အလိုက်အထိုက်ရွေ့လျားနေသောတိမ်တိုက်များ

Monday, January 26, 2009

ဒီဝတ္ထုလေးကို ၂၀၀၁ခုနှစ်ကရေးပါတယ်။ တော်တော်ကြီးမားတဲ့တိုက်ပွဲတစ်ခုဖြစ်အပြီးမှာဆိုပါတော့။
အဲဒီတုန်းက ကိုကိုကြီး (အကြည်တော်) ကကျွန်မတို့နဲ့အလုပ်အတူလုပ်နေရာကနေထွက်သွားပြီးသူ့
သူငယ်ချင်းတစ်ယောက်နဲ့အတူမဂ္ဂဇင်းတစ်ခုလုပ်ခဲ့ပါတယ်။အဲဒီမဂ္ဂဇင်းကိုပေးခဲ့တာပါ။
ခေတ်သစ်မဂ္ဂဇင်းတဲ့။ ၂၀၀၂ အစပိုင်းလမှာပါသွားခဲ့ပါတယ်။

အလိုက်အထိုက်ရွေ့လျားနေသောတိမ်တိုက်များ
“နိဒါန်း”
ကောင်းကင်ရနံ့လည်းမသင်း၊မြေကြီးနံ့လည်းမနံတဲ့..ငါ့မြို့ကလေး..“သိဟ်”ရာသီရဲ့နောက်ဆုံး
တေးသွားတွေနဲ့အတူပျက်ပြိုခဲ့ရတယ်။
အမှားအယွင်းတစ်ခုကြောင့်ပဲဆိုပါစို့။အဲဒီမှာ ..အမှားအယွင်းကိုပြောပါဆိုရင်..မိုးတွေရွာနေတဲ့
နေ့တစ်နေ့ကစ ရလိမ့်မယ်။တိမ်တွေကအလဲလဲအပြိုပြို..ရွက်ခြောက်တွေကညိုစိုလို့။ကံကြမ္မာ
ဆိုတာကလည်းမြင်ရတဲ့လှေကားတစ်စင်းမှမဟုတ်ပဲ။အနာဂတ်တွေကိုလူတွေအတွက်သနား
ဂရုဏာအပြည့်နဲ့..ပေးမသိခဲ့တဲ့..ဘုရားသခင်ကိုကျေးဇူးတင်ရမယ်။
Fortune Teller တွေနဲ့လည်းမရင်းနှီး…ပစ္စုပ္ပန်ဆိုတာကြီးကလည်းမယုံသင်္ကာဖြစ်စရာကောင်း
လောက်အောင်ရိုးသားပြနေခဲ့လေတော့ အမှားအယွင်းတွေကိုမေ့လျော့နေမိတာအဆန်းလား။
သနားစရာတော့သိပ်မကောင်းပါဘူး။သံဆူးကြိုးတွေအထပ်ထပ်ဖြတ်ခဲ့ပြီးကမှ..ကိုယ်ကဓားထိုး
ခံခဲ့ရတာကိုး။ဒါကိုပဲအပြင်းပြေကျောဆန့်သယောင် ဆောင်ခဲ့ရတာငါ့ရဲ့ပေါ့လျော့မှုတစ်ဝက်၊
မာရ်နတ်ရဲ့အောင်ပွဲတစ်ဝက်ကြောင့်ပဲဆိုကြပါစို့….။
တကယ်တော့လည်းသူတို့မှာအပြစ်သိပ်မရှိပါဘူး။မရိုးသားတာအသားကျလာတာကြာတော့အဲ
ဒါကိုပဲရိုးသားမှုလို့ထင်ပြီး သံခင်းတမန်ခင်းဝတ်ရုံတွေခြုံရုံဝတ်ဆင်လို့..။လူကြီးလူကောင်း
ယောင်ဆောင်ပြရတာပျင်းစရာမကောင်းဘူးလား။
တစ်ခါတစ်ခါမှာ ဒေးဗစ်ဘက်ခမ်းကိုသိချင်ယောင်ဆောင်ပြတယ်။(အမှန်က လမ်းထိပ်ကရေ
ထမ်းတဲ့ကရင်ကြီးလားမသိဘူးလောက်ပဲသိတာ)…မိုဒီလျာနီရဲ့ပန်းချီကားတွေအကြောင်းပြော
တယ်။(အမှန်က ဗချီလင်းဝဏ္ဏ ဆိုတာတောင်စာလုံးပေါင်းမှားတယ်ဆိုပြီး ပန်းချီလင်းဝဏ္ဏလို့
ပြင်ပေးချင်နေတဲ့သူ)…ဒီရတ်နဲ့ဟောကင်းအကြောင်းတွေပြောတယ်။(တကယ်က သူတို့ကိုရူပ
ဗေဒပညာရှင်လို့ကလေးတွေပြောလို့သိတာကလွဲရင်သူတို့ဘာတွေတွေ့ခဲ့လဲတောင်မသိဘူး)
စိန်ခြူးကြာညောင်…ဆိုတာကြောင်တွေကစခဲ့တာပါလို့ပြောလားပြောရဲ့။မှန်တွေအကြောင်းကို
တော့မေ့ချင်ယောင်ဆောင်ထားတတ်လေရဲ့။
စတေကာအနက်ရောင်တွေအပြည့်တတ်ထားတဲ့မှန်လုံသတ္တုဘီလူးလေး(ဒါကမင်းခိုက်စိုးစန်
စကားလုံးကိုယူသုံးတာ)ထဲကပန်းနုရောင်မီးမှိန်လဲ့လဲ့အောက်မှာမသေချာမှုတွေ၊အရည်
အသွေးမပြည့်မီမှုတွေနဲ့ယက်ဖောက်ထားတဲ့…လူယုတ်မာတချို့ရဲ့နုံနဲ့နဲ့အကြံဥာဏ်တွေရှိတယ်
မြို့ရိုးကလေးပြိုခဲ့ရတာကတော့ …ဟောဒီငါ့လက်တွေနဲ့ငါဖြိုခဲ့တာပါ။ငါ့ခံတပ်ကိုငါကျောပေးဖြို
ချပစ်လိုက်တာပါ…။ဘယ်လောက်များခန်းနားလိုက်သလဲဆိုရင်..ကျဲတောက်တောက်ရယ်သံ
တွေကတောင်အကန်းမျက်ရည်ဆန်လွန်းတဲ့အထိ။
ဒါ…အကြံအကုန်ပဲလား။မြန်မာပြည်မှာ..အပေါဆုံးအရာဟာဆားဆိုတာမေ့မထားနဲ့ဦး..။အမြဲ
စိမ်းသစ်တောတွေရဲ့အတွင်းဖက်က မခို့တရို့ရေတံခွန်တစ်ခုရဲ့နံဘေးမှာ နီစွေးလက်တောက်
..မှောက်လျက်လဲနေသူဟာ…စောလူးမင်းမှဟုတ်ပါလေစ..။(ဟား…ဟား…ဟား….ဆိုသော
စကားလုံးသုံးလုံးသည်ရယ်သံဖြစ်သည်။)

အိမ်ရှေ့မှခပ်တည်တည်ခုန်ဆင်းသွားပြီးနောက်ဖေးပေါက်မှချွတ်တွားတက်လာသောသူတစ်
ယောက်၏မိတ်ဆွေသည်….ဟိုပင်သည်ပင်ကူးချင်သောမျောက်တစ်ကောင်ဖြစ်၏။
ဒီစကားဟာသေချာမှုတစ်ခုဖြစ်မဖြစ်မသေချာသော်လည်း မသေချာတာတွေကိုဘာတစ်ခုမှ
အလကားမ၀ယ်ခဲ့ကြောင်းတော့သေသေချာချာပြောနိုင်ပါတယ်။
အကောင်းဆုံးစကားလုံးတွေနဲ့သစ္စာဖောက်ခံရတာမျိုမကျဘူး…။ဘာရနံ့မှမပါတဲ့နံနက်ခင်းရဲ့
၈ နာရီလေပြည်ဟာ အပြာရောင်ဆန်လွန်းပေမယ့်..မာယာသက်သက်သာဖြစ်တယ်။ညီမလေး
ရေ…သံသယတွေကိုခြုံယူဝတ်ဆင်တတ်တဲ့ငါ့အတွက် ရလာဒ်ဟာနောက်ကျောကဓားတစ်
ချောင်းတော့မဖြစ်သင့်ဘူးမဟုတ်လား။လုံလောက်ပါပြီ။ခြံရံစောင့်ကြပ်နေတဲ့ပွင့်ချပ်တွေနဲ့တင်
ငါစိမ်းလန်းလို့ရပါပြီ။
မြည်သံစွဲအလင်္ကာတစ်ခုကျန်းမာရေးချို့တဲ့နေတဲ့ညနေခင်းမှာ..သီချင်းတွေရဲ့အခင်းအကျင်းက
ကျဉ်းမြောင်းနိမ့်ကျလွန်းနေတယ်။ပန်းပွင့်တွေပွင့်တာခင်ဗျားနဲ့ဘာဆိုင်လို့လဲ….။နေရောင်တွေ
လျှပ်တိုက်ပြေးလွှားနေတာလည်းငါနဲ့ဘာမှမဆိုင်ပါဘူး။သေချာတာတစ်ခုကငါ…အဲဒီပန်းတစ်
ခင်းကိုလှည်းကျင်းရှင်းလင်းးပေးနိုင်ခဲ့တယ်ဆိုတာပဲ။ မသေချာတာကအဲဒီပန်းခင်းဟာ ပေါ်ပီ
(poppy)ပန်းခင်းလား…ခရမ်းရောင်(violet)တွေလားဆိုတာပါ။
အိပ်မက်တွေမှောက်ရက်လဲကျခဲ့ရတဲ့ညက..သမားရိုးကျဆန်လွန်းတဲ့သက္ကရာဇ်မိုင်တိုင်တစ်ချို့
အငွေ့ပျံကိုယ်ယောင်ဖျောက်သွားခဲ့ကြတယ်။ငါဟာသူရဲကောင်းမဟုတ်သလိုနောက်ဆုတ်
လှည့်ပြန်မယ့်လူတစ်ယောက်လည်းမဟုတ်ပါဘူး။ ဖောင် တွေပျက်မှအောင်ပွဲရှိတာမှမဟုတ်
တာ။အောက်မေ့ဖွယ်အခန်းအနားတစ်ခုရဲ့အလင်းရောင်သဲ့သဲ့အောက်မှာ..တစ်ခါတစ်ခါ.
လိမ္မော်နီရောင်တွေစွန်းထင်းပေနေတာတွေ့ရတတ်တယ်။
အဲဒီသိဟ်ရာသီရဲ့နောက်ဆုံးညနေခင်းကရှေးဆန်လွန်းအားကြိးနေတယ်။ရှည်မျောမျော
အနက်ရောင်အသံသေတ္တာထဲမှာပိတ်မိတေဲ့သီချင်းတစ်ပုဒ်ဟာ A Sound of Silence
များလား။တစ်ခါတစ်ခါတော့လည်းလောကကြီးကရယ်စရာကောင်းတဲ့အလွမ်းပြဇာတ်တစ်ပုဒ်လိုပါပဲ။
ဇာတ်တွေကနာ၊ဒါဏ်ရာတွေကတင်းကြမ်း၊..ခက်တာက…မျက်နှာပိုးကလည်းသပ်မရ…။
တကယ်တော့…Simon နဲ့ Garfunkal ကွဲကြတာဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။
တကယ်တော့ငါဟာ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေကိုသာလိုက်လျောက်ဖို့ကြိုးစားခဲ့တာ..။
စေတန်ရဲ့ကျမ်းစာကိုကျတော့သိထားရအောင်တောင်ဖတ်ကြည့်ဖို့မကြိုးစားခဲ့ဘူး။ဘုရားသခင်လို
လူတစ်ယောက်နဲ့တောင်စကားလက်ဆုံကျ၊နောက်ဆုံးညစာစားရသေးတာပဲ။င့ါရာဇ၀င်မှာလည်း
ယုဒလိုလူသာမရှိခဲ့ရင်…ရိုးရိုးစင်းစင်းနဲ့ပျင်းစရာတောင်ကောင်းနေခဲ့ဦးမှာ…။

မြစ်ကမ်းပါးကိုသွားသွားထိုင်ပြီးခုန်မချခဲ့တဲ့အကြိမ်အရေအတွက်နဲ့အတူ သပွတ်အူ တွေစုပုံလာ
တာဟာ သရော်စာတစ်ပုဒ်ရဲ့ Introတစ်ပုဒ်နဲ့တူတယ်။ဒီရေတွေနဲ့အတူကောက်ကျစ်စဉ်းလဲတဲ့
သူတစ်ချို့စီးမျောမသွားတာကတော့ ရင်နာစရာကောင်းနေလေရဲ့ …။စဉ်းစားစရာကောင်းတာ
ကဒီရေတွေကသူတို့ကိုအလိုမရှိတာလား..သူတို့ကပဲဒီရေတွေနဲ့မထိုက်တန်တာလားဆိုတာပါ
ပဲ…………။
ကမ္ဘာမှာရိုးသားမှုပန်းတွေပွင့်ဖို့ မြေသြဇာကောင်းကောင်းလက်ကျန်ရှိသေးရင်ဈေးကောင်းပေး
ဝယ်ချင်ပါတယ်။

ကံ့ကော်နံ့သင်းနေတဲ့မာနတစ်ခုရဲ့အတ္ထုပ္ပတ္တိကိုကံ့ကော်နံ့ခံစားဖူးသူမှသာသီဆိုတတ်မှာပါ။
စက္ကူပန်တွေလောက်နဲ့တော့အဲဒီအကြောင်းရောနှောသောကောလာမဆွေးနွေးတာကောင်းပါ
တယ်။ခြင်္သေ့နှစ်ကောင်စောင့်တဲ့ရင်ပြင်ဟာရေစက်တွေဘောင်ဘင်မခတ်တဲ့တိုင်းပြည်လေးပဲ
ဖြစ်တယ်။ငါ့ရဲ့မြို့ကလေးကိုအဲဒီတိုင်းပြည်လေးထဲမှာပဲရှင်သန်စေချင်ခဲ့တာပါ။
ခုတော့လည်း…မလွမ်းတတ်တဲ့မြစ်တစ်စင်းလိုတိမ်တိုက်တွေနဲ့ကြေးမညှိချင်တော့ပါဘူး။ငါ့မှာ
တော့အသံမသာတဲ့နှင်းဆီပင်လေးတစ်ပင်ပဲကျန်ပါတော့တယ်။
လောင်းကြေးတဲ့လား…။ခင်ဗျားတို့အလကားရနေတဲ့မနက်ဖြန်တွေပုံအောပေးလိုက်ဖို့တောင်မ
ထိုက်တန်ကြပါဘူး။တစ်ခါတစ်ခါတော့လည်း အနာဂတ်တစ်ဖဲ့ဟာ..သချိုင်္င်းမြေဆန်လွန်းလှပါ
တယ်…။
ခုတော့…မတ်စောက်အိပ်မက်တွေ၊ဇောက်ထိုးသီချင်းတွေ၊မလတ်ဆတ်တော့တဲ့အောင်ပွဲအတု
တွေ၊ဖွာလန်ကျဲအနားသပ်စကားလုံးတွေ၊ချောက်ကမ်းပါးဆန်တဲ့နှုတ်ခမ်းတွေ…မြို့ကလေးရေ..
မင်းကို..အသစ်ပြန်တည်ဆောက်ပေးရမှာကိုပဲ…ငါ့မှာအားနာနေခဲ့တော့တယ်။

နိဂုံး
ကန်ရာသီရဲ့ နဂါးခေါင်းလှည့်တဲ့ဖက်မှာ…ဖြာကျနေတဲ့နေရောင်အောက်မှာ..ဆောက်လက်စမြို့
ပျက်ကလေးတစ်ခုရှိနေပါတယ်။

မနော်ဟရီ


6 Comments:

tg.nwai said...

မနော်..အထပ်ထပ်အခါခါ ဖတ်ရှု ခံစားသွားပါတယ်..။

Judith said...

မနော်ရေ... စာတွေလာဖတ်ပါတယ် စာသားတွေကလိုက်မမှီဘူးဗျာ..

Kay said...

မနော်ရေ- စကားလုံးတွေ ခုန်ပျံနေတာပဲ။ မနဲ လိုက်ဖမ်း ဖတ်၇တယ်။း)ဘာရမလဲ အကုန် ဖမ်းပြီး PDF နဲ့ write ပြစ်လိုက်တယ်။

lotuslynn said...

ဟင်း........ နောက်ဆုံးမှာတော့
ပြန်မတည်ဆောက်ချင်တဲ့
မြို့အပျက်အစီးလေးဘဲကျန်ခဲ့တာဘဲ

နေရာအသစ်မှာမြို့အသစ်တည်ရရင်
ဘယ်လိုနေမလဲ...................
သိချင်လိုက်တာ

ခက်တာက ပစ္စည်းအစုံအလင်ရှိပါ့မလားဆိုတာ....

တွေးရင်းငေးရင်း ဖတ်ရင်းတွေးသွားပါတယ်

ဂျူ

ဆောင်းယွန်းလ said...

မရိုးသားတာအသားကျလာတာကြာတော့အဲ
ဒါကိုပဲရိုးသားမှုလို့ထင်ပြီး သံခင်းတမန်ခင်းဝတ်ရုံတွေခြုံရုံဝတ်ဆင်လို့..။လူကြီးလူကောင်း
ယောင်ဆောင်ပြရတာပျင်းစရာမကောင်းဘူးလား။
ယုတ္တိဗေဒသိပ်ဆန်တဲ့စကားလုံးတွေကိုအကောင်းဆုံး
သုံးပြီးရေးသွားနိုင်တဲ့မနော်ရေ..လေးစားပါ့ဗျာ..
ခင်မင်လျက်...

pandora said...

တိမ်တိုက်တွေက အလိုက်အထိုက် ရွေ့လျားနေတာတောင်မှ စိတ်နဲ့လိုက်ဖမ်းရတာ ခက်လိုက်တာလေ..