နိုင်ငံခြားပြန်..ဆိုလား....

Sunday, May 24, 2009

နိုင်ငံခြားပြန် … တဲ့။ ဝါဝါပြောသလိုပါပဲ။နိုင်ငံခြားရောက်နေတဲ့သူတွေကို နတ်ပြည်ရောက် နေတဲ့သူတွေသဖွယ် ထင်မှတ်ကြတာ မြန်မာတွေရဲ့ မျက်ကန်းအထင်ကြီးမှုပါပဲ။သူတို့ကို ဘယ်လိုရှင်းရှင်း အဆင်မပြေပါဘူး။ဘာလို့လဲဆိုတော့ မရှင်းပဲနဲ့ အထင်ကြီးခံရနည်းလား ဆိုတဲ့သူတွေ များနေလို့ပါပဲ။
အဲလိုပြောလို့ ကျွန်မကို သဘောမတူညီနိုင်တာတွေရှိသလို မုန်းချင်သူတွေလည်းရှိနိုင်ပါ တယ်။ တကယ့်တကယ်ကျ အဲဒါအမှန်ပါပဲ။နိုင်ငံခြားကပြန်လာတယ်ဆိုရင်ကို လူတွေက အထင်ကြီးနေပြီ။သူတို့ ဟိုမှာဘယ်လိုနေထိုင်စားသောက်ခဲ့ကြရတယ် ပင်ပမ်းခဲ့ကြတယ် ဆိုတာကို ပြန်မပြောကြပါဘူး။ကျွန်မအထင်ကတော့ ဖိုးစိန်လို ရိုးသားပြီးအကုန်ပြန်ပြောတဲ့ သူတွေရှားပါလိမ့်မယ်။ခု ဝါဝါ့လိုရောပေါ့..။အမှန်က သူတို့ပို့စ်တွေဖတ်ပြီး ကျွန်မက မရေး ချင်ပါဘူး။ဘာလို့လဲဆိုတော့ ကျွန်မရေးလိုက်ရင် ရှက်စရာတွေဖြစ်ကုန်မှာစိုးလို့ပါ..း).ကျွန် မမှာက သူတို့လို ဘာမှမခက်ခဲခဲ့ဘူးကိုး။
ခက်ခဲခဲ့တာဆိုလို့ မလာချင်လို့ပိန်လိမ်နေတဲ့ စိတ်ကလေးပဲရှိပါတယ်။ ဒါကြောင့်လည်းတစ် မိသားစုလုံး နိုင်ငံခြားရောက်နေတာ နှစ်များစွာကြာတာတောင် ကျွန်မတစ်ယောက်တည်း ကျန်ခဲ့တာပါ။နောက်ဆုံးထွက်သွားတဲ့ အမေနဲ့ညီမတောင် ရောက်နေတာ ၁၁နှစ်ကျော် သွားခဲ့ပါပြီ။မောင်လေးက ၁၄နှစ်ထဲမှာ။အဖေဆို ရောက်နေတာ နှစ် ၂၀လောက်တောင် ရှိ တော့မယ်ထင်တယ်။
ဒီကာလတွေကို သူတို့ဘယ်လိုဖြတ်သန်းခဲ့လဲ။ကျွန်မသေချာမသိပေမယ့် သေချာတာက တော့သက်သောင့်သက်သာရှိလိမ့်မယ်မဟုတ်ပါဘူး။ သူစိမ်းတွေမြေမှာလေ။အဖေက ဒီက ဘွဲ့ကိုရထားတယ်ဆိုပေမယ့် သူပထမတစ်ခေါက်လာတုန်းက ကျောင်းသား။နောက်တစ် ခေါက်လာတော့ ဘဝတစ်ခု တည်ထောင်ဖို့လာတာ။မတူတော့ဘူး။သူတို့တွေ တစ်ဆင့်ပြီး တစ်ဆင့် ခက်ခဲကျော်လွှားခဲ့ရမှာပဲ။ အဲဒီအချိန်မှာ ကျွန်မလည်း ရန်ကုန်မှာတစ်ယောက် တည်းကျိုးစားနေခဲ့ရတာပဲလေ။
ဘဝဆိုတာကတော့ ကိုယ်အလေးချိန်တိုးဖို့ ကျဖို့တောင် တစ်ခုခုမရင်းနှီးပဲမရနိုင်တာ သေချာလွန်းတဲ့နေရာပါ။သူတို့ဒီမှာ မိသားစု ဘဝတစ်ခုပြန်လည်တည်ဆောက်နေချိန်မှာ ကျွန်မလည်းတစ်ယောက်တည်း ကိုယ့်မိသားစုလေးတွက်ကိုယ် ပင်ပင်ပမ်းပမ်းတာဝန်ယူခဲ့ ရ ကိုယ့်နာမည်နဲ့ဘဝကို တည်ထောင်ခဲ့ရတာပဲ။ ဒါက ဘယ်သူပေးထားတဲ့တာဝန်လဲ…။ ဘယ်သူမှမပေးပါဘူး။ကိုယ့်တာဝန်ကိုယ်သိတဲ့သူတွေရဲ့ လုပ်ဆောင်မှုတွေပါ။တာဝန်မသိ သူမယူချင်သူတွေအတွက်ကတော့ အဆင်ပြေပါတယ်။ကိုယ့်အတ္တနဲ့ကိုယ်ပြောချင်ရာပြော လုပ်ချင်ရာလုပ်နေတဲ့သူတွေအများကြီးတွေ့ဖူးသလို ကြုံလည်းကြုံခဲ့ရပါတယ်။ဒါတွေကို တော့မဆိုင်တာမို့ဆက်မပြောတော့ပါဘူး။
တစ်ခုပါပဲ။တခြားနိုင်ငံမှာက လုပ်ရင်လုပ်သလောက်အကျိုးထူးပြိးလူတန်းစေ့နေနိုင်တယ်။ ကျွန်မတို့ဆီမှာကျတော့ မတိုးတက်သေးတဲ့နေရာတစ်ခုဖြစ်တဲ့အပြင် အခြေအနေအရပ်ရပ် ကလည်း ကျွန်မတို့ကိုခက်ခဲပင်ပမ်းစေပါတယ်။(ဒီနေရာမှာ ကြိုပြောရရင် ကျွန်မ နိုင်ငံရေး အခြေအနေကိုသုံးသပ်တင်ပြနေတာမဟုတ်ပါဘူး ကိုယ့်အခြေအနေနဲ့ထင်ဟပ်တဲ့ အခြေ အနေတစ်ခုကိုသာတင်ပြတာပါ ကျန်တာကျွန်မစိတ်မဝင်စားသလို လိုသလို ဆွဲတွေး ကောက်ချက်ချပေးဖို့လည်းမလိုအပ်ပါဘူး။) သွားနေတဲ့လမ်းချင်းတူရင်တောင် ကျွန်မတို့ ဆီကလမ်းတွေက ကြမ်းနေသေးတယ်။ရောက်မှာချင်းတူရင်တောင် ကျွန်မတို့က ပိုအား စိုက်နေကြရသေးတယ်။ ရလာဒ်ကျတော့ရော ………ကျွန်မမှာ ဒီမိဘမောင်နှမတွေသာမရှိ ရင် ဘယ်နိုင်ငံမှ ရောက်ဖူးစရာအကြောင်းမရှိပါဘူး။
ပြောတော့ best seller တဲ့။သေချာတာက ကျွန်မ အကြည်တော် လည်းမဟုတ်လေတော့ အများကြီး ပိုပင်ပမ်းပါတယ်။ဒါက ကိုကိုကြီး(အကြည်တော်)ကိုသက်သာတယ်လို့ ကျွန်မ ဆိုလိုတာမဟုတ်ပါဘူး။ပြောချင်တာက သူတစ်အုပ်စာရတဲ့ပမာဏက ကျွန်မထက်အများ ကြိးများလို့ပါ။(အမြတ်ခွန်ကလိုက်လာရင်တော့ နင့်ထိုက်နဲ့နင့်ကံပေါ့ ကိုကိုကြီးရယ်..:P ) အနုပညာမှာကလည်း ကိုယ်လုပ်ချင်တာချည်းလုပ်လို့သာ ထမင်းစားရစတမ်းဆိုရင်..ဘာ ပြောကောင်းမလဲ။း) သိပ်ပျော်စရာကောင်းမှာ။
အဲဒီတွက် ကိုယ့်ဘာသာကို လုပ်ချင်တာလေးတွေလျှော့နိုင်သလောက်လျှော့( ဒိထက် ပိုမ လျှော့နိုင်တော့တာက အနုပညာမာနဆိုတာထက် ရေးလို့တတ်ကိုမတတ်တော့တာဖြစ်ကြောင်းဝန်ခံပါချင် ပါတယ်.. ဒိထက်တော့ ပိုလျှော့မရေးတတ်တော့ပါဘူး။လူလည်းအောက်ဆုံးတောင်....ရောက်နေသလိုခံစားရတယ်။ မလုပ်ချင်တာလေးတွေကိုလည်း လူမသိအောင် အနုပညာတွေ ခိုးခိုးထည့်ပြီးလုပ်..နဲ့ ဘဝရပ်တည်မှုဆိုတာကြိးကိုလုပ်ခဲ့ရတာပါ။
ပထမဆုံးနိုင်ငံခြားစထွက်ဖြစ်တော့ မလေးနဲ့စင်ကာပူ နှစ်နိုင်ငံပါ။ ကျွန်မအဖေ ပို့တာဖြစ်ပါ တယ်။သူကိုယ်တိုင် မြန်မာပြည်ထိလာခေါ်တာပါ။ five stars hotels ကြီးတွေပေါ်ကနေ မဆင်းတမ်း taxi ပေါ်က မဆင်းတမ်း သွားခဲ့ရတဲ့ ပထမဆုံးခရီးပါပဲ။အဖေ့ရည်ရွယ်ချက် ကတော့ သူများတိုင်းပြည်တွေသိပ်တိုးတက်တာ မြင်ရင် ကျွန်မ မြန်မြန်ထွက်လာချင်မလား ရယ်ပေါ့..။ခက်တာက မလေးလေဆိပ်ကအထွက် KL အဝင်မှာတင် ကျွန်မကို မေးမိတဲ့မေး ခွန်းတစ်ခုနဲ့တင် တော်တော်မှားသွားကြောင်း ရိပ်စားမိသွားလောက်ပါတယ်။မေးလိုက်တာ က..ကဲ နင့်တိုင်းပြည်နဲ့ဘာကွာလဲ တဲ့။ဖြေလိုက်တာက ဟင့်အင်း ဘာမှမကွာပါဘူး ဒီမှာ လည်းလူတွေလှုပ်ရှားရုန်းကန်နေကြတယ် ဟိုမှာလည်းလူတွေလှုပ်ရှားရုန်းကန်နေကြ တယ် တူတူပါပဲ..တဲ့ ။ကဲ ဘယ်လောက်သတ်ချင်စရာကောင်းလဲ။ကျွန်မက အဲလို သူတို့ အ ဆိုအရ ဘယ်ထဲမှာပျော်တဲ့လောက် ဆိုလား ..အဟား..(ဖြစ်သေးပါဘူး ရယ်နည်းကတော့ ကိုယ်ပိုင်တစ်ခုရှာဦးမှပါ..)..
အဲဒီမှာ စတွေ့တာက နိုင်ငံခြားပြန်ဘဝ အစစ်ပါ။ လူကနိုင်ငံခြားသွားတယ်ဆိုတော့ပြန်လာ ရင်လက်ဆောင်ဝယ်ခဲ့ ဆိုတဲ့သူက ၉၉%..။သွားမှာက J.K Rolling မဟုတ်ဘူး။မနော်ဟရီ ဆိုတာ သူတို့မေ့သွားပုံရတယ်။လက်ဆောင်တဲ့…..။ကိုယ့်ပိုက်ဆံတစ်ပြားမှမပါတဲ့ခရီး သုံး ဖို့ပိုက်ဆံတောင် အိမ်ကထုတ်ပေးလိုက်သေးတယ်။မောင်တွေညီမတွေအစ်မတွေက..။ဒါ တောင်မှ လက်ဆောင်လည်းဆိုရော မြန်မာပြည်က Best Seller မြွေကိုက်တော့တာပဲ။ မြန်မာငွေ နဲ့ ဒေါ်လာနဲ့လဲရမယ့်ကိစ္စလေ။အမျိုးတွေကတင် နည်းနည်းနောနောလား။ ရုံးမှာ ကလည်း အနည်းဆုံး ဆယ်ယောက်၊ဆရာသမားနဲ့သူ့မိသားစု၊သူငယ်ချင်းအနီးကပ်ပေါင်း တာတွေကတင် လက်နှစ်ဖက်စာနီးပါး။ဘုရားဘုရား…။တစ်ယောက်ကိုငါးကျပ်တန်ပစ္စည်း တစ်ခုဝယ်သွားရင်တောင်မှ အဲဒီလူအုပ်နဲ့ဆို အနည်းဆုံးအယောက်သုံးဆယ်အထက်မှာ။ လူလည်းတွက်ရချက်ရ ရှာရဖွေရနဲ့ခေါင်းကိုက်သွားပါတယ်။သူများတွေက နိုင်ငံခြားသွားရ တယ်ဆိုတာက ပိုက်ဆံသွားရှာတာ ။မနော်ဟရီကျတော့ ပိုက်ဆံသွားသုံးတာ။ခရီးစားရိတ် မပါပဲ အိတ်ထဲကစိုက်ရတဲ့ ပိုက်ဆံနဲ့တင် နှစ်လလောက် ချွေချွေတာတာသုံးရတဲ့ဘဝတွေ ရောက်ကုန်တယ်။
နောက် အခေါက်တွေကျတော့ ခရီးသွားတော့မယ်ဆိုကတည်းက ပိုက်ဆံကြိုစုရတော့တာ ပဲ။လက်ဆောင်ဝယ်ဖို့လေ..။
ခုတစ်ခေါက်ကတော့ တော်တော်အခြေအနေဆိုးပါတယ်။
သိတဲ့အတိုင်း သားကျောင်းစားရိတ်နဲ့ စားတဲ့စားရိတ်နဲ့ သွားလာစားရိတ်ကတင် ရန်ကုန်မှာ တော်တော် စားရိတ်ကြီးပါတယ်။ကားဆီက တစ်လကို ဂါလံခြောက်ဆယ်ရတယ်။တစ်ဂါလံ ကို ၂၅၀၀..ဆိုတော့ဆီတစ်ခါထုတ်ရင် မျက်ရည်တောင်ကျချင်ပါတယ်။သုံးရက်တစ်ခါ တစ် သောင်းခွဲ ထွက်နေတာကိုး။တစ်လကို ဘယ်လောက်လဲဆိုတာတွက်သာကြည့်ကြပါတော့။ လူစားရတဲ့စားရိတ်က မစားပဲလှည့်ပြန်လာလို့ရတယ်။ကလေးကျောင်းသွားဖို့က ကားဆီမ ရှိပဲသွားလို့မရဘူး။အကြောင်းမူကား ကျွန်မတို့နေထိုင်ရာဖက်ကို ကျောင်းကားမဝင်လို့ပါ။ ကိုယ်ကတော့ စိတ်မထင်ရင် ဘတ်စကားပေါ်လည်းကောက်တက်သွားတာပဲ။ဆိုက်ကား လည်းစီးတာပဲ။အငှားဆိုလည်းအိုကေလို့..။သားတော်မောင်ကျ မဖြစ်ဘူးလေ။ကိုယ်တိုင် ကြိုပို့မနေနိုင်တာနဲ့တင် စိတ်ချရတဲ့ ဒရိုင်ဘာနဲ့ မိတ်နဲ့လွှတ်ထားရတာကိုး။
ဒီတော့ ဘယ်မှာလာပြီး ပိုက်ဆံကိုများမျာစားစားစုမိမှာတဲ့လဲ။ဒီတစ်ခါကျမှပဲ မလာမဖြစ်ဆို တော့ကာ ဘယ်သူကမှလည်းလေယာဉ်လက်မှတ်ဖိုးက အစထုတ်မပေးဘူး။သနားစရာ…။ လေယာဉ်လက်မှတ်ဖိုးရယ် ထွေလီကာလီတွေရယ်နဲ့ (ရိုက်စစ်တာမဟုတ်လို့ အတိုချုံးပြော ပြလိုက်တဲ့ ထွေလီကာလီကိုလိုသလိုသာတွေးကြပါ..)လူလည်းတော်တော်ထိသွားတယ်။ဒီ ကြားထဲ သွားတော့မှာမို့ ရစရာရှိတဲ့စာမူခလေးလိုချင်ပါတယ်လို့ အကြောင်းကြားတာလည်း ထွက်သာလာရော တစ်ဝက်ပြည့်အောင်မရခဲ့ရှာဘူး။
ဒီတော့ သိပ်လွမ်းတာပဲ ဘယ်တော့ပြန်လာမှာလဲ ဆိုတဲ့ မြန်မာပြည်က သူငယ်ချင်းတွေကို မလာနိုင်သေးဘူး။လောလောဆယ် တစ်ပြားမှမကုန်တဲ့အရပ်မှာနေလိုက်ဦးမယ်။မဟုတ်လို့ ကတော့ ပြန်သွားတာနဲ့ သားကျောင်းစားရိတ်က အရင်လာမှာ။ကုန်ထားတဲ့လေယာဉ်လက် မှတ်ဖိုးက သားရန်ကုန်မှာတစ်နှစ်စာကျောင်းတက်လို့ရတယ်လေ။ဒီတော့ ဒိက သူတို့သိပ် ကောင်းပါတယ်ဆိုတဲ့ကျောင်းမှာ ပိုက်ဆံကုန်သက်သာအောင်နေလိုက်ဦးပေါ့..။စားတာ သောက်တာနဲ့ အမြင်မတော်လို့ ဝယ်ဆင်ရတဲ့အဝတ်အစားဖိနပ်တွေကအစလည်း ကိုယ် ကုန်တာမှမဟုတ်တာ။ဒီရောက်ကတည်းက ကုန်တာဆိုလို့ သားကျောင်းက တစ်ပတ်တစ် ခါလောက် ဘာမှန်းမသိတောင်းနေတဲ့အရာတွေရယ်၊မုန့်ဘိုးရယ် laptop တစ်လုံးဝယ်တာ ရယ် ထုံးစံအတိုင်းလူကြုံရှိလို့ လက်ဆောင်ဝယ်ပို့ပေးရတာရယ် ကလွဲရင် ဘာမှကိုမကုန် သေးပါဘူး။မကုန်လို့လည်း အထင်မကြီးပါနဲ့။ ဝင်ငွေကလည်းနည်းသွားပါတယ်။ဖြစ်ပုံက စားစရာကရှိနေတော့ ဒီရောက်တည်းကလုံးချင်းရေးနေတာ ခုထိ တစ်အုပ်ပြီးဖို့သုံးကြောင်း လိုကနေ မတက်ပါဘူး။..း) ဒီလကုန်တော့ အပြီးသပ်မှာပါ။ဘာလို့လဲဆိုတော့ ကျွန်မ အပြိး ထွက်သွားတယ်လို့ သတင်းတွေရေး ပျော်နေကြတဲ့သူတွေ သိပ်အပျော်လွန်သွားမှာစိုးလို့ပါ အဲလိုလည်း စိတ်ကလေးက ပုပ်သေးတယ်..း)
ဝါဝါရေးခိုင်းတာနဲ့ကတော့ ထပ်တူမကျလောက်ဘူး။သေချာတာကတော့ မြန်မာပြည်ကို ပြန်ချင်တာအရမ်းပါပဲ။ပြန်သွားတာနဲ့ နေ့ရောညရော အလုပ်တွေပင်ပမ်းတော့မယ် ဆိုတာ လည်းသိပါရရဲ့။မရေးချင်တဲ့လုံးချင်းတွေကို ကော်ဖီဆိုင်တစ်ဆိုင်မှာကိုယ့်ကိုယ်ကို အကျဉ်း ချပြီးပြန်ရေးရတော့မယ်ဆိုတာလည်းသိပါရဲ့။အင်တာနက် ၂၄နာရီရတဲ့နေရာမှာ ကမ္ဘာအနှံ့ ကသူငယ်ချင်းတွေ ဘလောခ့်ကာတွေနဲ့ စီဘုံးထဲပဲဖြစ်ဖြစ် တွေ့ကြပြောကြနှုတ်ဆက်နေရ တဲ့ဘဝလေးကိုဆုံးရှုံးသွားမယ်ဆိုတာလည်းသိပါရဲ့..။ရှိစုမဲ့စုဝင်ငွေလေးနဲ့ ပြည်တော်ပြန် လက်ဆောင်တွေဝယ်သွားရမယ်ဆိုတာလည်း သိပါရဲ့။Best seller ဆိုတာ အချိန်အခါနဲ့ ရာသီနဲ့ဖူးပွင့်တတ်တဲ့ ပန်းမှန်းလည်းသိပါရဲ့ နဲ့ ပြန်ချင်နေတာကတော့ ဘယ်လိုမှ မတတ် နိုင်ပါဘူး။ဘာပဲဖြစ်ဖြစ် ကျွန်မချစ်တဲ့နေရာလေးမှာကျွန်မကိုထမင်းကျွေးထားခဲ့တဲ့ကျေးဇူးရှင်ပရိသတ်တွေရှိနေ
သေးတယ်။သူတို့ဆီကျွန်မပြန်ရဦးမယ်။တာဝန်ဆိုတာသိတတ်တဲ့သူအတွက်ပဲလေ
.
သေချာတာကတော့..ပြန်သွားလည်း..ဘာပြန်ညာပြန်ဆိုပြီး..ကလောင်နာမည်မပြောင်းဘူးလို့ ကတိအတိအကျပေး နိုင်တာပါပဲ..း)း)း)
ဝါဝါ ကျေနပ်နိုင်ပါစေ။
ချစ်ခင်စွာ
မနော်ဟရီ

င်္အောက်ခြေမှတ်စု..
Best Seller လို့လူတွေအလွယ်တကူခေါ်သလိုရေးလိုက်ပေမယ့် တကယ်အမှန်က Best-selling author ပါ။
တော်ကြာအမှားလာပြင်ပေးနေမှာစိုးလို့ပါ။

အစကတော့မတက်ဂ်တော့ဘူးလားလို့။ခုတော့ စိတ်ကမရဘူး..း)
ကဲ..လာလေ့..
၁။ခုတလော စာမရေးပဲလွမ်းနေတဲ့ ကေ (K)
၂။ရန်ကုန်ပြန်ထားတာသိပ်မကြာသေးတဲ့ မခင်ဦးမေ
၃။ပြန်လာပြီးကတည်း စာမရေးပဲပျင်းနေတဲ့ လင်း
၎။မကြာခင်က အိမ်ပြန်ထားတဲ့ မေ


30 Comments:

မယ်ကိုး said...

မ က ညဉ်းတာတောင် စာလေးက ညက်တယ်နော်။ :)

ဆောင်းယွန်းလ said...

ကိုယ့်မွေးရပ်တိုင်းပြည်ကို ဒီလိုချစ်တတ်တဲ့မနော်....

Zephyr said...

အင်း ...
တော်တော်စဉ်းစားစရာကောင်းတဲ့ post ပဲ ..။
တကယ်တော့ နိုင်ငံခြား ... (မြန်မာပြည်အပြင်ဘက်ကနိုင်ငံ) တခုခုမှာနေရတာ .. ပညာတတ်တွေအတွက်တော်တော်လေးကိုစိတ်သက်သာရာရပါတယ် ...။ ဘွဲ့ရတွေကို အထင်သေးလိုက်တဲ့နိုင်ငံ ...။ သူတို့ အလုပ်ရှင်တွေ ဘက်ကကြည့်တော့ လည်း လမ်းမှခလုတ်တိုက်မိတဲ့လူတိုင်းက B.E တွေကိုး ...
မြန်မာပြည်မှာ အလုပ်ရှာခဲ့ရတာ တော်တော်ရင်နာဖို့ကောင်းတယ် ...။
နောက်ဆုံး အိန္ဒိယကလူကြီးပြောသလို Brain Drain is better than Brains in the Drain ဆိုပြီးပဲ သူငယ်ချင်းတွေ တော်တော်များများ နိုင်ငံခြားထွက်ဖြစ်ကြတယ် ...။
..
...
....
တနေရာရာကိုသွားလို့ ပြန်လာတိုင်း ရောက်လာတဲ့နိုင်ငံကိုထည့်ကြတဲ့ ယဉ်ကျေးမှု အရ .. ကုလသမဂ္ဂမှာ အထွေထွေ အတွင်းရေးမှုးလုပ်ခဲ့တဲ့ ဦးသန့်ဆိုရင် ... မလွယ်ဘူးလို့တွေးမိတယ်အမရေ ..

ခင်မင်စွာဖြင့်
Z

Bino said...

ဒါက ဘယ်သူပေးထားတဲ့တာဝန်လဲ…။ ဘယ်သူမှမပေးပါဘူး။ကိုယ့်တာဝန်ကိုယ်သိတဲ့သူတွေရဲ့ လုပ်ဆောင်မှုတွေပါ။
တခြားနိုင်ငံမှာက လုပ်ရင်လုပ်သလောက်အကျိုးထူးပြိးလူတန်းစေ့နေနိုင်တယ်။ ကျွန်မတို့ဆီမှာကျတော့ မတိုးတက်သေးတဲ့နေရာတစ်ခုဖြစ်တဲ့အပြင် အခြေအနေအရပ်ရပ် ကလည်း ကျွန်မတို့ကိုခက်ခဲပင်ပမ်းစေပါတယ်။
You are so smart more than I can say.
I bow respectfully.
Bino

WWKM said...

အရေးအသားတွေကတော့ ညက်တယ် ဘက်ဆဲလာကြီး
ရေ.... ဖတ်ရတာ တန်ဖိုးရှိတဲ့ စာကြောင်းလေးတွေကြီး
ပါပဲ...
ကျေနပ်ပါတယ် မေခရေ...
ရေးပေးတာ ကျေးဇူးပါ ညီမလေး..း)))) အဲ.. ခမီးခမက်
ရေ.....
ကွန်မန့်ရှည်ရှည်ရေးတတ်တော့ဘူး။
ဖတ်လို့တကယ်ကောင်းတာတော့ သေခြာတယ်.

မေခပျော်ရွှင်ပါစေ. ကိုကိုရောပေါ့..

ချစ်တဲ့
ဝါ

Moe Myint Tane said...

မှန်ပါတယ်လေ။ တာဝန်ဆိုတာ သိတတ်တဲ့သူတွေအတွက်ပေါ့ ။ အရေးအသားညက်ညက်လေးတွေကို တလေးတစားဖတ်သွားပါတယ် ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

eaindraomtt said...

မမ

ချိန်းပြီးပြန်မယ်နော်...
လေထန်ကုန်းမှာသွားထိုင်ကြမယ်..တစ်ရက်..

JulyDream said...

ဟိုမှာရော ဒီမှာရော ရုန်းကန်ရတာချင်း အတူတူပဲ ဆိုတာ သိပ်မှန်တာပါပဲဗျာ။

ဒီက ဘ၀ကို အားကျတဲ့သူတွေက အားကျပါစေလေ။ ကိုယ်က ပြန်အားကျတဲ့ သူတို့ဘ၀တွေလည်း ရှိတာပါပဲလေ။

လင်းဒီပ said...

အမှန်တွေ ချည်းပါပဲလေ...။

ဖိုးစိန် said...

မကြီးရေ
ဘာပြောရမှန်းတောင်မသိ
မှန်လွန်းလို့
ကျနော့်ခမျာ လဲ ပြန်ချင်တာ
မကြီးပြောသလို လက်ဆောင်ဖိုးနဲ့
အသွားအပြန် လေယာဉ်စရိတ်နဲ့တင်
နောက်ထပ် တစ်နှစ်လောက်ထပ်လုပ်ရအုံးမယ်
ဘာပဲပြောပြော
လက်ရှိအပြင်မှာနေတဲ့ သူတိုင်းကတော့
မတူညီတဲ့အခြေအနေနဲ့
မတူညီတဲ့ဒုက္ခတွေရှိကြတာပါပဲလေ

ကျနော်ချစ်တဲ့ ခင်တဲ့ လေးစားတဲ့ အမကြီးတစ်ယောက်အနေနဲ့
အခုလက်ရှိနေတဲ့နေရာလေးမှာ
ကျမ်းမာပျော်ရွှင်အောင်နေပါ
စိတ်ပျော်ရွှင်အောင်နေပါလို့ပဲ
ဆုတောင်းပေးနေတော့မယ်

ခင်မင်လေးစားချစ်ခင်စွာဖြင့်
ဖိုးစိန်

(((မကြီးရဲ့ ညည်းချင်းကလဲ များမတူ တမူထူးခြားတယ်နော်
အင်းလေ
(best seller) ဆိုတော့
ဖတ်ရတဲ့စကားလုံးတိုင်းက မြင်သာနေပါတယ်
ဒါနဲ့ မနော်ဟရီ အတုက ဘယ်မှာကျန်ခဲ့တုန်းး)

သားရှင်တွေများ တယ်လဲ မျက်နှာပွင့်တယ်
ခမည်းခမက်တဲ့ လာခေါ်နေပြီးးးး
သားရှင်ကလည်း သွားစေ့စပ်ထားတယ်ထင်တယ်
အဟီးး ကြားရင် သမီးရှင် ထမိန်ဆွဲ ပလယာကိုင်ပြီး သွားလိုက်နှုတ်တော့မယ်
မပြောပြနဲ့နော် )))

(((...))) က ကိုယ့်အမတွေကို ချစ်လို့ ခင်လို့ နောက်သွားခြင်းသာဖြစ်သည်

khin oo may said...

ဖတ်သွားပါ၏

Julian said...

စာအရေးအသားကပညာပါမှပါ......


အော်ဇီပြန်မနော်ဟရီလို့တပ်လိှု့မရ..... မနော်ဟရီ (အော်ဇီ) ဆိုရင်တော့ကာရန်လိုက်ပေမယ့် အော်ဇီဆိုတာကို နိုင်ငံလို့မမြင်ဘဲ ချန်ပန်ဇီလို့မြင်နေရင်ခက်မယ်...... ဟက်ဟက်
မနော်ဟရီ ဆိုတာဘဲကောင်းပါတယ်လေ.....

အေးလေ နိုင်ငံခြားကပြန်လာသူတွေဆီက လက်ဆောင် ကိုယ်ချင်းစာစွာမလိုချင်တော့ပါဘူး ပြန်ခါနီးအိမ်အတွက်မပါနိုင်ဘူး ပေးချင်သူတွေ ခင်မင်သူတွေကို သတိရနေကြောင်း proof ပြဘို့ စာရင်းပြုစုရတာနဲ့တင် အိမ်အတွက်မေ့မေ့သွားလို့ ။ ဟားဟား ။

ဂျူ

အိုင်လွယ်ပန် said...

မှန်တာပေါ့ အစ်မရာ ....

လေးလေးစားစား ဖတ်သွားပါတယ် ....

နွေလှိုင်ဿုန်း said...

စာလာဖက်သွားပါတယ် ။စာရေးအားကောင်းတဲ့မြန်မာတိုင်း ရောက်တဲ့နိုင်ငံရဲ့ ဘဝ ဖြတ်သန်းရုန်းကန်ရပုံတွေကို ပွင့်လင်းစွာ ဖွင့်ဟရေးသားပြီး ပြည်တွင်းကလူတွေ အလွယ်အကူဖက်နိုင်ရင် ပိုပြီး အကျိုးများမှာပါ ။အခုချိန်ထိ နိုင်ငံခြားဆိုတဲ့ လူနေမှုဘဝကို ပွင့်လင်းရိုးသားတဲ့ ဖွင့်ဟထုတ်ဖော်မှုတွေ ရှားပါးနေတာ အမှန်ပါပဲ ။ အခုနောက်ပိုင်း ဘလော့အသိုင်းအဝိုင်းမှာ ဆင်တူရိုးမှား ခိုးချတာတွေ၊ စာရေးဟန် တုပကြွားဝါလာတာတွေတွေ့လာရတာ ပိုသေးတယ်သဗျာ ။ တကယ်စူးစမ်းရှာဖွေပြီးရေးထားတဲ့မူရင်းကို ဖက်ဖူးသူတွေ အတွက် တော်တော် စိတ်မသက်မသာ ဖြစ်ရပါတယ် ။စာပေဩဇာ ရှိသူမို့ အခွင့်ကြုံရင် အဲဒီအကြောင်းလေးတွေပါ ရေးသားဖော်ထုတ်စေချင်ပါတယ် ။
လေးစားစွာဖြင့်
နွေလှိုင်ဿုန်း

ZT said...

ကျွန်တော်တို့လည်း ပြန်ချင်တာပါပဲလေ။ :( အနှစ်နှစ် အလလ အပင်ပန်းခံ သင်ခဲ့တဲ့ ပညာလေးတွေ Brain in the drain ဖြစ်သွားမှာစိုးလို့ မချစ်သော်လည်း အောင့်ကာနမ်းနေ ရပါတယ်။

နန်းညီ said...

ဒိုလီပါပဲ အစ်မရယ်

နွေးနွေးသဲမွန် said...

ထပ်တူပဲ ခံစားပြီးဖတ်သွားပါတယ် မရေ...အခြေ အနေ နဲ့ အခွင့်အရေးတချို့ ကြောင့် နေနေ ရပြီး...အချိန်တိုင်းမှာ ကိုယ့်နိုင်ငံ ကိုပဲ လွမ်းနေရတဲ့ သူတယောက်ပါ... တသက်လုံးနေဖို့ မပြောနဲ့ ၅နှစ်ပြည့်အောင်တောင်မနေနိုင်ပါဘူး...ပြန်ဦးမှာ.. :-)

Yan said...

အစ်မရေ....

ကျွန်တော်လည်း လာပြီးငိုသွားတယ်ဗျ...

အိ.အိ.အိ.

:)

မိုးခါး said...

ဘက်ဆဲလာတယောက်ရဲ့ အတွေ့အကြုံပေါ့ ... ဖတ်သွားပါတယ် မနော် .. သဘောလဲကျတယ် ..း))

sait phay yar said...

သေချင်တယ် ပြန်ချင်တာေ၇ာက်ကတည်းက ဗျ... လာကိုမလာချင်တာ အမ ကရေးခိုင်းတော့ ရေးရဦးမယ်ဗျာ....

tg.nwai said...

ထို့ကြောင့် မနော်ဟရီ ဟုခေါ်သည်...:))

Moe Cho Thinn said...

“ဟင့်အင်း ဘာမှမကွာပါဘူး ဒီမှာ လည်းလူတွေလှုပ်ရှားရုန်းကန်နေကြတယ် ဟိုမှာလည်းလူတွေလှုပ်ရှားရုန်းကန်နေကြတယ် တူတူပါပဲ..”

အဲဒါအမှန်ဆုံးပဲ။

Andy said...

ဟိုကလူကဒီပြန်ချင်။ ဒီကလူကဟိုသွားချင်။ အနှီနိုင်ဂျံငါးဆိုတာကြီးက အတော်ထူးဆန်းတဲ့ အရပ်ဒေသကြီးတစ်ခုပဲအစ်မရေ။

sweetpeony said...

ဟုတ်ပ ဟုတ်ပ ကလွဲရင် မပြောတတ်တော့ဘူး...
မှန်လွန်းလို့.....
တချို့ က
ဒီမှာ prepaid ကဒ်ပေါ်နေပြီ။ ၀ယ်သုံးကြည့်မလို့ ဖုန်းတစ်လုံးလောက် ပို့ပေးလိုက်စမ်းပါတဲ့။
ကိုယ့်မှာ ဘာပြန်ပြောရမလဲမသိ။
မပေးရင်လဲ တမျိုးတွေးမယ်
ပေးရအောင်ကလဲ ကိုယ်မှာက.........။
ဒါတောင် ပြည်တော်ပြန်မ၀င်ရသေးဘူး....။

နွေဆူးလင်္ကာ said...

ကျွန်တော်လည်း နိုင်ငံခြားက ပြန်ဖူးပါတယ်။ ရွှေလီရယ်. မိုရေးရယ်. နှစ်နိုင်ငံပြန်ပေါ့နော်။ အစ်မပို့စ်နဲ့တော့ မဆိုင်ပါဘူး။ ကျွန်တော်ပြောချင်တာ နိုင်ငံခြားမှာနေပြီး ကျည်ကွယ်မျက်ကွယ်မှာ သတ္တိရှိနေကြမယ့်အစား ကိုယ့်နိုင်ငံတွင်းမှာ ဘာပဲဖြစ်ဖြစ် ဦးဆောင်ကြပါလားလို့ပါ။ ဆောရီးအစ်မ.. အစ်မက စိတ်မ၀င်စားပေမယ့် ကျွန်တော်ကတော့ စိတ်ဝင်စားတယ်လေ။ ပြောရင် ပါနေတာကို တောင်းပန်ပါတယ်။

နွေဆူးလင်္ကာ said...
This comment has been removed by the author.
Wai Lwin Zaw said...

ဝေလွင်လည်း ပြန်တော့ပြန်ချင်ပါတယ်။ ကိုယ့်တိုင်းပြည်ကိုယ် ဘယ်သူမချစ်ပဲရှိမလဲ။ ဒါပေမဲ့ အစ်မရယ်.... :(

Kay said...

မကြီးနော်- ရေးပေးမယ်နော်..
ခုတော့..သိတယ်လား..
အာဗွီအေ အကြောင်းလေး..ခုမှ သိတယ်..
ကျမတို့လဲ ငယ်က..ရေဒီယိုဆိုင်ပန် လား..နားထောင်ရတာ
စတီရီယို သချင်းလေးတွေ.. တပုဒ် ၂ ပုဒ်ကို အငမ်းမရ..
အော်..လွမ်းစရာ.. ( ထပ်တွေ့ပြန်ပြီ)း)

Orange said...

Ma Ma Naw,
I like your this Post very much.
It is totally correct for me.
And I do appreciate of your mood fot loving Myanmar. Me too, I also don't love other country, but I am still in oversea. But, oneday I wanna go back Myanmar. I don't want to be other citizen also.
And I admire your decision too :)
(Even I read your blog usually, I haven't write comment yet)
By: Orange Chit Thu

khin oo may said...

နိုင့ှ်ုငံခြားပြန်ရဲ့ definition့ ကိုထိုင်စဉ်းစားလိုက်ဦးမယ။်