Another Virtual World

Wednesday, May 27, 2009

တကယ်တမ်းကျတော့ ရေဒီယိုလောက ကလည်း ခု အွန်လိုင်းမိတ်ဆွေတွေလို virtual world တစ်ခုပါပဲ။ ၈၈ကျောင်းပိတ်တော့ ကျွန်မတို့ညီအစ်မ စလုပ်တာက စာရေးတယ်။က ဗျာတွေ၊ဝတ္ထုတိုတွေ..။နောက် အဖွားဘေးသွားပြီး ရေဒီယိုနားထောင်တယ်။မေးပါများ စကားရ တို့ ကျေးတမာနဲ့ပေဖူးလွှာတို့..။နောက် မာမီကကျတော့ ဘာသာရေးနားထောင် တယ်။သူနားထောင်တာက အရှေ့ဖျားအသံ။FEBC(Far East Broadcasting Company).

လိုက်နားထောင်ရင်း သီချင်းတောင်းတဲ့ကဏ္ဍတွေမှာ နာမည်တချို့ကိုထပ်ခါတလဲလဲကြား ရတဲ့အပြင် သူတို့ချင်းချင်းလည်းသိပ်ရင်းနှီးသလို သီချင်းတွေတောင်းပေးနေတာကိုကြားရ တယ်။ဒီလူတွေပဲ FEBC,RVA,AIR,မြန်မာ့အသံ(မြန်မာပိုင်း+အင်္ဂလိပ်ပိုင်း)၊ပါကစ္စတန်အသံ နောက်..ရေဒီယိုပီကင်း..အစုံအစုံမှာ ပြန်ပြန်ကြားနေရတော့ စိတ်ဝင်စားလာတယ်။

တစ်နေ့ကျတော့ FEBCက မမနော်ဂေမူး ကလာလည်ပါဆိုတာနဲ့ မမနော်ဂေမူးဆီသွားရင်း သူရှင်းပြမှပဲ ဒီလူတွေအချင်းချင်းဘယ်လိုသိတယ်ဆိုတာသိရတော့တယ်။အဲဒီထိ RVA ကို မသိသေးပါဘူး။မမနော်ဂေမူး ကျေးဇူးနဲ့ နမ္မတူက စောနန်းစံလွင်၊မျိုးခိုင်စံလွင် ဆိုတဲ့အမြွှာ ညီအစ်မကိုစသိခဲ့တယ်။(လုံးဝမတူသောအမြွာပါ..တစ်ယောက်ကဖြူ.တစ်ယောက်ကညို တဲ့အပြင် တစ်ယောက်က ခေတ်ဆန်ဆန် တစ်ယောက်က မြန်မာအကျီ င်္မချွတ်တမ်းဝတ်.နဲ့ အဲလိုထူးခြားသော အမြွာ)

နောက် စောနန်း ကျေးဇူးနဲ့ အန်တီခက်ဝေလတ်၊မမခင်လင်းအေး၊မသင်းဇေယျာလင်း တို့ပါ သိခဲ့ရတဲ့အပြင် RVA နဲ့လည်းအဆက်အသွယ်ရခဲ့တယ်။FEBC က ဧဝံဂလိလုပ်တဲ့အဖွဲ့အ စည်းတစ်ခုပါ။Baptists တွေပါ။RVA ကလည်းသူတို့လိုပါပဲ။ဒါပေမယ့်သူတို့က Roman Catholic တွေပါ။ဒါပေမယ့် သောတရှင်အများစုကတော့ ဗုဒ္ဓဘာသာတွေများပါတယ်။ဝါဝါ အပါအဝင်.. ဂျူတို့ညီအစ်မတွေရောပေါ့။(ဂျူများဆို သူ့ profile မှာဖြည့်ပုံက Strong Buddhist တဲ့..  ..ဒါက စကားချပ်)


နှစ်လေးဆယ်သက်တမ်းရှိသွားပြီဖြစ်တဲ့ RVA
နောက်ပိုင်းမှာ RVA က မမမာလာ မမခင်မေထွေး တို့နဲ့လည်းစာတွေအပြန်အလှန်ရေးဖြစ် ကြတယ်။သူတို့ကို ကျွန်မ ချီးကျူးတာက တစ်နိုင်ငံလုံးက စာတွေကို လုံးဝအကြွေးမထားပဲ သေချာစာပြန်ပေးတာပါပဲ။သိပ်အံ့သြစရာကောင်းတယ်။ဒီကလူတွေကလည်း သူတို့ကိုချစ် ကြတယ်။သူတို့လိုချင်တဲ့ မြန်မာငရုတ်သီးမှုန့်တွေ၊နနွင်းမှုန့်တွေ၊မဆလာတွေကို ပလတ်စ တစ်အိတ်ထဲထည့်၊စာထူထူထဲထိုးထည့်လို့ ပို့ကြတယ်။ဟိုကလည်း နည်းနည်းချင်းစီစုထား ပြီးချက်စားတယ်။အဲလိုချစ်ခဲ့ကြတာ(ဒေါ်မေခ တို့တော့မပါပါဘူး။ဒေါ်ဂျူပါတယ်။ဝါဝါပါလား မသိ..မပါလောက်ဘူးထင်တာပဲ..)

နောက်ပိုင်းကျတော့ RVAကဖွင့်ထားတဲ့ကလောင်မိတ်ဆက်ကဏ္ဍမှာ ကိုယ့် ကိုယ်ရေးရာဇ ဝင်လေးပေးလိုက်ရင် သူတို့ကဖတ်ပြ မိတ်ဆက်ပေးတယ်၊အမည်၊အသက်၊ဝါသနာ၊နေရပ် လိပ်စာပေါ့။ပြီးရင် မွေးနေ့ရောက်တိုင်းတစ်ယောက်ချင်းစီရဲ့မွေးနေ့တွေမှာ သီချင်းတစ်ပုဒ် နဲ့နှုတ်ဆက်တတ်ပါတယ်။(ဒါကတော့ ဒီနေ့ထိပါပဲ။နှစ်စဉ် ဒီဇင်ဘာ ၁၄ ရက်မနက်တိုင်းနား ထောင်မယ်ဆိုရင် ကြားနိုင်ပါတယ်။)အဲဒီကနေ တိုးပွားလာတဲ့မိတ်ဆွေတွေက အများကြီး ပါ..ဂျူတို့ညီအစ်မလို တကယ့်ညီအစ်မ ရင်းချာလိုခင်မင်ခဲ့တဲ့သူတွေလည်းအများကြီးပါပဲ။ခု ဝါဝါနဲ့ပြန်တွေ့ချိန်မှာ ရင်းနှီးသွားတယ်ဆိုတာကလည်း အဲဒီသံယောဇဉ်တွေပဲပေါ့။

ကျွန်မ ဒီကိုထွက်မလာခင်တစ်လလောက်ကပဲ မမမာလာရန်ကုန်ရောက်လာလို့ တွေ့ဆုံပွဲ တစ်ခုလုပ်တော့ သွားဖြစ်လိုက်သေးတယ်။ဒီနောက်ပိုင်းလူတွေကိုတော့ ကျွန်မ မသိတော့ ပါဘူး။(၁၉၉၃ လောက်တည်းက ရေဒီယိုဆိုတာ ဘာမှန်းသိပ်မသိတော့တာပါ။)..ဒါပေမယ့် သေချာတာက ရေဒီယိုက အချစ်ဦးမို့ အရေးအကြောင်းဆို မပစ်ပယ်နိုင်ပါဘူး။နာဂစ်တုန်း ကလည်းရေမီးမရှိတဲ့ကမ္ဘာကြီးထဲမှာ ဓါတ်ခဲရေဒီယိုလေးတစ်လုံးနဲ့နှစ်ပါးသွားခဲ့ရတာလေ။ဒါ ကလည်းမေ့လို့မရတဲ့ကိစ္စတစ်ခုပါပဲ။

ကျွန်မ အဲဒီလောကကိုနောက်ခံထားတဲ့ လုံးချင်းတစ်အုပ်ရေးဖြစ်ပါတယ်။ သောကြာကြယ် ကတဲ့ရထား .. တဲ့။အဲဒီထဲက အဓိက ဇာတ်ကောင်တွေကလွဲရင် သူနာပြုဆရာမလေး ဂျာ မိုင် ကအစ အားလုံးက ဒီလောကထဲကတကယ့်သက်ရှိတွေပါ။အဲဒီစာအုပ်ကို မြန်မာကျူး ပစ်က သူငယ်ချင်းတင်မင်းထက်တို့အုပ်စုက အီးဘွတ်လုပ်ထားတာမို့ သူတို့ဆီမှာ သွားပြီး ဒေါင်းလို့ရပါတယ်။



ဒီလောကလေးက တကယ့်ကို စိတ်ဓါတ်ရေးရာအရ မြှင့်တင်အားပေးနိုင်ခဲ့တဲ့ကမ္ဘာလေး တစ်ခုပါ။ကျွန်မကိုယ်တိုင် ကိုယ်တစ်ပိုင်းသေနေတဲ့ မျက်စိမမြင်တဲ့ မမ Olive နဲ့လည်းသိခဲ့ ရတယ်။မမOlive ဟာ မျက်စိသာမမြင်တာ ပညာတတ်ဘွဲ့ရမို့ သူကစာတွေကိုစမ်းပြီးကိုယ် တိုင်ရေးပါတယ်။လိုင်းညီအောင် စာရွက်ကိုခေါက်ပြီးအရာလေးတွေကိုစမ်းရေးတာပါ။

အမှန်က..မမOlive..ကို..ကျွန်မငယ်ငယ်တည်းကသိပါတယ်။ကျွန်မအဖေပုသိမ်ကောလိပ်မှာတာဝန်ကျတုန်းက..သူ့အစ်မက..အဖေ့တပည့်တစ်ယောက်မို့သူတို့အိမ်လည်းဝင်ထွက် နေခဲ့ဖူးတယ်။နောက်မှသူမျက်စိကွယ်သွားတယ်၊ကိုယ်တစ်ခြမ်းသေသွားတယ်၊အဲဒီ၁၉၉၅တစ် ဝိုက်မှာသူဆုံးသွားပါတယ်(အတိအကျတော့မမှတ်မိတော့ဘူး)

သူ့လိုပဲ နောက်ထပ် ခန္ဓာကိုယ်တစ်ပိုင်းသေနေတဲ့လူတစ်ယောက်လည်းသိခဲ့ဖူးတယ်။ကို ဇေယျာမင်း တဲ့။သူကတော့ စာကိုမှောက်ရက်ကိုယ်တိုင်ရေးပါတယ်တဲ့။ဒီလောက်ကြားထဲ ကပဲသူ့အိမ် ကြည့်မြင်တိုင်မီးထဲပါသွားသေးတယ်။ ကျွန်မလူကိုယ်တိုင်တော့ သူ့ကိုမတွေ့ ဖူးလိုက်ပါဘူး။သူ့လက်ရေးလေးတွေက ညီပြီးသပ်သပ်ရပ်ရ့ပ်ရှိလှတာတော့မှတ်မိနေတယ်

နောက်တစ်ယောက်ကတော့ အောက်ပိုင်းသေနေပေမယ့် ဒိနေ့ထိ တက်ကြွလန်းဆန်းနေ ဆဲလူတစ်ယောက်ပါ။ကျုတ်ကျုတ်ကြည်မြင့် လို့ခေါ်ပါတယ်။ကျွန်မ မမမာလာနဲ့သွားတွေ့ တုန်းကတောင်သူနဲ့တွေ့ခဲ့သေးတယ်။ Wheel Chair တစ်ခုနဲ့ သူ့အိမ်ကလည်းသူ့ကိုပံ့ပိုး ပေးနိုင်တာကိုး။သူ့ကို ပထမဆုံးဘီးတပ်ကုလားထိုင်ပေးခဲ့တာက RVA ပါ။၁၉၉၃ဝန်းကျင် က တွေ့ဆုံပွဲတစ်ခုမှာပေးခဲ့တာကိုမှတ်မိနေတယ်။

အဓိက က တစ်ယောက်နဲ့တစ်ယောက်ဝေးကွာနေပေမယ့် စာလုံးလေးတွေကနေ ရနေတဲ့ ခင်မင်မှုတွေသံယောဇဉ်တွေကြောင့် အားငယ်အထီးကျန်နေတဲ့သူတွေပြန်လည် သက်ဝင် လှုပ်ရှားလာကြတယ်။ရေဒီယိုကနေတဆင့် စဉ်ဆက်မပြတ်ကြားနေရတဲ့ ကိုယ့်ကိုစေတဲ့ တေးတွေကြောင့် သူတို့ဘဝတွေနွေးထွေးလာတယ်။သံယောဇဉ်ဆိုတာက အနေနီးမှဖြစ် စေနိုင်တာမျိုးချည်းပဲမှမဟုတ်တာ။တကယ်တမ်း အချိန်မပေးနိုင် တော့ဘူးဆိုပေမယ့် ဒီက တွေ့ကြုံခဲ့တဲ့ တကယ်ရရှိလိုက်တဲ့ မိတ်ဆွေကောင်းတွေကိုတော့ ကျွန်မဒီနေ့ထိတန်ဖိုး ထားပါတယ်။ရာထောင်ချီတဲ့ pen pals တွေထဲမှာ ကျွန်မတွေ့ဆုံဖူးခဲ့တဲ့သူတွေလည်း တော်တော်များပါတယ်။Julian July Moe တို့ညီအစ်မလို၊ဝတ်ရည်နဲ့မသင်းဇေယျာလင်းတို့ လိုလူတွေပါ။နောက် မတော်လိုက်ရသောယောင်းမ(ကျွန်မ ကမောင်ပေးရမှာပါ..)သဇင်..
(အမေက သူ့ကိုသိပ်ချစ်တာပါ..:P )..နန်းလောင်လှိုင်း..ငယ်ငယ် စသဖြင့်..ကျွန်မ ဒီနေ့ထိ အဆက်အသွယ်ရှိနေဆဲလူတွေလည်းရှိပါတယ်။

အမှန်က ကျွန်မက သောကြာကြယ်ကတဲ့ရထား ကိုရေးပြီးကတည်းက တာဝန်ကျေပြီ ထပ် မရေးတော့ဘူးလို့ စဉ်းစားထားတာပါ။မနေ့ကတော့ဝါဝါ့ပို့စ်ကိုဖတ် ပြီး ရေးချင်သွားတာနဲ့ ဒါလေးကိုထပ်ရေးဖြစ်လိုက်ပါတယ်။

စိတ်ဝင်စားတယ်ဆိုတဲ့ မောင်ဖိုးစိန်နဲ့တကွ (မန္တလာဇော်ဇွီဇွမ်းလည်း စိတ်ဝင်စားပုံရတယ်) စိတ်ဝင်စားသူများကျေနပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ချစ်ခင်စွာ
မနော်ဟရီ



14 Comments:

ဖိုးစိန် said...

နံပတ် ၁

ဖိုးစိန် said...

စိတ်ဝင်စားတယ် မကြီးနော်ရေ
မကြီးဝါပြောသလို စပ်စုစိန်ပေါ့
ငယ်ငယ်တုန်းကလိုပေါ့
ကိုယ့်ထက်အကြီးတွေက သူတို့ရဲ့ အကြောင်းတွေ ပြောရင်
ပါးစပ်လေးဟပြီးနားထောင်ရတာ သဘောအရမ်းကျတယ်
အခုတော့ ပါးစပ်လေးဟပြီး သူများအကြောင်းတွေ ဖတ်မှတ်စပ်စုရတဲ့ခေတ်ဖြစ်သွားပြီးကိုး..
ကျနော်လဲ စပ်စုလွန်းတာကြောင့် မကြီးနော် ပေးဖတ်တဲ့ သောကြာကြယ်ကတဲ့ရထားလေးကို ဖတ်လိုက်ရတယ်
စိတ်ဝင်းစားဖို့ကောင်းတယ်
အခုခေတ်ကတော့ ဘလော့စာမျက်နှာပေါ်ကနေ
ကူးလူးပြီး မောင်နှမိတ်ဆွေ ဖွဲ့ကြတဲ့ခေတ်ရောက်လာပြီး..
ကျနော်ကိုယ်တိုင် ဒီထဲကိုရောက်လာတာ
ဒီလိုချစ်ခင်နှစ်သက်စရာ အကိုတွေ အမတွေ ညီညီမတွေ သူငယ်ချင်းတွေ ရတာနဲ့တင်ပီတိဖြစ်ပါတယ်
ဘာပြောပြော
စပ်စုရကျိုးနပ်ပါတယ်
မကြီးဝါ ရေးတာလဲ ဖတ်လို့ကောင်းတယ်
မကြီးနော်ရေးတာဖတ်တော့ ပိုပြီးပြည့်စုံသွားတယ်
စပ်စုစိန်ဝင်လုပ်ထားတဲ့ ကိစ္စ အမတွေမညီးညူပဲ
စေတနာထားရေးပေးတဲ့အတွက်
ကျေးဇူးအထူးတင်တယ် အမတော်နှစ်ပါးကို
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

nadine said...

လူရော စက်ပါ တုပ်ကွေးမိနေတဲ့ကြားက မလွတ်တမ်းလာဖတ်ဖြစ်ပါတယ်...
အစဉ်အားပေးလျှက်

ကို(နဒင်း)

aeynn said...

hi, Manaw

Have you been to Pathein and did you study in Pathein University?
And your real name is MayKha Myint Mo or not?

Please let me know.


Regards,

WWKM said...

မေခရေးထားတဲ့ နာမည်လေးတွေအားလုံး ၀ါဝါသိနေတယ်... ၀ါဝါ သူတို့တွေကိုတကယ်မေ့နေခဲ့တာ
လေ.... အားလုံးက တကယ် တက်ကြွခဲ့ကြတာနော်..
လွမ်းစရာလေးတွေဖြစ်ကုန်ပြီနော်...

မန္တလာဇော်ဇီဇွမ်း မဟုတ်လား..ဇော်ဇီထွမ်းဖြစ်နေတယ်.
တကယ်ဟုတ်ရဲ့လားမသိပါဘူး အဲဒီမောင်ရန်အောင်က.
း)) နေဦးသူ့ကို nickname Tag ထားတော့ ထည့်ရေး
ရင် သိရမယ်..း)))

အရင်ဘ၀လေးကိုတကယ်လွမ်းသွားတယ်..း))

ချစ်တဲ့

ဝါ

သက်ပိုင်သူ said...

ကိုကိုစိန်.. စပ်စုလို့ .. သိရတယ်..
အားလည်းတက်တယ်..
း)

Craton said...

ဟိ.. မသိဖူးမကြားဖူးတာတွေမို့ သိဖူးကြားဖူးသွားတာပေါ့.. သားသားတို့ကိုမွေးမှမွေးသေးဘဲကိုလေ..း(

စပ်စုစိန်လုပ်လို့ သိရတာတွေတော်တော်များနေပြီ.. သူ့ကိုလည်း ကျေးဇူးတင်ကြောင်းပြောလိုက်ပါဦး.. :P

Julian said...

တစ်ခါတုန်းကလေလှိုင်းသံယောဇဉ်ပုံပြင်ပေါ့လေ။...... ပြန်တွေးကြည့်ရင်တော်တော်ကို နှစ်နှစ်ဝင်ဝင်သံယောဇဉ်ရှိခဲ့တဲ့နေရာ...

ခုထိလည်းချစ်ခင်နေရဆဲသူတွေ အဲဒီလေလှိုင်းကျေးဇူးတွေကြောင့်..... ( အမုန်းပွားခဲ့တာတွေတော့ရေးတော့ဘူး အဟီး )

ငါ့အမလတ်တော့သီချင်းတွေတောင်းနေတုန်းဘဲ သူစိတ်ပါတဲ့အခါ.........

အခုတော့လဲ ဘလောဂ်တွေလျောက်ဖတ်ရင်း ခြေရာဖျောက်နေတတ်သွားပြီ. ..

လွမ်းပါတယ် သို့သော်.....

ဂျူ
(strong Buddhist):D

Bino said...

ဒီလောကလေးက တကယ့်ကို စိတ်ဓါတ်ရေးရာအရ မြှင့်တင်အားပေးနိုင်ခဲ့တဲ့ကမ္ဘာလေး တစ်ခုပါ။

It is a very good arrangement to chance to communicate each others without knowing.

The person who wants to contact the other side of the world can send some massages without any charged.

This ကမ္ဘာလေး had been effecting a person who stayed in home alone and soldiers, seamen,some Govt. staff working so far from their families.

Most of Myanmar seamen in the world wide have been communicating each other by using VHF(Very High Frequency in used 1 to 20 Nautical miles.),MF/HF(Medium Freq/High Freq in used long distant)
They can use only short talking like recently exchange currency rate (US$ to Kyats) and economic condition due to prohibiting by ITU law(International Telecommunication Union).

In the internet world ........you have known........you'll be knowing....
nothing to say.

Consequently, we are become friends as much as we can.
We are not alone.(excluding some areas of Myanmar)

Thanks for sharing.
Bino

နွေးနွေးသဲမွန် said...

ရေးပေးတဲ့ မမ ကိုရော...စ သုံးလုံးလုပ်ပေးတဲ့ ကိုဖိုးစိန်တို့ ကိုရော ကျေးဇူး.... :-)

nOblE said...

အမ မနော်ဟရီရေ... တစ်ခါမှတော့ ကွန်မန့်မရေးဖြစ်ပါဘူး။ ခုတော့ တစ်ခုလောက်သိချင်နေလို့ပါ။ ဖေ့ဘွတ်ကနေတို့၊ ဂျီတော့ကနေတို့ တွေ့ပြီး တကယ်ချစ်သွားကြတယ် ဆိုတာဖြစ်နိုင်ကြရဲ့လား ခင်ဗျာ... ဖြစ်သွားရင်လည်း အွန်လိုင်းကနေတွေ့တာပါလို့ သူများကိုပြန်ပြောရတာ ရှက်စရာလို့ မြင်သင့်ပါသလား အမရေ...

nOblE said...

ဓာတ်ပုံကိုကြည့်ပြီး ရင်ခုန်တယ်ဆိုတာ ခဏတာစွဲလမ်းမှုမျိုးပဲ ဖြစ်မှာပေါ့နော်...

Moe Cho Thinn said...

ရေဒီယို က အချစ်ဦး တဲ့။ တို့လဲ ထောက်ခံတယ်။ ဒါပေမဲ့ ဒီလို ချစ်စရာကောင်းတဲ့ ရပ်ဝန်းလေး ရှိနေမှန်း ခုမှ သိတယ်။

ဇော် said...

သောကြာကြယ် ကတဲ့ရထားဆိုတဲ့စာအုပ်ကို ကျနော် ဖတ်ခဲ့ဖူးတာ ပထမနှစ်တတ်ကတည်းကပါ မကြီးနော်။ ဒါပေမယ့် ခုတစ်ခေါက်ပြန်ဖတ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်ဗျာ။