ပန်းလှေလမ်းခွဲ

Tuesday, February 17, 2009

ပန်းလှေလမ်းခွဲ..ဆိုတဲ့ကဗျာစာအုပ်လေးကိုဂုဏ်ထူးတန်းဒုတိယနှစ်ကျောင်းအပိတ်နွေမှာ
ရေးခဲ့ပါတယ်။ကျောင်းပြန်ဖွင့်တာနဲ့သူငယ်ချင်းတွေကိုအကူအညီတောင်းပြီးစီစဉ်မယ်ဆို..
တော့မဲကျသူက..ဧထက်ပါ။သူပဲပိုက်ဆံလေး လေးထောင်လောက်နဲ့စာအုပ်ကိုစီစဉ်ပေးခဲ့
တာပါ။ကျွန်မကိုလည်း အဲဒီပိုက်ဆံလေးထောင်ဘယ်ကရလဲမေးပါဦး..။အပ်ထည်လက်ခံ
ပြီးထိုးတဲ့တစ်ချောင်းထိုးအကျီ င်္ထိုးခတွေ..အဲဒါနဲ့မလောက်တော့ခပ်တည်တည်နဲ့အကျီ င်္
အဟောင်းတွေတောင်ထုတ်ရောင်းလိုက်သေးတယ်။တစ်လမှမုန့်ဖိုး ၅၀၀ ရတဲ့ခေတ်လေ။
ကိုယ်တွေက..စည်းကမ်းကြီးပြီး..အဖေကလည်းတက္ကသိုလ်ဆရာဆိုတော့ကင်တင်းက
ရောင်းဈေးတွေကအစသိနေတော့ကွက်တိလောက်ပဲပေးတာ။ကားခမပါဘူး။.....
ဒါပေမယ့်ခုနေပြန်စဉ်းစားတော့..အဲလောက်ငွေလေးနဲ့စာအုပ်တစ်ထောင်ကိုအော့ဖ်ဆက်
တင်နိုင်တယ်ဆိုတာစဉ်းစားကြည့်ပါဦး...။ဒီဇိုင်းတွေကိုရော၊ကာဗာရောကိုတော့ကျွန်မတို့
ရဲ့ ဒီဇိုင်နာကြီး ကိုယ်မောင်မြင့်ပဲစီစဉ်ဆွဲပေးပါတယ်။
တော်တော်နေမကောင်းဖြစ်နေပေမယ့်မနေနိုင်တဲ့အတွက်ရော..ရှေ့က.မလွမ်းဘူးလားဆို
တဲ့ပို့စ်နဲ့ကပ်လျက်တင်ချင်တာရောကြောင့်နည်းနည်းချင်းတင်သွားပါတယ်။နေကောင်းရင်
ကောင်းသလိုတင်ပေးသွားပါမယ်
ဒါက ကိုယ်မောင်မြင့်ရဲ့ မျက်နှာဖုံးပါ။ ရှေ့ရော၊နောက်ရောတင်ပေးလိုက်ပါတယ်။


ဒါကရှေ့ဖုံး


ဒါကနောက်ဖုံး

ပန်းလှေလမ်းခွဲအဖွင့်
ရွေးချယ်ခွင့်နဲ့မဟုတ်ပဲ
အရွေးချယ်ခံဘ၀တွေနဲ့
မနှစ်လိုမှုတွေကို
အလိုမတူပဲ
လက်ခံသိမ်းဆည်းလိုက်ရတဲ့အခါ
များစွာသောဆန္ဒတွေ
ဖန်တရာထေဆုံးရှုံးမှုတွေအတွက်
ထွက်ပေါက်…
အဲဒါ…
ကျွန်မရဲ့ ပိုင်ဆိုင်မှု အတ္တများပါပဲ
ချစ်သောပန်းလှေတွေရဲ့ အတ္တ နဲ့
ထပ်ထူကျနေခဲ့ပါစေ။ ။
As Always
မနော်ဟရီ
၉၄ ရဲ့အမှတ်တရရက်စွဲများ

ပန်းလှေ
မော့ကြည့်နေဆဲမှာ
တိမ်တစ်စဟာပျောက်ဆုံးသွားခဲ့
နာကျင်ကိုက်ခဲမှုတွေသာ
ရင်မှာကျန်ရစ်
ပြန်မဖြစ်နိုင်တော့တဲ့အိပ်မက်တွေကိုတော့
ကြိုးလျော့ဂစ်တာတစ်လက်လို
ပြန်ညှိဖို့ကြိုးစားနေမိ
သတိတရားလက်လွတ်စွာလေ..။

များလိုက်တဲ့မာယာတွေ
ကမ္ဘာမြေက
ဘာလို့များလက်ခံထားရတာပါလိမ့်
ငြိမ့်ငြိမ့်သာသာစီးမျောနေတဲ့ပန်းလှေတွေ
ပန်းတိုင်ကိုအတူရောက်ကာ
ပျော်နိုင်ကြမှာလို့
ဘာလို့များမိုက်မဲစွာ
လက်ခံထားခဲ့မိတာပါလိမ့်..။

ခရီးရဲ့တစ်ဖက်တစ်ချက်
ဝဲဂယက်တွေ
ကမ်းခြေမြို့တွေ
ပြီးတော့
တိုက်ခိုက်ခံရမှုတွေ
ဒါတွေကိုငါ..
ဘာလို့များ ..မေ့ထားခဲ့မိတာပါလိမ့်။

သတိဝင်လာချိန်မှာ
ပန်းလှေများစွာ
တစ်ချို့ …ကမ်းကပ်ခဲ့ကြ
တစ်ချို့…နစ်မြုပ်ခဲ့ကြ
တစ်ချို့..အတူစီးမျောဆဲ
မျက်ဝန်းအသိထဲ မကြည်လင်စွာ။

ဟင့်အင်း
အဲဒါ…
ပန်းလှေပေါ်ကမိုးရေစက်တွေမဟုတ်ပါဘူး
ကျွန်မရဲ့မျက်ရည်တွေပါပဲ ။ ။
မနော်ဟရီ

ပန်းလှေလမ်းခွဲ ၁
အလွမ်းတွေ
ပင့်သက်ချနေခဲ့ကြ
ခွဲခွာခြင်းရာသီရဲ့အစွန်းနား
နာဖျားနေခဲ့ကြရပြီ.။

ပန်းချီကားတစ်ချပ်
မတ်တပ်ရပ်ငေးရင်း
သံယောဇဉ်တင်းတဲ့နေ့ရက်တွေကို
သတိလက်လွတ်နဲ့
ဖိနှိပ်ရိုက်သွင်းနေခဲ့
ဥပက္ခာရဲ့တွင်းနက်ထဲကိုလေ။

ကြားနေရလား
ခပ်ဝါးဝါးငိုရှိုက်သံတချို့
ဟောဟို့ ..နှလုံးသားကလာနေတာ
အဲဒါ..ငါ့ဘယ်ဘက်ရင်ခွင်မှာလေ။

နာကျင်နေခဲ့တယ်
ကုန်လွယ်လွန်းတဲ့နေ့ရက်တွေကိုအပြစ်ဖို့
ချို့တဲ့နေခဲ့တဲ့ ခံနိုင်ရည်အား
ပိုနည်းသွားတာသေချာလာတဲ့အချိန်မှာ
ငါဟာ..ကွဲကြေနေခဲ့ပါပြီ..။

ယုံကြည်ထားလို့မရတဲ့အနာဂါတ်
မချစ်မြတ်ချင်ပေမယ့်
မျှော်လင့်ချက်တစ်ချို့နဲ့ဦးမော့ရင်း
ကြည်ပြာလွင်ပြင်တွင်းကသက်တံ
ရောင်စဉ်ဖြန့်လာမယ့်နေ့ရက်တွေ
ကောင်းကင်ကိုမော့ကြည့်ခိုက်
ဆုံလိုက်ဦးမလားရယ်ပေါ့။

အသက်ရှင်နေထိုင်သွားကြရ
တစ်ဘ၀စာပါပဲ
ပြန်မရနိုင်တော့တဲ့တိမ်တစ်စအတွက်
မမိုက်မဲလှပေမယ့်
ငိုရှိုက်နေမိခဲ့ရင်း
ချဉ်ခြင်းဖြစ်နေကြရဦးမှာ
ခန္ဓာတည်သရွေ့လေ
ယုံကြည်နေကြမလား။ ။
မနော်ဟရီ

ပန်းလှေလမ်းခွဲ ၂
တိတ်ဆိတ်နေတဲ့နေ့ရက်တံခါး
ငါ့နှလုံးသားထဲမှာ
ဖွင့်ဟတုန်ခါနေခဲ့ပြီ..။

ယုံကြည်လိုက်ချစ်သူတို့ရေ
အရည်ပျော်ကျနေခဲ့ကြတဲ့
ငါ့ရဲ့ခံနိုင်ရည်အားများ
သွက်လက်စွာစီးဆင်းသွားကြ
ဦးတည်ရာအရပ်ဟာ
လေဖိအားနည်းရပ်ဝန်းတစ်ခုပါပဲ။

အမြဲတမ်းမှန်ကန်နေခဲ့သတဲ့
လောကရဲ့ ဓမ္မတာ တဲ့လေ
သူ့ကိုယ်သူသိက္ခာတင်နေလိုက်တာ
မယုံမရှိပါနဲ့
ငါတို့ရဲ့ ဖြူစင်တဲ့
နက်ရှိုင်းတဲ့ ရိုးသားတဲ့
သံယောဇဉ်ရဲ့အား
သူ မကျော်လွှားနိုင်မှာသေချာပါတယ်။

ဟိုနားခပ်နီးနီးက
ဒုန်းစိုင်းပြီးလာနေတာ
ဝေးကွာခြင်း တဲ့လေ
လောကဓမ္မတာရဲ့သားငယ် ဆိုပဲ
ငါတို့လက်တွဲထားကြရအောင်။

နေရောင်တွေကွယ်မသွားခင်လေး
နွေးထွေးဖြူစင်ဆဲလက်တွေခိုင်မြဲ
တည်မြဲနေချင်ခဲ့တာ
ဓမ္မတာကိုကျော်လွန်နိုင်ဖို့လေ
ဖြစ်နိုင်ခြေက နည်းနည်းရယ်။

ကြားနေရလား
ဟားတိုက်သံတချို့ ရိုင်းစိုင်းစွာ
လေဖိအားနည်းရပ်ဝန်းကို
ထိုးခွင်းလာနေတယ်
ဘယ်တော့မှမရှုံးကြမယ့်ပုံမျိုးနဲ့
သံယောဇဉ်ကြိုးတွေခိုင်မြဲ
အနေရဲကြရအောင်။ ။
မနော်ဟရီ

ပန်းလှေလမ်းခွဲ ၃
ခွဲခွာခြင်းနာရီရှည်ထဲမှာ
ရယ်မောပစ်လိုက်နိုင်ဖို့စကားလုံးများ
ကျုပ်..အပြေးအလွှားရှာနေတယ်
ဘယ်လိုအင်အားတွေနဲ့များ
ခွဲခွာသွားရပါ့
ကျုပ်ညတွေ ရှည်လျားစွာ
ကဗျာမဆန်ကြတော့ဘူး။

အရူးအမူးလိုက်လံကပ်ငြိနေတဲ့
အသိတရား
ကြာတော့အားနာလာတယ်
ဘယ်ကမှန်းမသိတဲ့နာကျင်မှုဒါဏ်
ကျုပ်..ဘယ်ထိခံနေရဦးမှာလဲ..။

ပြိုကွဲ..
အိပ်မက်..
မိုးသောက်နံနက်မှာ..ကျုပ်လေ
အပိုင်းအစတွေကိုစုယူ စပ်သီ
ပန်းချီကားတစ်ခုဖန်ဆင်းကြည့်နေတယ်။

ပန်းချီကားထဲကနာရီတစ်လုံးဟာ
တစ်ခုသော ခုနှစ်..လ..ရက်ရဲ့
အချိန်တစ်ခုမှာ
ရပ်တန့်နေပါသတဲ့
ဒီလိုနဲ့
အသက်ဝင်လွန်းလှတဲ့
သက်မဲ့ပန်ချီကားချပ်မှာပဲပျော်ဝင်
နားဝင်မချိုတဲ့
ကျောင်းဆင်းခေါင်းလောင်းထိုးသံကို
ကြိုးမိန့်တစ်ခုလိုနာခံရင်း
ရင်တွင်းဖြစ်လင်္ကာများ
ထားးရစ်ခဲ့ရပြီ။ ။
မနော်ဟရီ


14 Comments:

ရှင်ရဲထွတ် said...

ပန်းလှေလေးကိုစီးပြီး လမ်းကိုခွဲသွားပါတယ်။

April said...

ပန်းလှေတစ်စင်းနဲ့အတူ လမ်းခွဲတစ်ခုကို လိုက်ပါစီးမျောသွားတယ်။

ပျော်ရွှင်ပါစေ..
မိုးနေ

sweetpeony said...

ဝေးးးးးးးးးးးးးးးး
ပထမကွ
ဟီးဟီး
မနော်ရေ ပန်းလှေလမ်းခွဲကို ဖတ်ရလို့ ကျေးဇူးနော်။
အိမ်ရောက်မှအေးဆေးဖတ်တော့မယ်။
အမနေမကောင်းဘူး ဆိုတာတော့ ၀မ်းနည်းရပါတယ်။
း(
ဘလော့ရေးတာလဲရေး ကျန်းမာရေးတော့ ဂရုစိုက်ပါ။
အေးဆေးပေါ့။
နေကောင်းမှ ကိုယ်လုပ်ချင်တာ လုပ်လို့ ရမှာမလားလို့ ။
ဘလော့တင်ဖို့ ပဲ အမ အားသန်မနေပါနဲ့ ။
အမ နေကောင်းအောင်အရင်လုပ်ပါဦး ကြာနေပြီနော်။
အဲ အဲ
ဆရာလုပ်တာမဟုတ်ပါဘူး။
အထင်လွဲခံရကိုမှာ ကြောက်လွန်းလို့ ပါ။

ချစ်အမ နေအမြန်ကောင်းပါစေ။

sweetpeony said...

အဲ ပထမလဲမဟုတ်ပါလား
ကောမန့် က ဇီးရိုးပဲပြပြီး ဘာမှာလဲပေါ်ဝူး။
ရှက်လိုက်တာနော်။
မီးမီးရှက်ရှက်
:B
:B
:B

ကောင်းကင်ကို said...

ကဗျာလေးတွေ လာဖတ်သွားပါတယ် မနော်ရေ။ ပန်းလှေ လေးတွေ ပန်းတိုင်ကို အတူတူရောက်ပြီး ပျော်ရွှင်နိုင်ပါစေလို့ လည်း ဆုတောင်းပေးလိုက်ပါတယ်။

အရုပ်ကလေး said...

ကဗျာတွေ ဖတ်ရတာ အနှစ်သာရ အပြည့်ပါ ..။
စာသားလေးတွေကို ထိမိအောင် ဖတ်သွားလို့
ကြိုက်သွားတယ် အစ်မ ..။

Kay said...

အလွမ်းတွေကို..ပန်းလှေပေါ်တင်ပြီး..နောက်ကြောင်းပြန် လှော်ဦးမယ်ပေါ့လေ..း)

အိန္ဒြာ said...

အစ်မရေ....

ကောင်းလိုက်တာ...ဆိုတဲ့စကားကိုတော့
ပြောမနေတော့ပါဘူးနော်...
ဒီကဗျာတွေကို..မဖတ်ဖူးခဲ့ဘူး...
အခုလို တစ်စုထဲတစ်စည်းထဲ..
အားလုံးကိုပြန်ဖတ်ခွင့်ရတဲ့ အတွက်
ကျေးဇူးတင်ပါတယ်..

စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

လင်းဒီပ said...

များလိုက်တဲ့မာယာတွေ
ကမ္ဘာမြေက
ဘာလို့များလက်ခံထားရတာပါလိမ့်

နာကျင်နေခဲ့တယ်
ကုန်လွယ်လွန်းတဲ့နေ့ရက်တွေကိုအပြစ်ဖို့
ချို့တဲ့နေခဲ့တဲ့ ခံနိုင်ရည်အား
ပိုနည်းသွားတာသေချာလာတဲ့အချိန်မှာ
ငါဟာ..ကွဲကြေနေခဲ့ပါပြီ..။

နေရောင်တွေကွယ်မသွားခင်လေး
နွေးထွေးဖြူစင်ဆဲလက်တွေခိုင်မြဲ
တည်မြဲနေချင်ခဲ့တာ
ဓမ္မတာကိုကျော်လွန်နိုင်ဖို့လေ
ဖြစ်နိုင်ခြေက နည်းနည်းရယ်။

ကြားနေရလား
ဟားတိုက်သံတချို့ ရိုင်းစိုင်းစွာ
လေဖိအားနည်းရပ်ဝန်းကို
ထိုးခွင်းလာနေတယ်
ဘယ်တော့မှမရှုံးကြမယ့်ပုံမျိုးနဲ့
သံယောဇဉ်ကြိုးတွေခိုင်မြဲ
အနေရဲကြရအောင်။ ။

ပန်းလှေလမ်းခွဲ ၁ နဲ့ ၂ ကို အကြိုက်ဆုံးပါပဲ အစ်မ...
နေကောင်းပါစေ အစ်မ..

ခင်မင်စွာ
လင်းဒီပ

မီယာ said...

နေမကောင်းတဲ့ ကြားက ပို့စ်အသစ်လေး တင်လို့...
ကဗျာတွေ တ၀ကြီး ဖတ်သွားတယ်.. တချို့အပိုဒ်တွေကိုတော့ ခပ်တည်တည်နဲ့ အငှား ခံစားသွားသေးတယ်။ အဲ့ဒီကဗျာတွေ ရေးတဲ့ အချိန်ကို ပြန်လွမ်းနေတာလားဟင်?

အိုင်လွယ်ပန် said...

မဖတ်ဖူးဘူးအစ်မ
ကျေးဇူးပါဗျာ ......
ကဗျာလေးတွေက ငြိမ့်ငြိမ့်လေးတွေ ....

ဆောင်းယွန်းလ said...

ကောင်းပြီးသားမို့ ကောင်းတယ်လို့ မပြောတော့ဘူးမနော်ရေ..အခုလို ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ဗျာ...

ရွေးချယ်ခွင့်နဲ့မဟုတ်ပဲ
အရွေးချယ်ခံဘ၀တွေနဲ့
မနှစ်လိုမှုတွေကို
အလိုမတူပဲ
လက်ခံသိမ်းဆည်းလိုက်ရတဲ့အခါ
များစွာသောဆန္ဒတွေ
ဖန်တရာထေဆုံးရှုံးမှုတွေအတွက်
ထွက်ပေါက်.......တဲ့လား..အဖွင့်မှာကို ကြေကွဲသွားလေတယ်ဗျာ....

လင်းလက်ကြယ်စင် said...

ကဗျာရေးတတ်သူကြောင့် စိတ်နှလုံးအားလုံး လွမ်းမောခံစားသွားပါ၏။

Apprenticeship said...

နောက်ဖုံး ကဗျာလေး ကြိုက်တယ်။