ကလေး...သို့

Monday, March 9, 2009

မီးပြတိုက်အလွန်ကဗျာစုထဲကပဲဖြစ်ပါတယ်။

ကလေး... သို့
ကလေးရေ...
မုန်တိုင်းတွေဟာမောပန်းလာတယ်
ဘယ်မှာလဲ... ခိုလှုံနားစက်ရာတဲ့
မနက်ဖြန်တွေဟာ
အိပ်ချင်ယောင်ဆောင်နေကြလေရဲ့။

ကလေးရေ
နှုတ်ခမ်းတွေကိုကြားရလား...
စကားလုံးများစွာက ခုန်ထွက်လာရဲ့
အသိသညာတွေဟာ... ကွန်ပျူတာတွေလိုပဲ
delete ခလုတ်တစ်ခု ပိုင်ဆိုင်ထားရမယ်... ။

ကလေးရေ...
မျက်ဝန်းတွေကိုဖတ်တတ်ပြီလား...
ယောင်မှားသံသယတွေသာရရှိခဲ့
ယုံကြည်မှုတွေဟာ... အိပ်ရာမထနိုင်ကြသေးဘူး
မူးယစ်နေတာမျိုးမဟုတ်ဘူးလေ... ။

ကလေးရေ...
နှလုံးသားတွေပျောက်နေတယ်
ဘယ်သူများခိုးယူသွားပါလိမ့်
တစ်ယောက်တည်းကလား...
အများကြီးကလား...
နှလုံးသားတွေကိုရှာဖွေဖို့
နှလုံးသားများစွာ ဖွင့်ရှာရတော့မှာ။

ကလေးရေ...
ပန်းတွေကိုခိုးခူးမထားနဲ့နော်
အပျော်ဆိုတာတခဏ...
ကြွေကျသွားတဲ့ပန်းပွင့်တွေလိုပဲ
ထာဝရမတည်မြဲဘူး
ဆူးစူးတတ်သေးတယ်... ။

ကလေးရေ...
အိပ်မက်တွေကိုတော့
ချိုးမကွေ့ခဲ့လိုက်ပါနဲ့
ပစ္စုပ္ပန်ရဲ့အရှိတရား
ခါးသက်လွန်းလှပါတယ်...
တွယ်ငြိနေတာလည်း မဟုတ်ပါဘဲ
ခွာချမရနိုင်ခဲ့...
ကိုယ်တို့ရဲ့အဆောင်အဖြစ်
အိပ်မက်တွေကိုပဲ ချစ်ရတော့မှာ... ။

ကလေးရေ...
ခန္တီစတရား... တဲ့
ပညာရှိစကားနဲ့သာဆိုခဲ့ရ
သက်သာရာရအောင်လေ...
အမှန်က... အားမတန်၊ မာန်ချ... တဲ့
အဲဒါတွေနဲ့ပဲ
ကိုယ့်ဘာသာကိုယ်လှည့်စားနေခဲ့ရ
တစ်ဘ၀စာမို့သာနော်... ။

ကလေးရေ...
သင်ခန်းစာတွေလေ...
သင်ခန်းစာတွေ...
ပျားရည်ဖွပ်ထားရသလိုပါပဲ
အရသာကတော့ချိုပါရဲ့...
ဒါပေမယ့်... ဒဏ်ရာတွေက နာကျင်လွန်းတယ်။


မနော်ဟရီ


21 Comments:

နန်းညီ said...

ဟေး အရင်ဆုံး ၀င်ဖတ်သွားတယ်ကွ

ခရောင်းလမ်း said...

ကျွန်တော်ခံစားတတ်သလို ခံစားသွားပါတယ်..........

ဖိုးစိန် said...

နာကျင်လွန်းတဲ့ဒဏ်ရာတွေကိုဘယ်လိုဖျောက်ရပါ့မလဲ..

ပီတိ(စိတ်ပညာ) said...

လာဖတ်သွားပါတယ် အစ်မရေ

လင်း said...

ကလေးရေ...
အိပ်မက်တွေကိုတော့
ချိုးမကွေ့ခဲ့လိုက်ပါနဲ့
ပစ္စုပ္ပန်ရဲ့အရှိတရား
ခါးသက်လွန်းလှပါတယ်...
တွယ်ငြိနေတာလည်း မဟုတ်ပါဘဲ
ခွာချမရနိုင်ခဲ့...
ကိုယ်တို့ရဲ့အဆောင်အဖြစ်
အိပ်မက်တွေကိုပဲ ချစ်ရတော့မှာ... ။

တကယ်ထိတယ် မနော်

လင်း said...

ကလေးရေ...
အိပ်မက်တွေကိုတော့
ချိုးမကွေ့ခဲ့လိုက်ပါနဲ့
ပစ္စုပ္ပန်ရဲ့အရှိတရား
ခါးသက်လွန်းလှပါတယ်...
တွယ်ငြိနေတာလည်း မဟုတ်ပါဘဲ
ခွာချမရနိုင်ခဲ့...
ကိုယ်တို့ရဲ့အဆောင်အဖြစ်
အိပ်မက်တွေကိုပဲ ချစ်ရတော့မှာ... ။

တကယ်ထိတယ် မနော်

ကောင်းကင်ကို said...

ကလေးရေ...
သင်ခန်းစာတွေလေ...
သင်ခန်းစာတွေ...
ပျားရည်ဖွပ်ထားရသလိုပါပဲ
အရသာကတော့ချိုပါရဲ့...
ဒါပေမယ့်... ဒဏ်ရာတွေက နာကျင်လွန်းတယ်။

ရင်ထဲ ထိသွားတယ်ဗျာ။

ကိုရင်နော်ခင်လေးငယ် said...

မနော်ရေ....

ကဗျာ တစ်ပုဒ်လုံးကောင်းတယ်..
ရွေးရမယ်ဆိုရင်တော့....
နောက်ဆုံးအပိုဒ်လေးကို သဘောအကျဆုံးပါ..

with love

အိန္ဒြာ said...

ကလေးရေ...
နှလုံးသားတွေပျောက်နေတယ်
ဘယ်သူများခိုးယူသွားပါလိမ့်
တစ်ယောက်တည်းကလား...
အများကြီးကလား...
နှလုံးသားတွေကိုရှာဖွေဖို့
နှလုံးသားများစွာ ဖွင့်ရှာရတော့မှာ

အမှန်တရား...ဆိုတော့ ရက်စက်ပေမယ့်
လှနေတာပါပဲ...

လှလိုက်တာအစ်မရယ်..
ဓါတ်ခံကမကောင်းဘူးနော်...
ကိုယ့်ကိုကိုယ်မနည်းလိုက်ဆည်ထားရတာ..
ခုတော့...
အစ်မဆီမှာ...မျောပြန်ပေါ့....

လင်းဒီပ said...

သင်ခန်းစာတွေ...
ပျားရည်ဖွပ်ထားရသလိုပါပဲ
အရသာကတော့ချိုပါရဲ့...
ဒါပေမယ့်... ဒဏ်ရာတွေက နာကျင်လွန်းတယ်။

အဲဒီစာသားက အတော်တာတယ်ဗျာ....
ကျောင်းက နေတိုင်း တက်လို့ကို မပြီးတော့ဘူး...
နာကျင်လွန်းလှပြီ...

Kay said...

တွယ်ငြိနေတာလည်း မဟုတ်ပါဘဲ
ခွာချမရနိုင်ခဲ့...

ကြိုက်စ်း)

Moe Myint Tane said...

တစ်ခါ တစ်ခါ ပျားရည်ဆမ်းထားတဲ့ ဒဏ်ရာက သွေးစိမ်းတွေလည်း ထွက်နေတတ်တယ်အမရေ။ တရားဆိုတာ သိထားပေမယ့်လည်း မတည်မြဲခြင်းတွေများစွာထဲမှာ
အိပ်မက်ဆိုတာတွေကို တွယ်ဖက်တတ်နေတော့
နှလုံသားများစွာထဲမှာဘဲ နှလုံးသားတစ်ခု
အခိုးခံခဲ့ ရပြန်ပေါ့။

ကဗျာလေးထဲမှာ စီးမြောမိလိုက်တာ အမရေ။ ကဗျာလေးကောင်းတယ်ဗျာ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Moe Cho Thinn said...

မနော်ရေ မျက်ဝန်းတွေကို ဖတ်တတ်ခဲ့ပြီလား။
ပျော်ရွှင် ချမ်းမြေ့ပါစေ မနော်..

အိုင်လွယ်ပန် said...

အရသာကတော့ချိုပါရဲ့
ဒါပေမယ့် ...ဒဏ်ရာတွေက နာကျင်လွန်းတယ် ....

သင်ခန်းစာတွေတဲ့လား အစ်မရေ ......
အဲဒီအပိုဒ်လေးကြိုက်တယ်ဗျာ .................

သက်ပိုင်သူ said...

မမနော်ရေ..
နောက်ဆုံးအပိုဒ်လေး အရမ်းကောင်းတယ်

အလှတရား said...

လှ သော က ဗျာ လေး . . .

tg.nwai said...

အားကျတယ် မနော်..စာလုံးတွေကို စီထားတယ်လို့ကို မမြင်မိဘူး..ဒီစာလုံးတွေပဲ..ထိရှတာချင်းကတော့....။

nadine said...

နှလုံးသားတွေကိုရှာဖွေဖို့
နှလုံးသားများစွာ ဖွင့်ရှာရတော့မှာ။


မနော်ရေ...
လာဖတ်သွားတယ်၊ တောင်းတဲ့ဆုတွေပြည့်ပါစေ

ဆောင်းယွန်းလ said...

မျက်ဝန်းတွေကိုဖတ်ရတာ အရသာရှိတယ်မနော်ရေ..
ကျနော်လည်း ငယ်ငယ်တုန်းက သစ်ပင်တွေနဲ့စကားပြောရတာကို ပိုပျော်တယ်ဗျ...
ကလေးရေ...
သင်ခန်းစာတွေလေ...
သင်ခန်းစာတွေ...
ပျားရည်ဖွပ်ထားရသလိုပါပဲ
အရသာကတော့ချိုပါရဲ့...
ဒါပေမယ့်... ဒဏ်ရာတွေက နာကျင်လွန်းတယ်။
အကြိုက်ဆုံးပါပဲ....

မောင်မျိုး said...

သင်ခန်းစာဆိုကတည်းက တစ်ခုခုတော့ကျနော်တို့ ပေးဆပ်လိုက်ရတယ်နော် မခံသာဘူး နာကျင်ရတယ်ဗျာ။

နွေးနွေးသဲမွန် said...

ကလေးရေ...
အိပ်မက်တွေကိုတော့
ချိုးမကွေ့ခဲ့လိုက်ပါနဲ့
ပစ္စုပ္ပန်ရဲ့အရှိတရား
ခါးသက်လွန်းလှပါတယ်...
တွယ်ငြိနေတာလည်း မဟုတ်ပါဘဲ
ခွာချမရနိုင်ခဲ့...ကိုယ်တို့ရဲ့အဆောင်အဖြစ်
အိပ်မက်တွေကိုပဲ ချစ်ရတော့မှာ... <---
တစုံတရာ ကိုထိထိရှရှခံစား ရတယ် မရေ... တွေးလိုက်တိုင်း...ထိတယ်...