ကံဆိုးမ

Saturday, May 30, 2009

ပုံကို google ကယူပါတယ်
ကံဆိုးမ
နေမြင့်ရာအရပ်ကကြည့်လိုက်ပြန်တော့
ရူးသွပ်မှုတွေက ရင့်ရော်နွမ်းခြောက်နေခဲ့။

အထားအသိုမှားခဲ့သော စိတ် များ
အနာအကြားလွဲခဲ့သော အနာဂါတ် များ
တံခါးခပ်စေ့စေ့ သဏ္ဍာန် ပန်းချီကားချပ်အဆန်းများ
အာရုံဟာ တစ်လမ်းတည်းသွားခဲ့လို့မရပြန်ဘူး

ချစ်ခြင်းမေတ္တာ၏ မရဏကျမ်းဆိုလား
အား..ကနဲထပျံသွားတဲ့ကျီးကန်းကြီးက
ခါးသက်သောအငွေ့အသက်များနဲ့
ခပ်အက်အက်ရယ်သွမ်းသွေးသွားသေး..

စိတ်တံခါးချပ်တွေကိုခပ်တင်းတင်းပိတ်ပစ်လိုက်တဲ့အခါ
ကမ္ဘာဟာမှောင်အတိကျ…
ဒါဏ်ရာအနာတရတွေက ပြာကျသွားခဲ့ကြတယ်
တကယ်ဆို ထင်သလောက်မလွယ်ခဲ့ကြပါဘူး
သစ်ပင်လေးတစ်ပင်အမြစ်တွယ်တာကအစ နာကျင်ခဲ့ကြရတာပဲ
ခွဲခွာသွားကြတဲ့အခါ..အရာရာဟာ ကျောက်ဖြစ်သွားမယ့်သက္ကရာဇ်တွေမှာလို့
ဘယ်သူက အာမခံထားခဲ့လို့တုန်း။

တစ်လမ်းတည်းသွားနှင့်ကြပါ
တစ်နေရာမှာတော့ဆုံကောင်းရဲ့
လူမှန်းမသိတော့တဲ့ကံကြမ္မာနဲ့
ငါတို့က ဘာကိုဆက်ဆွေးနွေးလို့ရမတဲ့လဲ

အဝါတွေနည်းနည်းလျှော့ပါ အဖြူရောင်များများပေးပါ
ဒါဏ်ရာတွေက ပတ်ကြားတွေအက်လို့
(မာနဆိုတဲ့ဓါတ်ချို့တဲ့လို့လေ..)
လိပ်စာမှားတံခါးခေါက်မိနေသော ကံတရားကလည်း
ငါ့ဆီပြန်လှည့်မလာတော့…

ရစ်တာစကေးခပ်များများနဲ့
နှလုံးသားရပ်ဝန်းတစ်ခုလုံး ဂျွမ်းထိုးမှောက်ခုန်
အတောင်မစုံနိုင်သေးတဲ့ မြို့ရိုး
နှင်းစက်တွေကဝေဝင်းဝိုးဝါးလို့…။

ညို့တက်လာသောမျက်ရည်တိမ်ရိပ်များ
လေနှင်ရာလွင့်ပါးသွားနှင့်ကြပါ
မိုးကြီးရွာပြီဆိုမှဖြင့် အဲဒီနေရာမှာ
ငါရှိနေပါလိမ့်မယ်။ ။
မနော်ဟရီ


23 Comments:

Zephyr said...

ဆာဟာရမှာတော့မိုးမရွာလောက်ဖူးထင်ပါရဲ့ ...
စိတ်ချမ်းသာခြင်းကိုဗဟိုပြုလျက်
Z

မယ်ကိုး said...

အထားအသိုမှားခဲ့သော စိတ် များ
အနာအကြားလွဲခဲ့သော အနာဂါတ် များ
တံခါးခပ်စေ့စေ့ သဏ္ဍာန် ပန်းချီကားချပ်အဆန်းများ
အာရုံဟာ တစ်လမ်းတည်းသွားခဲ့လို့မရပြန်ဘူး

စကားလုံးတိုင်းကို အကုန်ခံစားသွားတယ် မ ...
ကိုယ်ကလည်း ဒီလို အမြဲတွေးမိလို့ 

ဖိုးစိန် said...

မိုးကြီးရွာရင် ရွာပါစေ
လေကြမ်း မတိုက်ရင် ခံနိုင်ရည်ရှိပါတယ်
မိုးကြီး စဲဖို့လဲမမျှော်လင့်ပါဘူး
ကံတရားပဲလေ
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

WWKM said...

ကဗျာလေးလာဖတ်သွားပါတယ် မေခရေ..
လှပတဲ့ အနာဂတ်တွေနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေ.
ကိုကိုလေးကိုဂရုစိုက်နော်.ခမည်းခမက်လောင်းရေ..
တကယ်တော့ ဖိတ်စာလေးမှာ မနော်နာမည်နဲ့တကယ်
ရေးမလို့စိတ်ကူးခဲ့ပေမယ့် ဟိုမေး ဒီမေးမေးရမှာ အား
နာလို့ ရေးချင်သလိုရေးလိုက်တာနော်.. ခွင့်လွတ်.း))

nadine said...

အစဉ်အားပေးလျှက်ပါမနော်ရေ....

(ကို)
နဒင်း

လင်းဒီပ said...

ကဗျာက မှိုင်းညို့နေလိုက်တာ....။

သက်ပိုင်သူ said...

မိုးကြီး ရွာနေပြီ ဆိုမှဖြင့်တဲ့...
တကယ်ပဲ ကျွန်တော့် ဘ၀ မှာ မိုးရွာခံရတယ် အကြိမ်ပေါင်းတွေ
ကဗျာထဲကလိုများခဲ့ဘူးတယ်

eaindraomtt said...

တစ်လမ်းတည်းသွားနှင့်ကြပါ
တစ်နေရာမှာတော့ဆုံကောင်းရဲ့
လူမှန်းမသိတော့တဲ့ကံကြမ္မာနဲ့
ငါတို့က ဘာကိုဆက်ဆွေးနွေးလို့ရမတဲ့လဲ..

မမရေ...တစ်နေရာတော့ဆုံနိုင်ကောင်းပါရဲ့...
ဆုံတဲ့အချိန်မှာ..
ဆက်ဆွေးနွေးစရာတွေ ရှိပါသေးတယ်..
ဆက်ကိုဆွေးနွေးရဦးမယ်..

အိန္ဒြာ

မမ ရယ်..ကဗျာနာမည်ကြီးက ရက်စက်လိုက်တာ

Moe Myint Tane said...

နေလာနှင်းပျောက်ကံတရားတွေက နေညိုချိန်မှာမှ ရေခပ်ဆင်းချင်သတဲ့လေ။ အိပ်မက်ရဲ့ အလှတရားထဲမှာ မျက်ရည်ညတွေများများလာတော့ အာရုံဆိုတာလည်း အမှောင်ရာသီကြီးစိုးတဲ့ အခန်းတစ်ခု။ လမ်းတွေကတော့ ကြမ်းနေဦးမယ်..။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Julian said...

စိတ်တံခါးချပ်တွေကိုခပ်တင်းတင်းပိတ်ပစ်လိုက်တဲ့အခါ
ကမ္ဘာဟာမှောင်အတိကျ…
ဒါဏ်ရာအနာတရတွေက ပြာကျသွားခဲ့ကြတယ်
တကယ်ဆို ထင်သလောက်မလွယ်ခဲ့ကြပါဘူး

(လွယ်တယ်လို့မထင်ခဲ့တာတောင် ထင်ထားတာထက်ပိုခဲ့တဲ့အဖြစ်တွေ........... )

တစ်လမ်းတည်းသွားနှင့်ကြပါ ......တစ်နေရာမှာတော့ဆုံကောင်းရဲ့

(ဆုံကောင်းပါရဲ့လေ .....အဲဒီအချိန်မှာ ဘာတွေဆွေးနွေးဖြစ်နိုင်မလဲ........ )

ဒါဏ်ရာတွေက ပတ်ကြားတွေအက်လို့
(မာနဆိုတဲ့ဓါတ်ချို့တဲ့လို့လေ..)
လိပ်စာမှားတံခါးခေါက်မိနေသော ကံတရားကလည်း
ငါ့ဆီပြန်လှည့်မလာတော့…

(မာန....ချို့တဲ့.. လိပ်စာများတံခါးခေါက်မိခြင်း.... ပြန်လှည့်မလာတော့ )

မိုးကြီးရွာပြီဆိုမှဖြင့် အဲဒီနေရာမှာ
ငါရှိနေပါလိမ့်မယ်။ ။

(ရှိနေကြပါလိမ့်မယ်......ရှိနေကြပါစေ......)

တစ်ပုဒ်လုံးကိုကြိုက်တယ် စူးနစ်စေတဲ့စာကြောင်းလေးတွေကို ......ပြန်လည်ဖော်ပြခြင်းသာ.........


ဂျူ

JulyDream said...

ကံဆိုးမ အကြောင်းပြီးရင်လေ...
ကံဆိုးကောင် အကြောင်းလေး ရေးပါလား...

ကိုရင်နော်ခင်လေးငယ် said...

ကဗျာလေးထဲမှာ ပျော်ဝင်သွားလိုက်တာ မိုးကိုသည်းရော..

Moe Cho Thinn said...

ကဗျာဖတ်ပြီး ရင်ထဲ မကောင်းလိုက်တာ..

Craton said...

ရစ်ခ်ျတာစကေးခပ်များများနဲ့
နှလုံးသားရပ်ဝန်းတစ်ခုလုံး ဂျွမ်းထိုးမှောက်ခုန်
အတောင်မစုံနိုင်သေးတဲ့ မြို့ရိုး
နှင်းစက်တွေကဝေဝင်းဝိုးဝါးလို့…...

မျောလွင့်သွားတဲ့မျက်ရည်တွေ
ခြောက်ခန်းသွားရင်တောင်
မိုးတွေကြောင့် တဖန်အသက်ဝင်လာလိမ့်ဦးမယ်..

အငှားမဟုတ်လား အန်တီနော်?

နွေးနွေးသဲမွန် said...

စိတ်တံခါးချပ်တွေကိုခပ်တင်းတင်းပိတ်ပစ်လိုက်တဲ့အခါ
ကမ္ဘာဟာမှောင်အတိကျ…
ဒါဏ်ရာအနာတရတွေက ပြာကျသွားခဲ့ကြတယ်
တကယ်ဆို ထင်သလောက်မလွယ်ခဲ့ကြပါဘူး
သစ်ပင်လေးတစ်ပင်အမြစ်တွယ်တာကအစ နာကျင်ခဲ့ကြရတာပဲ
ခွဲခွာသွားကြတဲ့အခါ..အရာရာဟာ ကျောက်ဖြစ်သွားမယ့်သက္ကရာဇ်တွေမှာလို့
ဘယ်သူက အာမခံထားခဲ့လို့တုန်း<--- ကောင်းလိုက်တာ... ကဗျာထဲမှာ ခဏ မျောပါသွားရတယ်...

မသက်ဇင် said...

တစ်လမ်းတည်းသွားနှင့်ကြပါ
တစ်နေရာမှာတော့ဆုံကောင်းရဲ့
လူမှန်းမသိတော့တဲ့ကံကြမ္မာနဲ့
ငါတို့က ဘာကိုဆက်ဆွေးနွေးလို့ရမတဲ့လဲ

ခံစားရပါတယ် မနော် ရယ့့် 

Andy said...

မွန်းကျပ်သွားတယ်ဗျာ

April said...

တကယ်ဆို ထင်သလောက်မလွယ်ခဲ့ကြပါဘူး
သစ်ပင်လေးတစ်ပင်အမြစ်တွယ်တာကအစ နာကျင်ခဲ့ကြရတာပဲ
ခွဲခွာသွားကြတဲ့အခါ..အရာရာဟာ ကျောက်ဖြစ်သွားမယ့်သက္ကရာဇ်တွေမှာလို့
ဘယ်သူက အာမခံထားခဲ့လို့တုန်း။

အဲဒီစာသားတွေက ရင်ထိတယ်။ လောလောဆယ် ခံစားချက်တွေနဲ့တိုက်ဆိုင်နေလို့လား သိပါဘူး။.

ဆောင်းယွန်းလ said...

လိပ်စာမှားတံခါးခေါက်မိနေသော ကံတရားကလည်း
ငါ့ဆီပြန်လှည့်မလာတော့…
အထိနာအောင်ကို ခံစားလိုက်ရပါတယ် မနော်ရေ

L'etranger said...

မိုးကြီးရွာပြီဆိုမှဖြင့် အရှေ့မြို့ရိုးကို သွားသွားသတိရမိတတ်တယ်

Mogok Thar said...

မနော် ရဲ့ ကဗျာလေးကိုဖတ်ပီး စိတ်တွေ လွမ်းမောသွားတယ်။
ပျော်ရွှင်ခြင်း မိုးတိမ်တွေ ကောင်းကင်မှာ ထာဝရ တည်ပါစေ။
မိုးကြီး ရွာချလိုက်ဆိုင်း မိုးစက်တွေ အောက် ပျော်ရွှင်စွာ ကခုန်နိုင်ကြပါစေဗျာ။

မသက်ဇင် said...

ထပ်ဖတ်သွားတယ်
ခံစားရတယ်
ခင်မင်လျက်

nyarna said...

ကျနော်(ဥာဏ) လာသွားပါတယ်...
မိုးကြီးသည်းကြီး..မဟုတ်ပါစေနဲဗျာ....
ဆရာချော..အိမ်မပြန်တဲ့.ညမှာ..မိုးတွေအရမ်းသည်းတယ်တဲ့..
ကျနောတို့..ကျောလေးတွေ..ဘယ်တော့လဲလေ...နေရောင်သင်းနေမလဲ..
စာနာဖို့ကောင်းပါတယ်..အားလုံးက..တမိုးအောက်မှာဆိုတော့လေ..ဗျာ