အကန်းတွေမမြင်နိုင်သောအလင်းရောင်

Saturday, March 7, 2009

အကန်းတွေမမြင်ပေမယ့် အလင်းရောင်ကတော့အလင်းရောင်ပါပဲ..တဲ့။စကားပုံတစ်ခုရှိပါ
တယ်။အပြောရက်စက်သလိုရှိပေမယ့်မှန်လည်းမှန်တယ်။ အနုပညာတွေဘာတွေလာပြော
မနေနဲ့ဗျာ…ကျုပ်တို့ကမခံစားတတ်ဘူး…ဆိုတဲ့လူတွေနဲ့ကြုံရတဲ့အခါတိုင်း၊အဲဒီစကားပုံလေး
ကခေါင်းထဲရောက်လာပါတော့တယ်။သူမခံစားနိုင်တဲ့အတွက်၊ကျွန်တော်စိတ်မကောင်းပါဘူး။
သူမမြင်ပေမယ့်အနုပညာကတော့ ရှိနေပါတယ်။ ရသဟာ ရသမြောက်စွာရှိနေတာပါပဲ။
တာရာမင်းဝေ
ပြိုင်မြင်းတိုရဲ့ခွာသံ ၅

မနေ့ကစီဘောက်ထဲမှာ..လာထားသွားတဲ့စာတစ်ကြောင်းကိုတွေ့တွေ့ချင်းခေါင်းထဲရောက်လာ
တာအဲဒီစကားပုံလေးပါ။အမှန်ကတော့ပြိုင်မြင်းတို့ရဲ့ခွာသံဆိုတာကဘာ၊တာရာမင်းဝေဆိုတာ
ကဘာ…ပြန်ရှင်းနေရဦးမယ့်လူပိန်းတွေအတွက်ကတော့ ကျွန်မမှာတာဝန်မရှိပါဘူး။ကျွန်မတာ
ဝန်ရှိတာက ရသစာပေအတွက်ပါ။
သက္ကတအနုပညာမှာ.ရသ.ဟာ.လောကလွန်အကြောင်းအရာလို့ဆိုပါတယ်။လောကအကြောင်း
အရာတွေကိုအနုပညာနဲ့ယှက်ဖောက်ထုံမွှမ်းလိုက်ခြင်းအားဖြင့်ရရှိလာတဲ့ရသအကြောင်းအရာ
တွေဟာလောကအကြောင်းအရာတွေ မဟုတ်တော့ဘူး။လောကလွန်အကြောင်းအရာတွေဖြစ်
နေပြီ….လို့ဆိုထားတဲ့အတွက်…အနုပညာခံစားမှုပါရမီမပါတဲ့လူပိန်းတွေနားမလည်နိုင်တဲ့ကိစ္စ
ဖြစ်သွားပါပြီ။
လောကထဲမှာအသိလေးမျိုးရှိပါတယ်။ ဒါဟုတ်ပါတယ်….ဆိုတဲ့အပေါင်းလက္ခဏာ(+)အသိ၊
ဒါမဟုတ်ဘူး….ဆိုတဲ့ အနုတ်လက္ခဏာ(-)အသိ၊ ဒါဟာဒါနဲ့တော့တူတယ်…..ဆိုတဲ့ညီမျှခြင်း
(=)အသိ၊ ဒါဟာဟုတ်မှဟုတ်ရဲ့လား ဆိုတဲ့မေးခွန်းဝင်(?)…အသိဒီလေးမျိုးပါပဲ။အဲဒါတွေဟာ
လောကအသိဖြစ်ပါတယ်။လောကထဲကအရာတွေကို အသိလေးမျိုးနဲ့သိတာမျိုးပါ။ဒါပေမယ့်
ရသသိကတော့အဲလိုမဟုတ်ပါဘူးလို့နာယဒဿနဂိုဏ်းဝင်ပညာရှင်တစ်ဦးဖြစ်တဲ့သီရိသင်္ကုတ
ကဆိုခဲ့ပါတယ်။ရသသိဟာလောကလွန်တဲ့ လောကလွန်အသိဖြစ်ပါတယ်။
လောကထဲမှာအရာတစ်ခုကိုသိဖို့တစ်ခုခုနဲ့သက်သေပြပြီးမှသိလို့ရတယ်။အရာတစ်ခုရှိကြောင်း
ကိုအသိတစ်ခုနဲ့သက်သေပြမယ်ဆိုရင်အဲဒီအသိရှိထားကြောင်းကိုလည်း တခြားအသိတစ်ခုနဲ့
သက်သေပြရပါတယ်။မီးခိုးမဆုံးမိုးမဆုံးတွေလို့ ခွာသံထဲမှာ.....သူ....ရေးခဲ့ဖူးတာကိုမှတ်မိ
နေပါတယ်။လောကကိုတော့အဲလိုပဲသိရပါတယ်။ဒါပေမယ့်လောကလွန်သဘောမှာတော့အဲလို
မဟုတ်တော့ပါဘူး။
ပစ္စည်းတစ်ခုရှိကြောင်းအလင်းရှိမှမြင်ရမှာဖြစ်ပေမယ့်..အလင်းရှိနေကြောင်းကိုတော့သက်သေပြ
စရာမလိုပါဘူး။အလင်းဟာသူရှိကြောင်းသူကိုယ်တိုင်သက်သေပြနိုင်ပါတယ်။ရသ..ဆိုတာကလဲ
ဒီလိုပါပဲ။
အမှန်တကယ်က ကျွန်မ ဒါတွေကိုလိုက်ရှင်းမနေချင်ပါဘူး။အထူးသဖြင့်စာဖတ်မနာတဲ့ ရသစာ
ပေဆိုတာဘာမှန်းသေချာမသိတဲ့ ကူးယူဆက်စပ်မှုတွေနဲ့ရှင်သန်နေတဲ့ အင်တာနက်စာမျက်နှာ
ပေါ်ကစာဖတ်သူလို့သူတို့ကိုယ်သူတို့ခံယူထားတဲ့လူတန်းစားခပ်ညံ့ညံ့တချို့အတွက်ပိုပြီးမလိုအပ်
ပါဘူး။ ကျွန်မအတွက်လိုအပ်တာက အနုပညာဖန်တီးမှု နဲ့ အဲဒိအပေါ်မှာတာဝန်ယူမှုပါပဲ။
မနက်ကပဲ စိတ်အချဉ်ပေါက်လာလို့ ကိုကြွက်ရဲ့ အသံဗလံများဆိုတာကို တမင်ရိုက်တင်ပေးခဲ့
ပါတယ်။ ကျွဲပါးစောင်းတီးဆိုသလိုပါပဲ ။အဲဒါက ကျွဲတွေအတွက်အကြုံးဝင်ပုံမရပါဘူး။ ကားမှား
စီးမိတယ်ထင်ရင် ကျွန်မတို့ကလမ်းဆင်းလျှောက်ရုံပါပဲ။အဲ..ဆင်းလျှောက်တဲ့သူတွေနောက်လိုက်
လာပြီးကာမှ ဟိုဘက်လမ်းကပိုကောင်းတယ်ဆိုတာမျိုးကတော့ ခပ်ရိုင်းရိုင်းပြောရရင် ရသသိမ
ပြောနဲ့ လူလိုသိတဲ့စိတ်ကလေးတောင်မရှိဘူးလို့ပဲပြောစရာကျန်ပါတော့တယ်။
ပို့စ်တစ်ခုတင်ပြီးတိုင်း ကိုယ့်ပို့စ်ကိုယ်ပြန်ပြန်ရှင်းနေရတာ ဘလောခ့်ကာတွေအတွက်အလုပ်
တစ်ခုဖြစ်နေတာကိုကြည့်ပြီး ညည်းငွေ့နေတာကြာပါပြီ။ ဒါကြောင့်စဉ်းစားစရာအများကြီးနဲ့..
သိမ်းတင်သား ကိုရိုက်တင်ပေးလိုက်တာပါ။ ကဘောက်တိကဘောက်ချာဂေဇက် ဆိုတဲ့စာ
အုပ်မျိုးကိုယောင်မှားပြီးကိုင်မိရင် ရူးသွားနိုင်ကြောင်းကြိုတင်သတိပေးချင်တဲ့အနေနဲ့ဒီစာတစ်
ပုဒ်လောက်ကိုအမြည်းတင်ပေးတဲ့သဘောပါ။ဝမ်းစာပြည့်မှ စာဖတ်နာမှနားလည်နိုင်မယ့်စာ
မျိုးကို ဘာမှန်းမသိပါဘူးကွာလို့လူရှေ့သူရှေ့ပြောပြီးကိုယ့်ကိုယ်ကိုဖော်မသူတော်မလုပ်မိ
စေဖို့လူတစ်ချို့ကိုသတိပေးချင်တာလည်းပါပါတယ်။
ဆိုလိုချင်တာကကိုယ့်ဦးနှောက်နဲ့မနိုင်ရင်ဝင်မလုပ်ပါနဲ့ကိုယ်မသိနိုင်နားမလည်နိုင်ဘူးထင်ရင်
အသာလေးကွေ့ရှောင်သွားပါ။ကိုယ့်ရဲ့ညံ့ဖျင်းမှုကန်းဆွံ့မှုတွေကိုလူသိအောင်မချန်ထားခဲ့ပါ
နဲ့။သူတစ်ပါးအတွက်အနှောက်အယှက်ဖြစ်စေသလို..ကျွန်မအတွက်လည်းအနှောက်အယှက်

ဖြစ်ပါတယ်။
ကျွန်မဘာလို့စာရေးနေလဲ။ဘလော့ခ်ပေါ်မှာတော့..ရေးချင်လို့ရေးနေတာလို့ပြောလို့ရပါတယ်။
အနုပညာဖန်တီးမှုတစ်ခုကို..ခံစားမှုတူတဲ့သူတွေအတွက်၊စာမျက်နှာနဲ့ဝေးနေရတဲ့သူတွေအတွက်
မျှဝေတဲ့အနေနဲ့ဖန်တီးတာပါ။အပြင်စာပေလောကမှာတော့...ကျွန်မ အနုပညာတာဝန်တစ်ခုအ
နေနဲ့ကိုယ်လုပ်တတ်တဲ့ပညာနဲ့ကိုယ်အလုပ်အကျွေးပြုနေသလို..ကိုယ့်အသက်မွေးဝမ်းကြောင်းမှု
အတွက်လည်း အနုပညာတွေကိုဖန်တီးပါတယ်။
ကျွန်မရပ်တည်မှုမှာ..တကယ်လက်ခံနေတဲ့၊ရင်ဘတ်တူတဲ့၊လောကကိုလွန်ပြီးသိနိုင်တဲ့၊ရသခံစား
သူတွေကိုကျေးဇူးတင်သလို၊ခုလို..ကိုယ့်ကိုယ်ကိုဖော်မသူတော်တွေကိုလည်း ခပ်ဝေးဝေးနေဖို့
သတိပေးချင်ပါတယ်။
မလာပါနဲ့….ဒီလောက်လွတ်လပ်မျှတတဲ့..အင်တာနက်စာမျက်နှာတွေမှာ၊ကိုယ်မလာချင်ရင်ကိုယ့်
အရည်အသွေးနဲ့မမီရင်မလာပဲနေလို့ရသားနဲ့၊လာလာပြီးအနှောက်အယှက်ပေး ကိုယ့်အရည်အ
သွေးကိုမရှက်မကြောက်လာဖော်ပြနေတာကတော့..တဆိတ်.အောက်တန်းကျညံ့ဖျင်းရာကျလွန်းပါ
တယ်။
အဲဒီလိုလူတွေအတွက်ရော…ပို့စ်တစ်ခုကိုဘာမှန်းမသိပဲ၊ပြောချင်ရာပြောကိုယ့်စာမျက်နှာလိုမျိုး
သဘောထားပြီး ကိုယ့်ကိုယ်ကိုဖော်မသူတော်လာလုပ်ဖူးတဲ့သူတွေအတွက်ရော..တစ်ခါတည်း
သတိပေးလိုက်ပါရစေ…အဆင်မပြေရင်မလာပါနဲ့….။ သင့်စိတ်ကျန်းမာရေးကိုထိခိုက်နိုင်စေမှာ
သေချာလို့ပါ….လို့။
(ကျွန်မအတွက်..စီဘောက်စထဲကနေလာပြန်ပြောပေး၊ကျွန်မကိုလာအားပေးတဲ့မိတ်ဆွေသူငယ်ချင်း
အားလုံးကိုကျေးဇူးတင်ပါတယ်လို့..ဒီနေရာကနေပြောပါရစေ..)


35 Comments:

ဆောင်းယွန်းလ said...

ကျနော်ကတော့ စိတ်ကျန်းမာရေးကောင်းအောင် မနော်ရဲ့ဘလော့ကိုလာလာချောင်းရတာဗျို့....

စိတ်ကျန်းမာရေးကောင်းလိုသူ

ယောနသံစင်ရော် said...

Chicken Soup for Soul တဲ့ ဒီစာအုပ်နာမည်လေးလိုပေါ့....

မနော် ဘလော့ကို တနေ့ တချက်လောက်မှ Click မလုပ်ရရင် ကျန်းမာရေးမညီညွတ်သလိုခံစားရလို့ .. တခါတလေ ဖတ်ပြီးသားတောင်မှာ ထပ်ခါ ထပ်ခါ လာကြည့်မိသေးတယ်.

tg.nwai said...

အင်း..သူလည်းလေ လမ်းမှားရောက်လာတာ ထင်ပါရဲ့။ ကျမတို့ကတော့ မနော်တို့ မမေငြိမ်းတို့ ချိုသင်းတို့လို စာရေးတဲ့သူတွေ ဒီဘလော့ဂ်စာမျက်နှာတွေ ဖွင့်လာကြတာကို ၀မ်းသာအားရ ဖြစ်နေရတာပါ..။

တကယ်တမ်းက စာဖတ်တဲ့သူက သူ့ဘာသာရွေးရမှာပါ.. သူဘာလိုချင်သလဲ.. လိုချင်တဲ့ဆီ သွားရုံပါပဲ..ဒီလောက် ရွေးချယ်ခွင့်တွေ ရှိတဲ့ နေရာမှာ..။

အလင်းရောင်ကတော့ သူ့ဘာသာ ရှိနေမယ့် အရာပါပဲလေ...။

ကလိုစေးထူး said...

ကိုယ်ဖန်တီးတဲ့ အနုပညာကို အနုပညာ လို့ မသတ်မှတ်ချင်တဲ့ လူမျိုးတွေ...
စာတပုဒ်၊ စာတကြောင်း၊ ယုတ်စွအဆုံးပြောရင် စကားလုံးတလုံးကအစ အချိန်ယူပြီး မွေးထုတ်ရတဲ့ စာရေးချင်တဲ့လူရဲ့ ခံစားချက်ကို နားမလည်ပေးနိုင်တဲ့လူတွေ...
ပေတံကြီးတကိုင်ကိုင်နဲ့ ဟိုလူကသာတယ်၊ ဒီလူက ပိုတော်တယ်ဆိုပြီး အနုပညာပစ္စည်းကို တန်ကြေးဖြတ်နေတဲ့ ပုဂ္ဂိုလ်စွဲ စာဖတ်သူအတုတွေ...
စာတပုဒ်ကို ခံစားဖို့ထက် ဘယ်နေရာကနေ သမလိုက်ရ၊ အခွင့်သာချိန်မှာတော့ ဘယ်လိုနှက်လိုက်ရပါ့လို့ ကျားချောင်းချောင်းနေတဲ့ တံဆိပ်ကပ်ဝါသနာကြီးသူတွေ...

အဲဒီလိုလူတွေ မလာရ...လို့သာ ပြောလိုက်ပေတော့ဗျာ။

Moe Cho Thinn said...

မနော်ရေ
တို့တတွေက စာပေနဲ့ ပျော်မွေ့လို့ အနုပညာကို မြတ်နိုးလို့ ရေးကြ၊ ဖတ်ကြတာပဲ မဟုတ်လား။ စိတ်မကောင်းမဖြစ်ပါနဲ့။ ကိုယ့်အချိန်လေး တန်ဖိုးရှိပါတယ်။ ခေါင်းထဲက ထုတ်ပစ်လိုက်ရင် နေသာထိုင်သာ ရှိသွားပါလိမ့်မယ်။
စာနဲ့စာသာ ချစ်စရာဆိုတဲ့ဘ၀မှာ ပျော်ပျော်ရွှင်ရွှင် ဘလော့ဂ်ပါလေ မနော်ရေ..

ပီတိ(စိတ်ပညာ) said...

အစ်မရယ် .. public မှာ တစ်ခုခုကို ချပြတဲ့အခါ အားပေးတဲ့သူလာသလို ပုတ်ခတ်တဲ့သူလည်း လာမှာပဲ။
စာအုပ်ထုတ်တာက ဝေဖန်ရေးဆရာတွေလောက်ကလွဲရင်၊ အစ်မနားကအသိုင်းအဝိုင်းကလွဲရင် ပုတ်ခတ်တာတွေကို ကြားရတာမဟုတ်ဘူး။ အင်တာနက်ဆိုတာက အဆင့်ရှိတဲ့သူ မရှိတဲ့သူ ပေါင်းစုံနေတာ။ ကိုယ်ဘယ်သူ ဘယ်ဝါဆိုတာ လိုက်ကြည့်လို့ သိနိုင်တာလည်းမဟုတ်တော့ ပိုဆိုးတာပေါ့။ "သူများ ပါးစပ်လှုပ်တိုင်းသာ ကိုယ့်စိတ်က လိုက်လှုပ်ရှားရမယ်ဆိုရင် ကိုယ့်ဘဝက သူများပါးစပ်ဖျားမှာတင်လမ်းဆုံးသွားမှာပေါ့"။ ဆရာလုပ်တာမဟုတ်ပါဘူးနော်။ ပီတိချစ်တဲ့သူတွေအားလုံးကို ငြိမ်းချမ်းစေချင်ရုံပါ။

ကိုရင်နော်ခင်လေးငယ် said...

စာပေကို တန်ဖိုးထား ချစ်တတ်သူတိုင်း
အရောင်မတူတဲ့ အရေပြားတွေအောက်က
တူညီတဲ့ နှလုံးသားနဲ့ ဖတ်ယူကြတာလေ...

ခပ်မာမာပေါ့ မနော်....
ရင်ခုန်သံတူရင်လာ... မတူရင်မလာနဲ့
တာ့ တာ ပေါ့...

ဘာမှမခံစားပါနဲ့ မနော်ရယ်...

ချစ်ခြင်းများစွာဖြင့်.....

ဖိုးစိန် said...

မနော်ရေ..
ကျနော် မနော်ဆီစရောက်တာ တခြားဘလော့ကနေပြီးမှ
တက္ကသိုလ်ပုံ နဲ့ yufl ဆိုတဲ့စာကြောင်းလေးတွေမြင်လို့ ရောက်လာတာပါ..
မနော်ရဲ့ စာတွေကိုဖတ်ပြီးတဲ့နောက်မှာ
ငါ အရင်က တီချယ်မီမီပြောတုန်းက
ဘာလို့ မဖတ်ဖြစ်တာလဲလို့ နောင်တရမိတယ်မနော်
ကျနော် မနော်ဆီစာလာဖတ်တာ..“မနော်ဟရီ”
ရေးတယ်ဆိုတဲ့အစွဲ နဲ့ လာတာမဟုတ်ပါဘူး..
မနော်ရဲ့ ရေးသားချက်တွေက ကျနော်ခံစားမိတာ
တစ်ချို့ နဲ့ တိုက်ဆိုင်သလို ကျနော်ဖွဲ့ နွဲ့ ချင်တဲ့ ကျနော်မဖွဲ့ နွဲ့ နိုင်တဲ့ အရေးအသားမျိုးတွေကို
အားကျလို့  လာဖတ်တာပါ..
ဘယ်စာရေးဆရာရေးရေး ကိုယ့်ရင်ဘတ်ထဲ
ရောက်လာလို့ လက်ခံနိုင်ရင်သဘောကျတာပါပဲ..
ကျနော်နားလည်ထားတဲ့စာပေဆိုတာကတော့
ကောင်းတာရေးရေး..ဆိုးတာရေးရေး
တစ်စုံတစ်ယောက်အတွက်အသုံးဝင်
အကျိုးမြတ်ရခဲ့ရင်
အဲဒီစာကိုရေးသားသူအတွက်
ပီတိတစ်ခု ရလိုက်ပါတယ်..မနော်
”မနော်ဟရီ ”ရေးနေတဲ့စာတွေက
အခုဆိုရင် တစ်စုံတစ်ယောက်ထက်မကတဲ့အတွက်
စာရေးသူ မနော်အနေနဲ့  စားရတဲ့ပီတိက
ပိုပြီးပြည့်စုံပါတယ် မနော်..
လမင်းကိုခွေးဟောင်ပေမယ့် လကတော့ကြောက်ပီး
မကွယ်သွားပါဘူး..
ဆန် အမျိုးအစားကွဲပြားပေမယ့်
အသုံးမဝင်.မစားရ ဆိုတဲ့ဆန် ဆိုတာမရှိပါဘူး..
သူ့ ပတ်ဝန်းကျင် နဲ့ တော့သူ့ အရေအသွေး
သူ့ တန်ဖိုးက
ရှိနေမြဲပါ..
စာပေဆိုတာ ရေးချင်တိုင်းချရေးနိုင်တဲ့အရည်အချင်းလူတိုင်းမှာ မရှိပါ..
ပညာချင်းတူပေမယ့်ဥာဏ်ချင်းမတူ..
ဥာဏ်ချင်းတူပေမယ့် ပါရမီချင်းမတူ..
ဒါကြောင့် ဘာလို လို ညာလိုလိုနဲ့ 
လာဝေဖန်တဲ့သူ
စာဖတ်တတ်ပါစေလို့ သာ ဆုတောင်းလိုက်ပါတယ်..

ကျနော်နဲ့ ဘာမှမဆိုင်ပေမယ့်
မဝါဝါခိုင်မင်း ကိုတစ်ယောက်ယောက်ကပြောတုန်းကလဲ
တော်တော်စိတ်ထဲတင်းတယ်..
အခုလဲ ဘယ်လို ဖြစ်မှန်းမသိ..
စိတ်ထဲ နေမထိဘူး..
မှားခဲ့ရင်တော့ခွင့်လွှတ်မနော်ရေ...
လေးစားခင်မင်ချစ်ခင်မှုများစွာဖြင့်
ဖိုးစိန်

အောင်သာငယ် said...

ခွေးလေးခုန်လို့ ဖုန်မထပါဘူးဗျာ...
နောက်ထပ် ပြောမနေပါနဲ့တော့...
သက်သက်ရန်လာစနေတာတွေကို
နောက်ဆို ဖျက်ချပစ်လိုက်ဗျ...
ဆီပုံးမှာလည်း ban လို့ ရတာပဲ
IP မှတ်ထားပြီး ဘန်းလိုက်ပေါ့..

လင်းဒီပ said...

အနုပညာဆိုတာ သိမ်သိမ်မွေ့မွေ့လေး သူဘာသာရှိနေတာမျိုးပါ။
သူ့ရဲ့သိမ်မွေ့နူးညံ့မှုကို ခံစားတတ်ရင်ခံစား မခံစားတတ်ရင် ကျော်သွားကြပေါ့...
အခုတော့ စောင်းသံကို နားမထောင်တတ်တိုင်း လျှောက်အော်သွားကြတော့ တီးရတဲ့လူ အနှောက်အယှက် ဖြစ်တယ်။

အဆင်ပြေပါစေ အစ်မ

နိုင်းနိုင်းစနေ said...

ဆရာမ..
အကြိုက်ချင်း မတူသူတွေရဲ့ စကားကြောင့်
စိတ်ကျန်းမာရေးကို မထိခိုက်လိုက်ပါနဲ့...
ဆရာမရဲ့ စာတွေ၊ ကဗျာတွေကို ကျွန်မတို့ အများကြီး ဖတ်ချင်သေးတယ်..

ရှေ့လျှောက်ဒီလိုမျိုးတွေ အများကြီးကြုံရအုန်းမှာ..
ခံနိုင်ရည်ရှိအောင် ကျွန်မတို့ရဲ့စိတ်တွေ ကျန်းမာနေဖို့လိုတယ်

အစဉ်လေးစားလျှက်

သီဟသစ် said...

မနော်ရေ
ကိုလေးဖြူရဲ့ ဘင်္ဂလားပင်လယ်အော် အင်တာဗျူးမှာ ဖြေသလို သဘောထားပေါ့ဗျာ။
သူတို့ ပါးစပ်ပါတာပဲ ပြောကြပါစေ တဲ့။

သီဟသစ် said...
This comment has been removed by the author.
sin dan lar said...

အစ်မ...
စိတ်ချမ်းချမ်းသာသာနေပါ...။

April said...

မ..ရဲ့ ဘလော့ကို မလာမှသာ စိတ်ကျန်းမာရေး ထိခိုက်မှာမို့လို့.. နေ့တိုင်းလာရတာပါ။

ပျော်ရွှင်ပါစေ...
မိုးနေ

Anonymous said...

ညီမနော်ရေ.. ဘာပဲဖြစ်ဖြစ် ပြီးသွားမှာပါ လို့ စိတ်ထားလိုက် ပေါ့သွားတယ်။ ဘယ်လောကမှာပဲ ဖြစ်ဖြစ် ဒီလို ကဖျက်ယဖျက်တွေက ရှိပါတယ်.. ကိုယ်လုပ်စရာ ရှိတာသာ လုပ်ပါ။
ချစ်ခင်စွာဖြင့်
အမခင်မင်းဇော်

အိန္ဒြာ said...

ဒီကိစ္စကို...ဒီအချိန်ရောက်တာတောင် ဒီလိုပြောနေရတုန်းဆိုကတည်းက ဘယ်ဟုတ်တော့မလဲ..နော်..။
ဥပမာ..ဒူးရသီး..သိပ်ကြိုက်တဲ့သူတွေ မက်မက်စက်စက်စားနေတာကို
မကြိုက်တဲ့လူက စားနိုင်လေခြင်းဆိုပြီး ဝေဖန်ရှုံ့ချနေသလိုမျိုးပေါ့..
အနံ့တောင်မခံနိုင်ပါဘူးဆို..
အနံ့ရှိတဲ့နေရာကိုပါရှောင်ပစ်လိုက်
လူတစ်ကိုယ်မှာတောင် အကြိုက်က ၃ ၄ မျိုးလောက်၇ှိနေသေးတော့ကာ..
ကိုယ်နှစ်သက်တာ..ကိုယ်ဖတ်
ကိုယ်မကြိုက်တာ ကိုယ်ကျော်သွား...
ခေတ်က..
အနုပညာက
သူ့ဘာသာ...စီးနေတာပါပဲ...

အစ်မ..စိတ်ချမ်းသာပါစေ။

lotuslynn said...

အင်း ......... တော်သေးတယ် ဒီနေ့မှ ဒီအချိန်မှ ဒီစာလေးတွေဖတ်မိလို့ ၊ မဟုတ်ရင် နောက်တစ်ခေါက်ထပ်ဖြစ်ရအုန်းမယ် .... ဘလော့ဂ်ပိုင်ရှင်ကိုဖြင့်အားနာလှပြီ ။
ဒီလိုလေးတွေးပြီးခွင့်လွှတ်လိုက်ပါလား ကိုယ်တိုင်မမှီကြောင်းကိုဘယ်သူမှရိုက်မစစ်ဘဲ မမှီပါဘူးလို့အတင်းဝန်ခံနေတဲ့သူလို့...... အဲလိုလေးတွေးလိုက်ပါသူငယ်ချင်း........ ဘာမှကိုမပြောလိုတော့ပါဘူး ...... ပြန်ပြန်ရှင်းနေရတာကိုလဲမောလောက်ရော့မယ်..... နေကောင်းအောင်နေ........ စာတွေဆက်ရေး ......
ကိုယ့်အတွက် ( ၀န်ခံပါသည် ကျမတစ်ယောက်တည်းခံစားချက်အတွက်သက်သက်သာဖြစ်ကြောင်း ) တော့ သူငယ်ချင်းစာတွေဖတ်နေရတာ အထီးကျန်မှုအတွက် ဖြေဆေးတစ်ခွက်....................

cheers!!!!

ဂျူ

အိုင်လွယ်ပန် said...

အရင်ရက်တွေကတည်းကရောက်တယ်အစ်မ ....

ကွန်မကောင်းလို့ ............

အပင်မြင့် လေ လေတိုက်ခံရလေလေပဲအစ်မရေ ...

အနုပညာ အမြစ်ခိုင်နေပြီးသားပဲဗျာ .....

ဘယ်လေတိုက်တိုက် လေညှင်းခံနေရသလိုပေါ့ အစ်မ

ဇိမ်တောင်ရှိသေး ...

ချမ်းမြေ့ပါစေအစ်မရေ .....

Achit said...
This comment has been removed by a blog administrator.
Achit said...
This comment has been removed by a blog administrator.
Achit said...
This comment has been removed by a blog administrator.
လင်း said...

မနော်ရေ ခေါင်းထဲမှာ မထားပါနဲ့ ။ မလိုလားတဲ့ လူတွေရဲ့  အသံကို လစ်လျူရှုလိုက်ပါ။
ကိုယ့်ကိုတန်ဖိုးထားတဲ့သူတွေနဲ့  အားပေးနေတဲ့သူတွေရဲ့  မေတ္တာ ကိုခံယူပြီး လမ်းဆက်လျှောက်ပါ။

aoma said...

အကုန်ဖတ်ပြီးသွားပြီအစ်မ..
ကျွန်တော်ကတော့ ဆရာဇော်ပြောတာကိုပဲ ထက်ပြောလိုက်ချင်ပါတယ်ဗျာ။

ရသဆိုတာ အနုပညာပစည်းတစ်ခု/ အနုပညာဆောင်ရွက်မှုတစ်ခုမှာ နဂိုကတည်းကရှိနေတဲ့ ဂုဏ်အင်္ဂါတစ်ရပ်မဟုတ်ဘူး။ ဖတ်သူ၊ ကြည့်သူ၊ ခံစားသူ (ပရိသတ်)က သူ့ဖာသာ တည်ဆောက်ယူလိုက်တဲ့ ဆုံးဖြတ်ချက် သဘောတစ်ခုသာဖြစ်တယ်။ တစ်နည်းပြောရရင် ရသဆိုတာ တုန့်ပြန်မှုတစ်ခုပဲ။ ရှိနှင့်ပြီးဖြစ်တဲ့ အတွင်းသားဂုဏ်ရည်တစ်ခုမဟုတ်ဘူး။

ဇော်ဇော်အောင်

မောင်မျိုး said...

ကိုစေးထူး ပို့စ်ကနေမှ တဆင့်လာဖတ်ဖြစ်တော့တယ် ဆရာမရေ့ အစ်ကို့ဆီမှာပဲ မန့်သွားတော့မယ်ဗျ အဆင်ပြေပါစေ ။

sweetpeony said...

အမလေးမနော်ရေ.....

ဒီနှစ်ရက် သုံးရက် မအားလို့ မရောက်ဖြစ်လိုက်တာနဲ့  အဖြစ်အပျက်တွေက များလိုက်တာ....။
ခုမှရောက်တာပဲတော်တော်... မဂျူပြောသလို တော်ကြာထပ်ဖြစ်နေဦးမယ်...။ ဟားဟား.....။
မနေနိုင်လို့ နဲနဲတော့ရေးချင်သေးတယ်...
:D

Zephyr said...

မသမာသော သူသို့ ....။

ဘာရည်ရွယ်ချက်နဲ့ ဒီလိုလာပြောလဲ စဉ်းစားလို့မရပါ ...။ အလုပ်များလို့လေးနက်တာတွေမခံစားနိုင်တော့တာကို နားလည်ပေးလို့ရပေမယ့် ... ပေါတောတောလာဝန်ခံတာကတော့ ရယ်စရာကောင်းပါတယ် ...။ ဒီမှာစာလာဖတ်ပြီး နှစ်နှစ်သက်သက် ခံစားနေတဲ့သူတွေက ဘာအလုပ်မှမလုပ်ဘဲ ... အားအားယားယား မို့လို့ ဒီစာတွေကို နားလည်နေတာမဟုတ်ပါဘူး ...။
လွတ်လွတ်လပ်လပ်ပြောချင်လွန်းရင် လယ်ကွင်းထဲမှာ အ၀တ်ဗလာနဲ့သွားအော်နေပါ ...။

စာရေးသူနဲ့ သူ့ရဲ့စာတွေကို အူလည်လည်နဲ့လာမဝေဖန်ပါနဲ့ ...။

ဖတ်ရတာ အနှောင့်အယှက်ဖြစ်သည် ..။
ဘယ်သူမှစောင်းမတီးပြဘဲလာလာမဝှေ့ပါနဲ့ ...။

2007 ဒီဇင်ဘာစစ်တမ်းအရ blog 112 သန်းရှိပါတယ် ...။ ၂၀၀၉ ရောက်ပြီဆိုတော့ ၁၁၂ သန်းထက်လျှော့စရာမရှိပါဘူး ...။ ဘာလို့ ဒီ blog မှာမှ ကိုယ်နဲ့ ဓာတ်မတည့်တာတွေ လာဖတ်နေရတာလဲ ...။

နေသာသလိုနေပါ ...။
ကိုယ်ထူကိုယ်ထ ... ကိုယ့် အနုပညာ ပါရမီ ဓာတ်ခံနည်းမှုကို ကြော်ငြာနေစရာမလိုပါ ...။

ပလာတာသည် နွားများစားရန်မဟုတ်ပါ ... လို့ ဆရာသစ္စာနီရေးခဲ့ဖူးတာသတိရသည်....။ ဒီလိုဘာလို့ပြောတာလဲဆိုတာကို တော့ အကျယ်တ၀င့်နားလည်သွားပြီ ဖြစ်ကြောင်း ...

Z..

(ps. ရေးထားခဲ့သမျှ post တွေအားလုံးအတွက် ကျေးဇူးတင်ပါတယ် အမရေ ...။ စိတ်မပျက်ပါနဲ့ ... ဒီလိုလူတွေဟာ ... နေရာတိုင်းမှာရှိနေကြတုန်းပဲလေ ...၊ အနုပညာကို အစာမကြေတဲ့ရောဂါ ရှိနေပုံရတယ် ...)

GANGSTER said...

အစ်မ...ခေါင်းထဲမှာ မထားပါနဲ့ ။ မလိုလားတဲ့ လူတွေရဲ့  အသံကို လစ်လျူရှုလိုက်ပါ။
ကိုယ့်ကိုတန်ဖိုးထားတဲ့သူတွေနဲ့  အားပေးနေတဲ့သူတွေရဲ့  မေတ္တာ ကိုခံယူပြီး လမ်းဆက်လျှောက်ပါ။ဘာပဲဖြစ်ဖြစ် ပြီးသွားမှာပါဗျာ။
ဆရာမရဲ့ စာတွေ၊ ကဗျာတွေကို အများကြီး ဖတ်ချင်သေးတယ်......။
ချစ်ခြင်းများစွာဖြင့်.....
ကျားကျား

ngapiy said...

u r stupid

ngapiy said...

this post is bull shit

naynyoyint said...

ကိုယ့်လမ်းကိုယ်လျှောက်မယ်..
ဝေဖန်ရင် ကောင်းတဲ့အချက်ကို ယူသွားမယ်..
မလိုတဲ့အချက်ကို လျစ်လျူရှူ သွားမယ်..
ဝေဖန်သူ လိုနေရင် ထောက်ပြမယ်..
ထောက်ပြလို့  မကြိုက်ရင် ဆိတ်ဆိတ်နေလိုက်မယ်..
ကိုယ့်လမ်းကိုယ်လျှောက်မယ်..

အမ စာပေတွေကို အစဉ်လေးစားလျက်..

အလှတရား said...

အစ်မစာပေတွေကို
လေးစားခင်မင်လျက်ပါ..

freedom said...

မနေ့က သေချာလိုက်ဖတ်တယ်.....ကိုယ့်စိတ်ကိုပြန်စစ်တယ် ဒါမျိုးဆို ဘယ်လိုခံစားရလည်းလို့....နောက်ဆုံး (မ)မနော်ဟရီ မှန်တယ်လို့ တွက်တယ်....မနော်ဟရီက မနော်ဟရီပဲ နိုင်းနိုင်းစနေက နိုင်းနိုင်းစနေပဲ.....နိုင်းနိုင်းစနေရေးတာကိုလည်း သိပ်ကြိုက်သလို မနော်ဟရီ ရေးတာကိုလည်း ခံစားရတယ်.....ဒီကိတ်စမှာ ဒီလိုဖြစ်တာတွေကို မြင်ချင်လို့ အာလာချောင်တာလို့ပဲမြင်တယ်......ဘလော့ဆိုတာ သာလာယံ ဇရပ် ဆိုတဲ့ အယူကို လက်မခံဘူး....လူတစ်ယောက်ရဲ့ ဘလော့ဆိုတာ အဲဒီလူရဲ့ ဒိုင်ယာရီ ကိုယ်ပိုင်နေရာလေးပဲ......မနော့်ဟရီစာတွေဖတ်ရတာ စိတ်ရှုပ်တယ် နိုင်းနိုင်းစနေစာတွေဖတ်ရတာ စိတ်ရှင်းတယ် ပြောတယ်....ရသစာပေချင်း တူပေမယ့် ရေးဟန် လိုင်းကွဲနေတဲ့ လူနှစ်ယောက်ကို ယှဉ်ထိုးပြောထဲက အဓိပါယ်မရှိတော့ဘူး......
လူတိုင်း လူတိုင်း ဘယ်သူမှလည်း ယှဉ်ထိုးပြီး ပြောလာတာကို မကြိုက်ဘူး.....မနော်ဟရီက သူတော်စင်လည်း မဟုတ်ဘူး စာရေးဆရာ.....စိတ်ရှုပ်တယ် မဟုတ်လား စိတ်မရှုပ်ရတဲ့ နေရာကို အစထဲက ရွေးထားခွင့်ရှိတယ်.....ဖတ်လည်းဖတ်ချင်တယ် ဖတ်ပြီးတဲ့အချိန်ကျမှ စိတ်ရှုပ်လိုက်တာလို့ပြောတာဟာ အင်မတန် အဓိပါယ်မဲ့တဲ့ အပြုအမူလို့ပဲ ထင်တယ်.....မနော်ဟရီက သူ့လမ်းသူသွားနေတာကို လမ်းမပေါ် ကန့်လန့်ဖြတ်တက်ပြီး ဘယ်လို သွားနေတာတုန်းလို့ မေးခွန်းပြန်ထုတ်နေသလိုပဲ.....ခင်ဗျားတို့ စိတ်ရှုပ်နေတိုင်း မနော်ဟရီက ခင်ဗျားတို့ အကြိုက် လိုက်ရေးပေးရမှာလား......ဘယ်သူမှလည်း လာပါလာပါ ခေါ်နေတာမဟုတ်ဘူး ကိုယ့်သဘောနဲ့ကိုယ်တွေ သွားပြီး ကွှန်တော်တို့က ဝေဖန်တာ ပါဆိုတဲ့ တံဆိပ်တပ်ပြီး သူများကို စော်ကားတာတော့ အလွန်အောက်တန်းကျတယ်......ဝေဖန်တာလား အောက်တန်းကျတာလား ပြန်စဉ်းစားကြည့်ကြပါအုန်း....

(မနော်ဟရီနဲ့ သိလည်းမသိဘူး ခင်လည်းမခင်ဘူး မခံနိုင်လို့ဝင်ပြောတာ မနော်ဟရီ ဘလော့ကိုလည်း အမြဲဝင်ဖတ်လေ့မရှိဘူး ခင်ဗျားတို့လိုပဲ ပြင်ပဘ၀မှာ စိတ်ရှုပ်စရာတွေရှိလို့ စာကောင်းတွေကို အေးအေးဆေးဆေး အချိန်ယူ မခံစားနိုင်လို့ မလာဘူး ကိုယ်မခံစားနိုင်တိုင်း မပြောကြပါနဲ့ )

နာမည် ပီနောင်ပါ....နာမည်ရေးလို့မရလို့ ဂိုဂယ်အကောင့်နဲ့ရေးတယ်

December Cinderella said...

မနော်ရေ ...

နောက်ကျပြီးမှ လာဖြစ်တာခွင့်လွှတ်ပါ။
( အခုတလော online မှာတွေ့ပေမဲ့လဲ
အနှောက်အယှက်မပေးချင်လို့
မခေါ်ဖြစ်တာပါ)
ရင်ဘတ်ချင်းတူညီစွာ ခံစားနေသလို
ရှုထောင့်မျိုးစုံကနေ ..
စာရေးသူတွေရဲ့ စေတနာ၊ ကြိုးစားအားထုတ်မှု၊ ပေးဆပ်လိုက်တဲ့ အချိန် ..
အရာအားလုံးကို အသိအမှတ်ပြုလေးစားမိတယ်။
ဒါပေမဲ့ လူတိုင်းက ကိုယ့်စိတ်နဲ့နှိုင်းလို့ မရသလို
ကိုယ့်လို မခံယူတတ်တဲ့ သူတွေနဲ့ တွေ့တဲ့အခါ
အဲ့လို စိတ်ကျန်းမာရေး ထိခိုက်သွားခဲ့တာမျိုးတွေ
ဖြစ်ဖူးပါတယ်။
အသပြာအတွက်လဲ မဟုတ်ပဲနဲ့ ကိုယ့်အချိန်ကိုတောင်
ပေးဆပ်ပြီး မျှဝေနေတဲ့ blogger အပေါင်းကို ကိုယ်နှင့် အမြင်တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ..
လေးစားအားပေးလျက်ပါ။
မနော်တို့လို စာရေးဆရာတွေက ဘလောဂ့်ပေါ်က မျှဝေ ပေးတော့ ပိုတောင် ပျော်သေး ..

Ma ,,, whatever it is .. we are here .. CHEERS !

with all my heart and love
Sint

kyawkhinethin said...

ပြသနာဆိုတာ..လူကဖန်တီးသလို..
လူကပဲဖျက်ခြေလို့ရတယ်..
ဒါပေမဲ့...ဖန်တီးလာတဲ့သစ်သီးကို
ဘယ်သူဝယ်မှာလဲ....
သေချာတာကတော့...

ချစ်ခြင်းမေတ္တာဖြင့်