မဟုတ်လား..”
“အေးလေ..”
“အဲဒါပေါ့ ..သူနဲ့ငါကျ မသိဘူး မခင်ဘူး ချိန်းလည်းမထားဘူး ဒါပေမယ့် ရက်ခြားလောက် တွေ့နေတယ် အဲဒါကိုက အဓိပ္ပာယ်မရှိသလို ထူးဆန်းသလိုဖြစ်မနေဘူးလား ”
“အိုကေ..ရှင်းပြီ ကဲ ပြော နင်ဘယ်လိုလူကိုတွေ့တွေ့နေတာလဲ ..”
“ကောင်မလေး…အဲ..အဲ..သူ.. သူ .. သူ ပဲ..”
ကျွန်တော့်စကားမဆုံးခင်မှာ အဖြူရောင်လေညင်းလေးက ကျွန်တော့်ရှေ့က ဒုတိယအ ကြိမ်ဖြတ်သန်းသွားတယ်။ဒီတစ်ခါတော့ လေညင်းလေးက ရေးကြီးသုတ်ပြာနိုင်နေသလိုပဲ။
သူငယ်ချင်းမလေးက ဖျတ်ကနဲလိုက်ကြည့်ပေမယ့် မမီလိုက်တော့ဘူး။အဖြူရောင် အငွေ့ အသက်လေးတွေဖျော့တော့ကျန်ခဲ့တာကိုတော့ ကျွန်တော်ခံစားလို့ရလိုက်တယ်။
“ဇာတ်ညွှန်းတွေလာရေးနေတယ်..”
သူငယ်ချင်းမလေးက မကျေမနပ်ရေရွတ်ပါတယ်။
ကျွန်တော်လည်းရှင်းပြမနေတော့ပါဘူး။စကားလမ်းကြောင်း ပြောင်းလိုက်ရတယ်။ခဏနေ တော့အရာရာဟာပုံမှန်ပြန်ဖြစ်သွားပြီ။သူမနဲ့ ပတ်သက်လာရင်ဖြစ်နေကျအတိုင်း။

(၆)
FMI Centre ဆိုတာ တကယ်တော့ ကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူး။ဒါပေမယ့် ဒီနေ့တော့ ကျွန်တော် FMI ကိုရောက်ခဲ့ရပြီ။ရောက်ရောက်ချင်း လှိုက်လှဲတဲ့အအေးဓာတ်တချို့ကကျွန် တော့်ကိုဆီးကြိုတယ်။ ကျွန်တော်သွားရမယ့်နေရာက ဒုတိယထပ်က ဆိုင်ခန်းတစ်ခန်းကို ပါ။အဲဒီမှာ ကျွန်တော့်အစ်မဝမ်းကွဲဆိုင်ရှိတယ်။သူ့ဆီမှာနိုင်ငံခြားက လူကြုံပါးထားတဲ့ စီဒီ တစ်ချို့ရောက်နေတာ သွားယူရမယ်လေ။
ဒုတိယထပ်ကိုတက်ဖို့ လှေကားထစ်ကို စလိုက်တယ်ဆိုရင်ပဲ ကျွန်တော့်ခြေရင်းကို ပန်းဖြူ ဖြူလေးတစ်ပွင့် လွင့်ကျလာတယ်။တကယ့်ပန်းပွင့်အစစ်လေးပါ။ကျွန်တော် ငုံ့မကောက်မိ ပါဘူး။ပန်းကလေး ဘယ်ကလွင့်ကျလာတယ်ဆိုတာကိုပဲဝေ့ဝဲရှာမိတယ်။
အပေါ်ထပ်ကနေ ပန်းကလေးကျနေရာကို အူယားဖားယား ပြေးဆင်းလာတဲ့သူကတော့ ကျွန်တော့်ကို နေရာမရွေးဖြတ်ဖြတ်တိုက်သွားတတ်တဲ့ လေညင်းဖြူဖြူလေးပါပဲ။ဒီနေ့တော့ အဖြူရောင် အကျီ င်္ အဖြူရောင်ဂါဝန်ရှည်ကလေးနဲ့ သူမပြုတ်ကျခဲ့တဲ့ပန်းပွင့်ကလေးလိုပဲ ကြွကြွရွရွကလေး ဖွေးဖွေးဖြူလို့။ ကျွန်တော့်ကိုမြင်တော့ “တွေ့ပြန်ပြီ..” ဆိုတဲ့ အကြည့် လေးတစ်ပွင့်ကို စက္ကန့်ဝက်လောက်ပေးသွားပြီး သူမရဲ့ပန်းပွင့်ကလေးကို ဆတ်ကနဲ ကောက်ယူတယ်။ပြီး FMI ထဲကနေ ခပ်သွက်သွက်ကလေး လှမ်းထွက်သွားတော့တယ်။
ကျွန်တော် မသိမသာတစ်ချက်ပြုံးမိတယ်။ဘာလို့မှန်းမသိဘူး။သူနဲ့ကျွန်တော် ခဏခဏဆုံ နေတာလည်း အဲလိုပဲ ဘာလို့မှန်းမသိဘူး။လက်စမသပ်နိုင်သေးတဲ့ အပြုံးစစနဲ့ ဆိုင်ထဲဝင် လာတဲ့ ကျွန်တော့်ကို မမနွယ်က ခုမှမြင်ဖူးတဲ့သူလိုသေသေချာချာ ကြည့်တယ်။
“ဘာဖြစ်နေတာလဲ..”
“အင်း..အဲ..ဘာမှမဖြစ်ပါဘူး..”
…ဆိုပြီး ကျွန်တော့်အတွက်ရောက်နေတဲ့ စီဒီ တွေထုတ်ပေးတယ်။ပြီးမှ..
“စောစောကတောင်..”
“ဘာဖြစ်လဲ..”
“ကောင်မလေးတစ်ယောက် ဆိုင်ထဲဝင်လာရင်းနဲ့ နင့်စီဒီတွေတွေ့လို့ အတင်းတောင်း ဝယ်နေသေးတယ်”
“ဟုတ်လား မရောင်းနိုင်ပါဘူး မမနွယ်ရာ..”
“နင် မြင်ရင်ရောင်းချင်မှာပါ..”
“ဟင်..ဘာဆိုင်လို့လဲ.မမရဲ့ ကျွန်တော့်များ ငကြောင်မှတ်နေလို့လား...”
မမနွယ်က အားနာသလိုရယ်တယ်။
“မဟုတ်ရပါဘူးဟာ ထူးထူးဆန်းဆန်း အဲဒီကောင်မလေးက ..”
“ကျွန်တော်နဲ့တူနေတယ်..”
ကျွန်တော်ကပဲ မမနွယ်စကားကိုဖြည့်ပေးလိုက်တာမို့ မမနွယ်မှာတအံတသြနဲ့ဘာမှ ဆက်မပြောနိုင်ဘူး။အတော်ကြာမှ..
“မောင်နှမချင်းတောင် မျက်စိလည်တယ် နင်နဲ့ဘာတော်လဲ..”
“မောင်နှမ..”
ကျွန်တော်ရွဲ့ဖြေရင်း ကုလားကြီးကိုပြေးသတိရမိတယ်။အဲဒီတုန်းက သူအမ်းစရာရှိတဲ့ငွေ ကိုယူပြီး ခပ်တည်တည်နဲ့ လက်ဘက်ရည်သောက်လိုက်ရကောင်းသား..လို့တွေးနေမိသေး တယ်။
အံ့တွေသြနေတဲ့ မမနွယ်ကိုတော့ လေပင့်မနေတော့ဘူး။
တစ်ခုခုထူးခြားနေတာ သေချာနေပြီပဲ။
အချိန်ကုန်ခံ စဉ်းစားနေစရာမလိုတော့ဘူးလေ။

(၇)
ကျွန်တော့် Thesis အတွက် စာအုပ်တစ်အုပ်လိုလို့ ကျွန်တော်ကွန်ပျူတာတက္ကသိုလ်က နေ ပင်မတက္ကသိုလ် ထဲကိုရောက်ခဲ့တယ်။သွားရမှာက စစ်ကိုင်းဆောင်က ဆရာတစ်ဦးဆီ ကိုပါ။သူ့ဆီမှာ ကျွန်တော်လိုချင်တဲ့ စာအုပ်ရှိကြောင်း နတ်လမ်းညွှန်ရထားတယ်လေ။
ပင်မတက္ကသိုလ်ကြိးက ကျောင်းပိတ်ချိန်တစ်ခုလိုပဲ။လူခြေတိတ်လို့။စာကြည့်တိုက်ဖက်မှာပဲ ဖင်မြဲတတ်တဲ့ မဟာတွေ ပါရဂူလောင်းလျာကြီးတွေပဲ ရှိတော့လို့ထင်ပါရဲ့။ကျွန်တော်မှာ အဓိပတိလမ်းမပေါ်ချလှမ်းရတဲ့ကိုယ့်ခြေသံကိုတောင် ကိုယ်ပြန်ကြားနေရသလားထင်မိပါ တယ်။ပင်းယဆောင်ဖက်ကနေ စစ်ကိုင်းဆောင်ဖက်ကိုချိုးတဲ့လမ်းကလေးက ပိုဆိုးပါတယ် ဘယ်သူမှလည်းမရှိဘူး။ဘာသံမှလည်းမကြားရဘူး။စစ်ကိုင်းဆောင်ရောက်မှပဲ လူတွေ့ရ တော့တယ်။ကျွန်တော် ဆရာ့ဆီက လိုချင်တဲ့စာအုပ်လည်းမရခဲ့ပါဘူး။တခြားလူကိုငှားထား လို့တဲ့။စိတ်ပျက်လက်ပျက်နဲ့ ကျွန်တော်ပြန်ထွက်လာခဲ့မိတယ်။အင်းဝဆောင်ဖက်ကို ခေါင်း ငိုက်စိုက်ချရင်းဆက်လျှောက်လာမိရာက ခြေသံလိုလိုကြားရလို့ နောက်လှည့်ကြည့်မိတော့ မြတ်စွာဘုရား………..
ကောင်းကင်က ပြုတ်ကျလာသလားမှတ်ရတယ်။အဖြူရောင်လေညင်းကလေးပေါ့။ထုံးစံ အတိုင်း တရွေ့ရွေ့နဲ့လွင့်မျောလာတယ်။လက်ထဲမှာလည်း ဘယ်လောက်စိတ်ဝင်စားစရာ ကောင်းနေမှန်းမသိတဲ့ စာအုပ်တစ်အုပ်ကိုငုံ့ကြည့်လှန်လှောလို့။
ဘာအဓိပ္ပာယ်မှမရှိပါဘူး။ဆက်ရပ်ကြည့်နေလို့လည်း ဖြစ်တာမဟုတ်လို့ တအံတသြနဲ့ပဲ ကျွန်တော်ဆက်လျှောက်ခဲ့ရတယ်။ပြီး အင်းဝရှေ့က ခုံတစ်ခုံမှာ ကျွန်တော်ဝင်ထိုင်လိုက် တယ်။ထမင်းစားဖို့ပါ။ခဏနေကျမှ သူမလေးက ကျွန်တော့ရှေ့ကိုဖြတ်လျှောက်တယ်။စော စောက စိတ်ဝင်တစားကြည့်နေတဲ့စာအုပ်ကိုပိတ်ထားလိုက်ပြီမို့ ကျွန်တော့်ကိုမြင်သွားပါ တယ်။ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်ဆုံနေကျအတိုင်းပဲ။သူက ကျွန်တော့်ကို အဖုံး ပိတ်ထားတဲ့ (အထဲမှာ ဘာပါမှန်းသူသိချင်ပုံမရတဲ့)စာအုပ်တစ်အုပ်ကြည့်သလိုကြည့်တယ် ကျွန်တော်ကလည်း ဝယ်သူမဟုတ်တဲ့သူတွေ ဖြတ်သန်းရင်းး ကြည့်သွားတာခံရနေကျ ပစ္စည်းတစ်ခုလိုပဲ ဘာသိဘာသာနေလိုက်တယ်။နောက်ဆုံးတော့လည်း အဖြူရောင် လေညင်းကလေးဟာ စစ်ကိုင်းလမ်းကိုဖြတ်တိုက်လာတဲ့ လေပြည်တချို့နဲ့အတူ ဂျပ်ဆင် ဖက်ကိုမျောရွေ့သွားတော့တယ်။စစ်ကိုင်းလမ်းပေါ်မှာက ကျွန်တော်ပဲကျန်ခဲ့တာလေ။ လေညင်းဆိုတာက နေရာတိုင်းမှာရှိနေတတ်တဲ့အရာပါ။ဒါကြောင့်များ ကျွန်တော်သွားလေ ရာမှာ အဲဒီလေညင်းဖြူဖြူလေးက ဖြတ်သန်းတိုက်ခတ်နေတာများလား။
တစ်ခါတစ်ခါတော့ တကယ့်အဖြစ်အပျက်တွေဟာ စင်တင်ပြဇာတ်တွေထက် ဆန်းကြယ် တတ်ပါတယ်။

(၈)
“ဆရာ..”
“ပြော..”
“ဒီကပြီးရင် မြို့ထဲသွားမှာလား..”
“အင်း…”
“ကျွန်တော်လည်း လိုက်မယ်..”
“ဘာလုပ်မလို့လဲကွ..”
ကျွန်တော်မျက်မှောင်ကြုတ်ရင်းပြန်မေးတော့ ကိုရွှေချောလေးက မျက်နှာချိုသွေးတယ်။
“Game CD တစ်ချပ်လောက်လိုက်ဝယ်ချင်လို့ ..”
..လို့ မရဲတရဲလေးပြောပါတယ်။
ကျွန်တော် ခေါ်ခဲ့လိုက်တယ်။
ဒါပေမယ့် ကိုယ်တော်လေးက လိုချင်တာရပြီး ကိစ္စက မပြီးသွားပါဘူး။
“ဆရာ”
“ပြော..”
“ကျွန်တော် TOILET ဝင်ချင်တယ်..”
အံမယ်လေး၊လူယဉ်ကျေးသားရယ်လို့ပဲ ကျွန်တော်အော်လိုက်ချင်ပါတော့တယ်။မြို့လယ် ကောင်မှာ ကျွန်တော်က သူ့အတွက် TOILET ဆိုတဲ့နေရာကို ကဗျာကယာစဉ်းစားပေးရ တယ်။
“လာ..လိုက်ခဲ့..”
သူ့ကို ဆူးလေကားဂိတ်နားက အခကြေးငွေပေး အများသုံးအိမ်သာကိုခေါ်သွားရတယ်။ သန့်တော့သန့်ပါတယ်။တစ်ခါတစ်ခါတော့လည်း ကျွန်တော်လို ဂျစ်ပဆီကောင်အတွက် ဒီ နေရာလေးတွေက သိထားတာမမှားပါဘူး။အသုံးဝင်ပါတယ်။
“ဒီမှာ ရောက်ပြီ..”
“ဆရာရော..ဝင်ဦးမလား..”
“အင်း..ရောက်လက်စနဲ့”
ကျွန်တော်ပါဝင်လိုက်သွားဖြစ်တယ်။
ပြန်ထွက်လာတော့
“အဲ..”
တစ်ဖက် အမျိုးသမီးအိမ်သာကနေ ဖြူဖြူအရိပ်ကလေးတစ်ခု ထွက်လာတာမို့ ကျွန်တော်တို့ အပြန်အလှန်ကြည့်မိကြတယ်။အဓိပ္ပာယ်မရှိလိုက်တာ။အိမ်သာထဲက ထွက်လာတာတောင် ဆုံရတယ်လို့..။
ကျွန်တော်လည်း တပည့်ကျော်လက်ကို ဆတ်ခနဲဖမ်းဆွဲပြီး လှည့်ထွက်လိုက်တယ်။သူမ လေးက လည်းကျောပိုးအိတ်ကလေးကို ဖျတ်ကနဲပြန်ပြင်လွယ်ရင်း သူနဲ့ဆန့်ကျင်ရာဘက် ကို ထွက်ခွာသွားလေရဲ့။


12 Comments:

ဖိုးစိန် said...

တစ်

ဖိုးစိန် said...

နက်မကောင်းဘူး မကြီးနော်ရေ...
လူလဲမကောင်းဘူး... အလုပ်ကပြန်လာမှ အေးဆေးဖတ်တော့မယ်.. တစ် ရအောင်ယူလိုက်ပြီး..
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
နေကောင်းအောင်နေပါမကြီးနော်

မယ်ကိုး said...

ဟုတ်တယ်မရေ...
ကျွန်မ မှတ်မိနေတာလည်း toilet နားမှာဆုံတဲ့အခန်း... ချစ်ဖို့ ကောင်းလို့ ။ :P

ဖတ်ပြီးလည်း လာဖတ်ဦးမယ်နော် မ...
ချစ်ဖို့ ကောင်းတဲ့ စာလေးကို ခဏခဏဖတ်ချင်လို့ ...

အိန္ဒြာ said...

မမ...

ဝဋ်လည်နေပါပြီ..

ဖတ်ရတာ..ဆန့်ငင်ငင်...

နေကောင်းအောင်နေပါ မမ..

ချစ်တဲ့

လင်းဒီပ said...

သေချာနေပြီ ကောင်လေး ရဲ့ပျောက်နေတဲ့ ကိုယ်တစ်ခြမ်းပဲ...
ြ့မန်မြန် ပြန်ဆက်ပေးလိုက်ပါ အစ်မရယ်..။

Julian said...

နာတော့ အဲဒီဖြူဖြူလွင့်လွင့်တွေ ဒီမှာမြဲတွေ့နေရလို့ စိတ်နဲ့ကိုယ်နဲ့တခြမ်းစီညစ်နေတယ်........

နေကောင်းပါစေ ။ စိတ်ရှင်ရှင် ရှည်ရှည် ကြည်ကြည်လင်လင် ထား ။ စိတ်ထဲအားလုံးထည့်မထားနဲ့ ။ အိတ်ကလေးတစ်လုံးရှာ ၊ တစ်ချို့တစ်ဝက်ခဏထည့်ထား ။ စိတ်ထဲထည့်ထားတာတွေ ရှင်းသွားမှ အိတ်ထဲကဟာတွေစိတ်ထဲထပ်ထည့် ။ နေနဲနဲကောင်းလာမယ်........

ဂျူ

tg.nwai said...

ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးပါလားမနော်..။ ဒီနေ့မှ အပိုင်းနှစ်ပိုင်းစလုံး လာဖတ်ဖြစ်ပါတယ်...နက်မကောင်းလို့..

အိုင်လွယ်ပန် said...

စိတ်ဝင်စားစရာပိုကောင်းလာတယ်အစ်မ ...
ဆက်လက်ပြီးမျှော်နေပါတယ် ...

မီယာ said...

စိတ်ဝင်စားစရာ ပိုကောင်းလာပြီ။ မြန်မြန်ဖတ်ချင်ပေမယ့် မြန်မြန် နေကောင်းပါစေလို့ ပဲ ဆုတောင်းသွားတယ်

WWKM said...

ဖတ်လို့ အလွန်ကောင်းစ်...
အဲလိုလေးတွေဖတ်ချင်နေတာ...
နောက်တစ်ပိုင်း..နောက်တစ်ပိုင်း...း)
နောက်တစ်ပိုင်းဆို အပြီးလား... ပြီးရမှာနှမျောစရာကြီး
ရယ်... ဇာတ်ရှည်ရှည်လေးဆွဲထားပါဦး. အဟတ်

နေမကောင်းပဲလာဖတ်သွားတာ.
အိပ်တော့မယ်.

နွေးနွေးသဲမွန် said...

ဖတ်လို့ ကောင်းလိုက်တာ.... :-)

မိုးခါး said...

မရေ
ခုမှကြွေးလိုက်ရှင်းနေရတယ်း)