ဒဏ်ရာရစိတ္တဇတေးသွားနှင့်...

Wednesday, February 25, 2009

ဒဏ်ရာရစိတ္တဇတေးသွားနှင့်မိတ်ဆွေတစ်ယောက်ရှိခဲ့ဖူးသည်...
...ဆိုတာ..သုံးယောက်တွဲ ၀တ္ထုလတ်တွေပါ။
မကြာခင်ထွက်ပါတော့မယ်။
ထွက်တဲ့ခါကျရင်...တစ်ယောက်တစ်အုပ်ဝယ်လိုက်ကြပါ..း)လို့မပြောပါဘူး
.....ကျွန်မစာမူကတော့ပါလာတာမို့တင်ပေးမယ်လို့စိတ်ကူးထားပါတယ်။
စာမူကတော်တော်ရှည်တာမို့ ကလဲ့စားခြေခွင့်တော့ကြုံပြီရယ်လို့လည်းကြိတ်
ပြုံးလိုက်ပါသေးတယ်။ ...!_!
ကျေးဇူးပြုပြီး အဲဒီစာအုပ်ထွက်တယ်များကြားရင်လက်တို့ပေးကြပါ....
အမြန်တင်ချင်လို့ပါ။
အဖုံးပန်းချီရော အတွင်းသရုပ်ဖော်ပန်းချီတွေရော..ကိုရေးဆွဲသူကပန်းချီ
ဆရာလေး ခေတ်ဘုန်းမိုး ဖြစ်ပါတယ်။



16 Comments:

လင်းဒီပ said...

စာအုပ်မြန်မြန်ထွက်ပါစေ..ဒါမှ အခန်းဆက်တင်မှာ...:P

ကိုရင်ညိန်း said...

အလကားရရင်တော့ အတော်ကောင်းမှာပဲ :P
မြန်မာပြည်မှာဆိုရင်တော့ ၀ယ်တာပေါ့ ..
ခုတော့ ဘလော့ဂ်ပေါ်တင်တာပဲ စောင့်ဖတ်ပါ့မယ်ဗျာ
အဟေးဟေး

ဖိုးစိန် said...

ဟောဗျာ...ဖတ်ရမလားလို့ အပြေးလာခဲ့တာ..
ကြော်ငြာနဲ့ လာတိုးနေတယ်..
ခေါင်းစဉ်ကိုတော့ခိုက်သွားပီးမနော်ရေ...
စာအုပ်မြန်မြန်ထွက်မှပဲ မနော်ဆီက ဖတ်ရမှာဆိုတော့
စောင့်ရအုံးမှာပေါ့....
ကိုးရီးယားဇာတ်လမ်းတွဲမဖြစ်ရအောင် အခုတည်းက
လုပ်ထားပါလို့ ..မပြောရက်ပါဘူး :)
မနော်ရဲ့ ဇာတ်ညွန်းအစစ်ကိုတော့ စွဲသွားပြီး..
အဲဒီလို အရေးအသားမျိုး အိုင်ဒီယာလေးတွေကို ကြိုက်တယ်..
ကျွန်တော် ကိုယ်တိုင်ကပေါတောတောရယ်ဆိုတော့
ရေးလိုက်တိုင်းကတော့
မနော်မြင်တဲ့အတိုင်းဘဲ.. :D

lotuslynn said...

ဖတ်ချင်တယ်

ဂျူ

Craton said...

ဖတ်ချင်တယ်လို့ တကူးတကပြောမနေတော့ဘူးနော် အန်တီ..း)

၃ ယောက်လုံးကို ကြိုက်ပြီးသား။

Phyo Evergreen said...

ဝုတ်တယ်ဝုတ်တယ်.. အမြန်ဆုံးတင်ပေးပါ..။

Kay said...

ဖြစ်သင့်တာကတော့..စာရေးဆရာမက..
သူ့ဘလော့ပရိသတ်တွေကို တယောက်တအုပ် မေတ္တာလက်ဆောင်ပေးသင့်ပါတယ်။
မပေးရင်..ဒီဘလော့ လာမဖတ်တော့ဝူး။

thetpaingthu said...

ုကိုရင်ညိန်းနဲ့ ကေ ပြောတာ.. ထောက်ခံပါတယ်ဗျို့..... အလကားရမှ တန်ဖိုးထားတတ်လို့ပါ... ဟီ.. ဟီး...

Republic said...

အားရစရာ ကောင်းပါတယ် အစ်မ မနော် ၊၊ မင်္ဂလာပါ ၊၊

အိုင်လွယ်ပန် said...

မြန်မြန်ထွက်လာပါစေပေါ့
အစ်မရာ ....

Moe Cho Thinn said...

ကေ ပြောတာ ထောက်ခံပါ၏
ဒါပေမဲ့ ဒီဘလော့ဂ် မဖတ်ဘဲတော့ မနေနိုင်ပေါင်။ :)

ဆောင်းယွန်းလ said...

မျက်စိနှစ်ကွင်းကို စိတ်ကပြောနေတယ် မြန်မြန်ဖတ်ရပါစေတော့ရယ်လို့ပေါ့ မနော်ရေ....


ရွှင်လန်းပါစေ

ကောင်းကင်ကို said...

စာအုပ်လေး မြန်မြန် ထွက်ပါစေ

April said...

ထွက်ရင် သံချောင်းခေါက်ပါမယ်...

မိုးနေ

ကိုရင်နော်ခင်လေးငယ် said...

ဖတ်ဖို့စောင့်နေတယ်.. မနော်ရေ...

with love..

ယောနသံစင်ရော် said...

ဘယ်သူ့တွေကို ကလဲ့စားချေမယ်လို့လဲ ဟင်..ဟင်...း)
ဖတ်ချင်တယ် မနော်...။