စိတ္တဇတေးသွား

Wednesday, March 11, 2009

မနေ့က..ရန်ကုန်ကနေသတင်းတစ်ခုဝင်လာတယ်။စာအုပ်ထွက်ပြီတဲ့။ အဲဒါနဲ့လိုင်းပေါ်မှာ
ရှိနေတဲ့ညီမလေး မိုးနေ ကိုစာအုပ်ဝယ်ခိုင်းပြီး(ပေးလည်းမပေးဘူးနော်..:D)စာပါရိုက်ခိုင်း
လိုက်သေးတယ်။သူဒီနေ့ ကိုတာရာမင်းဝေရဲ့စာမူကိုရိုက်ပေးလာတယ်။အတော်ပါပဲ။ဝါအ
ရစဉ်စဉ် အသက်အရစဉ်စဉ် သူကအကြီးဆုံးကိုး..။ကိုရဲထက် ၂လလောက်ကြီးပါတယ်။..
သူ့စာမူအသစ်စက်စက် နောက်ဆုံးလက်ရာလို့လည်းပြောလို့ရပါတယ်။အဝေးရောက်နေ
တဲ့ သူ့စာကိုတကယ်ခံစားနားလည်နိုင်တဲ့ သူတွေအတွက်ပါ။မဟုတ်လို့ကတော့ ဒီလိုတင်
လိုက်တာ အန္တရယ်များပါတယ်။ကျွန်မတို့စာအုပ်တွေကို အခမဲ့မျှဝေပေးနေတာကအဆင်
ပြေပါတယ်။တချို့ကျတော့မျှဝေတာမဟုတ်ပဲ အခကြေးငွေနဲ့ရောင်းနေကြတာပါ။အဲလိုလူ
တွေက ဒီစာမူတွေကိုအသာလေးကောက်စားသွားရုံပါပဲ။အဲဒါကြောင့်ပါ။ပြောပြန်ရင်လည်း
မစားစေချင်ရင်နဂိုတည်းကမတင်နဲ့ဆိုတဲ့စကားပဲကြားရဦးမယ်လေ...
အနုပညာ တွေအများကြီးဆက်လုပ်စရာကျန်သေးတဲ့ သူတစ်ယောက်ရဲ့..နောက်ဆုံးလက်
ရာကိုလေးစားတဲ့အနေနဲ့ အဲလိုတော့မလုပ်လောက်ဘူးလို့မျှော်လင့်ရင်း....

စိတ္တဇတေးသွား

(၁)
သီးသန့်ဆန်သော ဤမြို့တော်ကလေးဆီသို့ သူ ရောက်လာခဲ့သည်မှာ ရှစ်လခန့်ရှိခဲ့ပါပြီ။ ဤမြို့တော်ကလေးတွင် သူ့အတွက် အသိအကျွမ်းမရှိပါ။ ယခင်ကလည်း ရောက်ခဲ့ဖူးခြင်း
မရှိပါ။ ယခုမှ ဘ၀အခြေအနေ အလှည့်အပြောင်းတစ်ခုကြောင့် တေလေ၀ိညာဉ်ဝင်စားကာ လွင့်မျောရောက်ရှိလာရခြင်း ဖြစ်သည်။

(၂)
ပင်ကိုအားဖြင့် တိတ်ဆိတ်စွာ နေထိုင်တတ်သူ တစ်ယောက်ဖြစ်၍ ဤမြို့တော်ကလေးမှ
သူ့အနေအထိုင်သည် ဒေသခံများနှင့် ကွဲပြားပဲ့ထွက်ကာ သီးသန့်ဆန်လွန်းလှပါသည်။
အခန်းထဲမှ အခန်းပြင်သို့ပင် ထွက်ခဲသော၊ ညဥ့်သန်းခေါင်ယံ အချိန်ကျမှ ၀ရန်တာသို့
ထွက်ပြီး ကြယ်တွေကို ကြည့်ငေးနေတတ်သော၊ ရံဖန်ရံခါတွင် တစ်ယောက်တည်း ...
စကားပြောနေတတ်သော သူ့ကို အခြားအခန်းမှ လူအပေါင်းက တအံ့တသြရှိကြ၏။ နားလည်ရခက်သည်နှင့်အမျှ ယဉ်ယဉ်လေး ရူးနေသူတစ်ဦးပမာ သူ့ကို အကဲခတ်ရင်း
ခေါင်းကို ခပ်လေးလေး ယမ်းခါကြ၏။

(၃)
သူက ကဗျာဆရာတစ်ဦးမျှသာ ဖြစ်ပါသည်။ သို့သော ပင်နီတိုက်ပုံဝတ်ပြီး ဆံပင်ညှင်း
သိုးသိုးနှင့် ဆေးလိပ်မီးခိုးစော် နံနေတတ်သော ကဗျာဆရာမျိုးလည်း မဟုတ်ပါ။သာမန်
လူငယ်တစ်ဦး၏ ဆင်ယင်နေထိုင်မှုမျိုးနှင့်သာဘ၀ကို သူဖြတ်သန်းပါသည်။ မချမ်းသာ
သည့်တိုင်အောင် မတောင့်မတ၊ မကြောင့်မကြ သူ ရပ်တည်၍ ရပါသည်။ ကြေကွဲဖွယ်
ရာ ကာလအချို့ကတော့ မောက်မောက်မို့မို့ ရှိခဲ့ဖူးသည်ပေါ့လေ။

(၄)
ယခု ...
ရင်ထဲမှာ အမြစ်တွယ်လာသည့် ( x x x ) ပရိဒေ၀သစ်ပင်ကို ခုတ်ထွင်ရန် ကြိုးစားရင်း ပင့်သက်လောင်မီးတွေကြားမှာ သူပျင်းရိနေပါသည်။ ထိုသို့ဖြစ်ပင် ကဗျာတွေ၊ စာတွေ
ကြားမှာသူ့ကိုယ်သူ မြှုပ်နှံထားရပါသည်။တစ်ခါတစ်ခါတော့လည်း(မင်ရည်ကျဲကျဲဖြင့်ပင်)
စာတိုပေစတို့ကို ဟိုဟိုသည်သည် ရေးချတတ်၏။
ဝ .... ထ ... က ... လ ... သ
က ... ကညစ် .... ပေမှာခြစ်
ခ ... ခရာ ... အသံသာ
ဂ ... ဂဏန်း ... ရေမှာဖန်း
.... စသည်ဖြင့်

(၅)
ညတွေ ညတွေမှာ သူက အအိပ်အနေ နည်းလွန်းလှပါသည်။ ထူးဆန်းသော ညအချို့
ကို သူ ကြုံကြိုက်ရ၏။ တစ်ည ...သန်းခေါင်ယံ လွန်ရုံမျှသာ ရှိပါဦးမည်။
(လျှပ်စစ်မီးများ ပြတ်တောက်နေသည်။)
`၀ူး ... ၀ူး ... ´
ခွေးအူအံများကို ကြားရ၏။ ထိုခွေးအူသံများက ဝေးရာမှ နီးလာသည်။ ထို့အတူ
သူ့အခန်းဆီသို့ တက်လာသော ခြေသံဖွဖွကို ကြားရသည်။ သူ တွေဝေသွားမိသည်။
ခြေသံက သူ့အခန်းတံခါးရှေ့တွင် ရပ်၏။
`ဒေါက် ... ဒေါက် ... ´
သူ့အခန်းတံခါးကို ခေါက်ခြင်းဖြစ်သည်။ မည်သူလဲ၊ မည်သည့်ကိစ္စလည်း ဝေခွဲ၍မရ
သည်နှင့်အမျှ သင်္ကာမကင်းလည်း ဖြစ်ရ၏။ တံခါးကို သူ ဖွင့်မပေးပါ။တစ်ဖက်မှလည်း
တံခါးကို ခပ်ပြင်းပြင်းခေါက်နေဆဲ ...
`ဒေါက် ... ဒေါက် ... ဒေါက် ... ´
သူ့ဖက်မှ ဘာတုန့်ပြန်မှုကိုမှ မပေးသည့်အဆုံး`အူး ... ဟူး´ ဟူသည့် ကြောက်မက်ဖွယ်
ရာ ညည်းတွားသံကြီးနှင့်အတူ ခြေသံက အောက်ပြန်ဆင်းသွားသည်။ ခွေးအူသံများ ... ၊
ထိုခွေးအူသံများလည်း နီးရာမှ တဖြည်းဖြည်း ဝေးသွားတော့၏။

(၆)
နောက်ညမှာ ...
ပို၍ ဆိုးလာပါတော့သည်။ သန်းခေါင်ယံလွန်ချိန် ခွေးအူသံများ၊ သူ့အခန်းဆီ တက်လာ
သော ခြေသံဖွဖွ၊ ထိုသည်တို့နှင့်အတူ တံခါးခေါက်သံများ ...
`ဒေါက် ... ဒေါက် ... ဒေါက် ... ´
ခပ်လျော့လျော့ အနေအထားဖြင့် အခန်းထဲမှ ရပ်တန့်နားစွင့်ရင်း တံခါးကိုတော့ သူ
ပိတ်မြဲပိတ်ထားဆဲ။ တစ်ဖက်မှလည်း ပို၍ ပြင်းထန်လာသည်။ သုံးကြိမ်သုံးခါလာသည်။
သူ မည်သို့မှ မတုန့်ပြန်ပါ။ သုံးကြိမ်စလုံး ငြိမ်သက်တိတ်ဆိတ်စွာ ...
(၀)၃
အနှောင့်အယှက်ဖြစ်လာသလို ခံစားရ၍ နောက်နေ့မနက်မှာ လုံခြုံစခန်းကို သူ ဖုန်းဆက် တိုင်ကြားရပါတော့သည်။ လုံခြုံရေးဝန်ထမ်းများက လေးလေးနက်နက် နားထောင်ကြ၏။
ထို့နောက် စုံစမ်းမှုများ ပြုလုပ်ကာ သူ့ထံသို့ အကြောင်းပြန်လာသည်။
အရပ်မြင့်မြင့် လူတစ်ယောက်လို့ သိရပါသည်။ ဘယ်ဖက်လက်မှာ လက်အိတ်အဖြူ စွပ်
်ထားတယ်။ ဘယ်ကလာတဲ့လူလည်း မသိဘူး။ ကျွန်တော်တို့ စောင့်ကြည့်ပေးပါ့မယ်။

(၇)
သို့သော်လည်း နောက်ညတွေမှာ အခြေအနေက ထူးခြားမလာပါ။ သမရိုးကျဆန်စွာ ...
ကုန်လွန်ခဲ့၏။ ထို့ကြောင့် စောင့်ကြပ်ကြည့်ရှုသော ၀န်ထမ်းများကပင်လျှင် ဤကိစ္စ
အပေါ်တွင် လျော့ရဲစပြုလာပြီ။
ထိုအခါကျမှ တစ်ညမှာ ...
`၀ူး ... ၀ူး ... ´
သန်းခေါင်လွန်အချိန်မှာ ခွေးအူသံတွေကို စကြားရပြီ။ သူ့စိတ်ထဲမှာလည်း အလိုလ
ို သိလိုက်သည်။ သူ့အခန်းဆီ တက်လာသော ခြေသံနှင့် ....သူ့အခန်းတံခါးကို .......
ခေါက်သံ ကြားရဦးတော့မည်။ (သူက အေမီလိုဝဲလ်၏ ကဗျာများကို သရုပ်ခွဲ လေ့လာ
နေချိန်ဖြစ်၏။)
`ဒေါက် ... ဒေါက် ... ဒေါက် ...´
ဤတစ်ကြိမ်တွင်တော့ တုန့်ပြန်မှုကို သူ ပေးပါသည်။
`ဘယ်သူလဲ´
`ကျူပ်´
`ဘယ်က ကျုပ်လဲ´
`မင်းကို သတ်မယ့်လူ´
`အိုကေ ... ကိုယ်ကလည်း သေချင်တောနဲ့ အတော်ပဲ၊ ကောင်းပြီလေ၊ အထဲကိုကြွပါ´
သူ တံခါးကို ဖွင့်ပေးလိုက်ပါသည်။ အခန်းထဲသို့ လူတစ်ယောက်က သေမင်းပမာ ၀င်
်ရောက်လာ၏။ ဘယ်ဘက်လက်မှာ လက်အိတ်အဖြူကို စွပ်ထားသည်။
ထိုလူက သူ့ကို ...
`ခင်ဗျားနဲ့ ကျုပ်ကြားမှာ ပြောစရာစကား မရှိတော့ပါဘူးနော်။ ခင်ဗျားက သေချင်တယ်၊
ကျုပ်က သတ်တယ်၊ ဒါပဲပေါ့´
ထို့နောက် ထိုလူက လက်အမြှောက် ဓားရောင်က ၀င်းခနဲ တောက်သွားသည်။
`အား ...´
ထိုလူ လဲကျသွား၏။ သူ့နောက်မှာက လုံခြုံရေး ၀န်ထမ်းတစ်ယောက်။

(၈)
ထို့လူကို စစ်ဆေးမေးမြန်းကြတော့ အနားမှာ သူရှိနေပါသည်။ လုံခြုံရေးဝန်ထမ်းများက ထိုလူ့ကို ...
`မင်းနဲ့ သူနဲ့ ရန်ငြှိုးရှိလို့လား´
`မရှိဘူး၊ လူချင်းတောင် မသိဘူး´
`ဒါဖြင့် သူ့ကို သတ်ဖို့ မင်းကို တစ်ယောက်ယောက်က ခိုင်းလိုက်တာလား´
`မဟုတ်ဘူး၊ ကိုယ့်ဖာသာကိုယ် သတ်ချင်လို့ကို သတ်မှာ´
`ရှင်းအောင်ပြော၊ ဘာကြောင့်လဲ´
`ကျုပ်မှာ အရမ်းချစ်ရတဲ့ မိန်းကလေးတစ်ယောက် ရှိတယ်´
`ဖြစ်နိုင်ပါတယ်၊ ဆက်ပြော´
`ကျုပ်ကသာ သူ့ကို အရမ်းချစ်ရတာ၊ သူကတော့ ဒီကဗျာဆရာကို အရမ်းချစ်နေတယ်´
ထိုမိန်းကလေး၏ အမည်ကိုလည်း ပြောပြ၏။ သူကကျတော့လည်း ထိုမိန်းကလေးကို ...
အမည်ပင်မကြားဘူးပါ။ သူ့ကဗျာများမှတစ်ဆင့် သူ့ကို တွယ်တာခြင်း ဖြစ်နိုင်ပါသည်။
`ဒီကဗျာဆရာသေရင် သူလည်း လိုက်သေမယ်တဲ့၊ အဲဒါကြောင့် ဒီကဗျာဆရာကို သတ်ဖို့ ကျုပ်ကြိုးစားရတာပေါ့´
`ဟင် ... သူသေရင် မင်းကောင်မလေးကပါ လိုက်သေသွားမှာပေါ့´
`ဟုတ်တယ်၊ ကျုပ်ကလည်း အဲဒီလို ဖြစ်စေချင်တာ´

(၉)
`ဘာသဘောလဲ´
သူက မည်သို့မှ မခံစားရသော်လည်း လုံခြုံရေးဝန်ထမ်းများက တအံ့တသြ ဖြစ်ကြ၏။
ထိုလူက ဘီလူးတစ်ကောင်ပမာ ပြုံးပြီး သွားကြိတ်သံနှင့် ဖြေ၏။
ဓားတစ်ချက်တည်းနဲ့ နှလုံးသားနှစ်ခုကို ထိုးခွဲသတ်ဖြတ်ပစ်နိုင်တာ `ရသ´ ပေါ့ဗျာ။ ဘာ
ကိုမှ မရနိုင်တော့တဲ့ ကျွန်တော့်အတွက် ရသမြောက် ဓားချက်ကိုတော့ ယူသွားချင်လို့ပါ။
စကားအဆုံးမှာ ဖြိုးဖြိုးဖျစ်ဖျစ်မြည်အောင် ထိုလူပြုံး၏။ ထိုလူ့မျက်လုံးများက ဓားဦးဖျားမှ
ဖြာထွက်လာသော စိန်ပွင့်များပမာ ...
တောက်စားတုန်ခါလျက် ရှိလေသည်။

တာရာမင်းဝေ


27 Comments:

wai lin said...

ဘာကိုမှ မရနိုင်တော့တဲ့ ကျွန်တော့်အတွက် ရသမြောက် ဓားချက်ကိုတော့ ယူသွားချင်လို့ပါ တဲ့။
သူ ရသွားပါရဲ့လား။
မလိုချင်တာတွေကို သူများတွေမနာလိုလောက်အောင် အပြည့်အ၀ရသွားပေမယ့် လိုချင်တာတချို့ကိုတော့ မင်းငတ်မွတ်ခဲ့တယ်လို့ ငါယုံကြည်တယ်ညီ။
ညီမလေးမနော်ဟရီ စိတ်၏ငြိမ်းချမ်းမှုနဲ့ပြည့်စုံပါစေ။

မောင်မျိုး said...

နောက်ဆုံးအပိုဒ် ၉ မှာ ထိုလူပြောလိုက်တဲ့ စကားကိုကြိုက်တယ် ဘာတဲ့ ...
“ဘာ
ကိုမှ မရနိုင်တော့တဲ့ ကျွန်တော့်အတွက် ရသမြောက် ဓားချက်ကိုတော့ ယူသွားချင်လို့ပါ။”

အချစ်ကြီးလို့အမြတ်ကြီးတယ်ဆိုတာ ဒါမျိုးထင်ပါ့ ချစ်ခြင်းရဲ့အခြားတစ်ဖက်မှာကြောက်စရာကောင်းတဲ့
အမုန်းတွေလည်းရှိနေတာပဲ ။

tg.nwai said...

မနော်.. အရမ်းကျေးဇူးတင်ပါတယ်.. ဆရာရဲ့ နောက်ဆုံးရေးခဲ့တဲ့ စာ အသစ်စက်စက်ကို ဖတ်ခွင့်ရတဲ့ အတွက်..။

ထုံးစံအတိုင်းပါပဲ.. ရင်ထဲမှာ ခံစားသွားပါတယ်..။

ဖိုးစိန် said...

ကျနော်ကိုယ်တိုင်လည်း လုပ်မိမယ်ထင်တယ်..
ရသမြောက်တဲ့ဓါးချက်နဲ့ တော့
အဆက်မပြတ်မွှန်းလိုက်မလားပဲ...
ဒါပေမယ့် အိမ်မက်ထဲမှာပဲလုပ်ဖြစ်မှာပါ..

ကောင်းကင်ကို said...

ဆရာ့ရဲ့ အသစ်စက်စက် စာမူလေး တင်ပေးလို့ ကျေးဇူးပါ မနော်။
ွှဆရာ့အတွေးလေးတွေက ဆန်းသစ်နေတာပဲနော်။

ဖတ်ပြီးတော့ အဲဒီ့ ဓားချက်နဲ့ အထိုးခံချင်သလိုလို ဘာလိုလို :D

အိန္ဒြာ said...

အစ်မရေ...

ဆို့နစ်...

ဘာပြောရမှန်းမသိတော့လောက်အောင်ပေါ့..

နောက်ဆုံးအချိန်မှာဘာတွေတွေးသွားမလဲ..ဆိုတာ..
တွေးကြည့်နေမိတယ်..။

လင်းဒီပ said...

အစ်မရေ...
ကျေးဇူးအရမ်းတင်ပါတယ်...

ကိုတာရာမင်းဝေ ကိုမင်းခိုက်စိုးစန်တို့စာတွေနဲ့ ကြီးပြင်းလာခဲ့တော့
အမှန်ဝန်ခံရရင် သူတို့အရိပ်တွေ မလွတ်ပါဘူး...
ခေတ်တစ်ခေတ်ရဲ့ ကြယ်ပွင့်ပါ...
ဒိထက် ပိုမပြောတတ်ဘူး...

သူပြန်သွားပေမယ့် ကျွန်တော်တို့ကတော့ လွမ်းနေဆဲ...
နောက်ဆုံးလက်ရာလေးတစ်ခု ဖတ်ခွင့်ရလို့ အရမ်း ဝမ်းသာမိတယ်..

မနော် ပျော်ရွှင်ပါစေ..

ပီတိ(စိတ်ပညာ) said...

လာဖတ်သွားပါတယ်အစ်မရေ.. နောက်ဆုံးလက်ရာမဟုတ်ဘဲ နောက်ဆုံးရေးသွားတဲ့လက်ရာကို

NLS said...

ကိုတာရာ ရေးထားတာကို ခေတ်သစ် ရိုမီယို ဂျူးလီယက်တွေနဲ့ တွဲမြင်နေမှာ မြင်ယောင်သေးတယ်ဗျာ။ အဲကျန်သေးတယ် မမြဝင်းတို့ ခင်မောင်ရင်တို့ :) စကားမစပ် ဒါလေးဖတ်လိုက်ရတော့ ပန်းခေတ်ကလမင်း အဆုံးသတ်လေးကို သတိရလိုက်မိတယ်။ မတူပါဘူး။ အကွက်လေးကို သတိရမိသွားတာပါ။ ကျေးဇူးအမ။

war war khaing min said...

Read. I cann't type mm font. :(
I cann't write in C.box , Why????
Bye... :D

Craton said...

လေးစားတယ်.. ကြိုက်တယ်.. ဘာလို့ဒီလောက်တောင်တော်ရတာလဲ ဆရာရယ်.. (အန်တီနော်ကိုကျေးဇူးပါ.. စကားမှားသွားရင်ဆောရီး)

ကမာနီလာ said...

ကိုတာရာမင်းဝေရဲ့ နောက်ဆုံးရေးသွားတဲ့ စာမူကို ဖတ်ခွင့်၇တာ ရှားပါးတဲ့ အခွင့်ရေးတခုပါ ၊ အခုလိုဖတ်ခွင့်ရအောင် မျှဝေပေးလိုက်တဲ့ အတွက်ကျေးဇူးပါဘဲ ဆရာမ မနော်.....။

TNS said...

ကျေးဇူးတင်တယ်..မနော်..။
အရင်က မနော်နဲ့ ဆရာပါတ်သက်မှုကို ကျနော်မသိပါဘူး...ဟိုနေ့ ကမှ သိတော့ အံ့သြသွားတယ်..
တဦးချင်းစီိကိုတော့ အရင်ကတည်းက လေးစားပြီးသားပါ...
ဆရာ့ရဲ့ စာတွေကိုတော့ သိပ်ကြိုက်တယ်...
ကျနော်နေတဲ့ နိုင်ငံက မြို့ ငယ်လေးရဲ့ စာကြည့်တိုက်မှာ
ဆရာတာရာမင်းဝေရဲ့ စာအုပ်တွေ ရှိတယ်ဆိုရင် မနော်အံ့သြမယ်ထင်ပါတယ်..
နော်ဝေက စာကြည့်တိုက်မှာ မြန်မာစာအုပ်ဖတ်ချင်တယ်လို့ ပြောတော့ သူတို့ မြန်မာပြည်ကနေကို တကူးတက မှာပြီးတင်ပေးထားတာ...
ပင်တိုင်ငှားဖတ်တာကတော့ ကျနော်ပေါ့ဗျာ...
ဖတ်ပြီးလဲ ခဏခဏပြန်ငှားဖတ်နေတာ..။
သိပ်နှမြောတယ်ဗျာ..။

မေငြိမ်း said...

ဘာပဲဖြစ်ဖြစ်.. လွမ်းဆွတ်ရင်း.. ၀မ်းနည်းရင်း...
မနော်ကိုလည်း ကျေးဇူးတင်ပါတယ်...

မီယာ said...

မနော် ကျေးဇူးအများကြီးတင်ပါတယ်... ဆရာ့စာတွေ ဦးဦးဖျားဖျား ဖတ်ရတာ.. ပြန်မှ စာအုပ်ဝယ်ပါ့မယ်။ အစားထိုးမရတဲ့ ဆုံးရှုံးမှု... နှမြောခြင်း... ၀မ်းနည်းခြင်း တို့ အစုံပဲ ခံစားရတယ်။

ဆောင်းယွန်းလ said...

ကျေးဇူးပါမနော်ရေ...
ဓားတစ်ချက်တည်းနဲ့ နှလုံးသားနှစ်ခုကို ထိုးခွဲသတ်ဖြတ်ပစ်နိုင်တာ `ရသ´ ပေါ့ဗျာ။ ဘာ
ကိုမှ မရနိုင်တော့တဲ့ ကျွန်တော့်အတွက် ရသမြောက် ဓားချက်ကိုတော့ ယူသွားချင်လို့ပါ။....
ဘာပြောရမှန်းတောင်မသိတော့ဘူး...ကောင်းလွန်းလို့ဗျာ

sweetpeony said...

မရေ
ကျေးဇူးနော်... ဆရာ့ ၀တ္ထုလေးအတွက်...
ရိုက်ပေးတဲ့.. အကြောင်းကြားတဲ့ အမကိုကောပေါ့...
ခုလိုဖတ်ခွင့်ရတာကိုပါ....။
သတိရတယ်....။
နှမြောတယ်.....။
နောက်ထပ်... နောက်ထပ်... နောက်ထပ်တွေ ဖတ်ခွင့်မရှိတော့တဲ့ အတွက်..... ။

Zephyr said...

တာရာမင်းဝေရဲ့ ၀တ္ထုတိုလေးအတွက်
ကျေးဇူးတင်ပါတယ် အစ်မရေ...

ဓားသမားထင်သလို မဖြစ်မှာပဲ စိုးရိမ်မိတယ် ...။
သူယူသွားချင်တဲ့ ရသမြောက်ဓားချက်ကို ရခဲ့တာသေချာရဲ့လားလို့တွေးနေမိတယ် ....။

ခင်မင်စွာဖြင့်
Z

Han Thit Nyeim said...

ကိုတာရာရဲ့ စာကို အခုလို အဝေးတစ်နေရာကနေ အလွယ်တကူ ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပဲ အစ်မရေ...။

ရသဆန်တဲ့ ဓားချက်တွေအောက်မှာ တေးသွားတွေ စိတ္တဇဆန်စွာ ပြိုလဲခဲ့တယ်။

မိုးခါး said...

မနော်ရေ ဖတ်ခွင့်ပေးလို့ ကျေးဇူးပါနော် ..

ကိုရင်နော်ခင်လေးငယ် said...

မနော်...

ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ဖတ်ဖတ်
မရိုးနိုင်တဲ့ ဝတ္တုလေးအတွက်...
ရင်မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်

with love...

လင်း said...

ထာဝရ ရှင်သန်ပြီး ကျန်နေရစ်ခဲ့မဲ့ အနုပညာတွေ၊ မနော်နားမှာ ရှိနေတယ်။ ဖြေလို့  မပြေ နိုင်တဲ့ အလွမ်းတွေဖြစ်စေသလို ရှေ့ ဆက်ဘို့  အားတွေလဲ ဖြစ်ပါစေ ။

LOTUS said...

ဒီလိုလေးတင်ပေးတော့လဲ

ဒီစာလေးတွေကို ဒီလိုလေးပြန်ဖတ်ရတော့
လွမ်းမိသား........ ဘာကိုပါလိမ့်
တားရော့ကိုလား..... စကားကိုလား...... ဘယ်သူ့ကိုလဲ

( မမေးနဲ့နော်...... မပြောပြဘူး ) :D

ဂျူ

အိုင်လွယ်ပန် said...

ကျေးဇူးပါအစ်မရေ ...

Moe Cho Thinn said...

နှမြောတာကိုပဲ ပြောနိုင်တော့တယ်...

ဒါကိုဖတ်အပြီး မနော်နဲ့ လူချင်းဆုံ စကားတွေ အများကြီး ပြောချင်စိတ် ဖြစ်မိတယ်။

sin dan lar said...

တာရာမင်းဝေရဲ့ နောက်ဆုံးလက်ရာလေးကို စောစောဖတ်ခွင့်ရတာ အစ်မကို ကျေးဇူးတင်ပါတယ်။

thein said...

ဆရာမ မနော် ကျေးဇူးပါ...

ဖတ်ခွင့်ရတာ......နောက်ဆုံးလက်ရာလေး
လွမ်းရတာ..နှမြောတာ.....ဆရာတာရာမင်းဝေ
ထာဝရ ရှင်သန်နေမှာ.... ကျန်နေရစ်တဲ့ အနုပညာ