အကြိမ်ပေါင်းတစ်ထောင်......

Thursday, November 13, 2008

ကျွန်မက နီရူဒါရဲ့ကဗျာလေးကို ကျွန်မစိတ်နဲ့ထပ်တူကျလွန်းလို့ကိုအောင်သာငယ်ဆီကခွင့်တောင်းပြီး ကျွန်မဘလော့ခ်မှာတင်ထားခဲ့ပါတယ်။ကိုအောင်သာငယ်ကတော့ သူ့ကဗျာမှမဟုတ်တာ သုံးနိုင်ပါတယ်ဆိုပေမယ့် သူကသူ့ ဘန်နာမှာတင်ထားတာဆိုတော့ ကျွန်မကလေးစားသမှုနဲ့ခွင့်တောင်းတာပါ.....
ကိုအောင်သာငယ်တော့မသိဘူး..ကျွန်မကိုတော့ဒီကဗျာစာသားလေးကြောင့်ခုလိုလာအော်သွားလေရဲ့....

အကြိမ်ပေါင်းတစ်ထောင်!!! ရန်ကုန်မြို့ပေါ်ကြီးမှာ မြွေဆိပ်ဖြေဆေး မရှိလို့ သေလိုက်ရတဲ့ ဘ၀မျိုးနဲ့ အကြိမ်ပေါင်း တစ်ထောင်!!!
နာဂစ် အပြီး (လှူဒါန်းမယ့် သူတွေ ရှိပါရက်) စားစရာမရှိလို့ သေလိုက်ရတဲ့ ဘ၀မျိုးနဲ့ အကြိမ်ပေါင်းတစ်ထောင်!!!
ထောင်ဒဏ် အနှစ် ၂၀ နဲ့ ၆လ ချခံရမယ့် ဘ၀မျိုးနဲ့ အကြိမ်ပေါင်းတစ်ထောင်!!!
OK!!! ခံရတဲ့သူ ဘ၀မျိုးကို ဖယ်ထားလိုက်ပါ အဲဒီလို အသိုင်းအ၀ိုင်းမှာ (ကျက်သရေ ကလွဲလို့) အစစ အရာရာ ပြည့်စုံနေမယ့် ဘ၀မျိုးနဲ့ အကြိမ်ပေါင်းတစ်ထောင်!!!
အနှစ် ၂၀ နဲ့ ၆လ လို့ စီရင်ချက်ကို ဖတ်ပြရမယ့် ဘ၀မျိုးမှာ အကြိမ်ပေါင်းတစ်ထောင်!!!
OK again!!! ကံကောင်းထောက်မစွာ အဲဒီ ဘ၀တွေ တစ်ခုမှ မရဘူးထား… ဒါမျိုးတွေ ငါနေတဲ့ ငါမွေးတဲ့ နိုင်ငံမှာ ငါ့ရှေ့မှာတင် ဖြစ်နေတာပါလား ဆိုတဲ့ အတွေးကလွဲပြီး ဘာမှ မတတ်နိုင်ဘဲ ထိုင်ကြည့်နေရတဲ့ ဘ၀မျိုးနဲ့ အကြိမ်ပေါင်း တစ်ထောင်!!!


ဒါကတစ်ယောက်ပါ....နောက်တစ်ယောက်ကလည်းခုလိုပြောပြန်ပါတယ်...

နင်ရူးဒါ ....ကျွန်မ၏ချစ်ခြင်းတည်ရာ.....ဒီသံသရာကလွတ်အောင်ရုန်း

..ကျွန်မတကယ်ပဲရူးနေတာဆိုရင်တောင် အဲဒီရူးသွပ်မှုဟာ စင်ကြယ်ပါတယ်။ကိုယ်လွတ်ရုန်းမှုမပါ ပါဘူး..။သူများတွေလိုပြေးစရာမြေမရှိတာမှမဟုတ်တာ..။ကျွန်မမှာ သွားစရာလမ်းတွေမှတပုံတပင်..
.။ဒီကြားထဲကမှ ဒီလမ်းကို ရွေးခဲ့တာမို့ရူးသွပ်နေတယ် ဆိုရင်တောင် ကျွန်မဖြူစင်စွာရှိနေသေးတဲ့
အတွက် ကျွန်မကိုယ်ကျွန်မ လိပ်ပြာသန့်ပါတယ်။အသိဥာဏ်မရှိအောင်ထားရင် ကျွန်မတို့က
ရှိအောင်ကြိုးစားရမယ်...။ ဒီလိုနည်းနဲ့မရရင် ဟိုလိုနည်းတွေကျွန်မတို့ရှာဖွေရမယ်။ကျွန်မတို့ရှာခဲ့ကြပါတယ်
...ရှာပေးခဲ့ပြီး လက်တွေထဲအရောက်ပို့နိုင်အောင် တစ်နိုင်တစ်ပိုင်ကြိုးစားပေးခဲ့ပါတယ်...။
ကျွန်မတို့သာသူတို့နဲ့အတူရှိမနေခဲ့ဘူး..ဆိုရင် အဲဒီလက်တွေကိုဘယ်သူတွေက ကမ်းလင့်ကယ်တင်မလဲ...။
သံသရာ.တို့..၀ဋ်ကြွေးတို့ ဆိုတာ ကျွန်မထက် ဗုဒ္ဓဘာသာဝင်တွေကပိုပြီးနားလည်မှာပါ....။
ကျွန်မဋီကာချဲ့ပြောမနေချင်ဘူး...။ကျွန်မကတော့ ဒီဘ၀မှာဒီလိုခံရသလိုနောက်
ဘ၀ပေါင်းတစ်ထောင်ဒီလိုခံရလိမ့်မယ်လို့မထင်ပါဘူး..။ ဦးရွှေအောင်စာအုပ်တချို့ကိုဖတ်ခိုင်းရမယ့်သူတွေ...ဘ၀ဆက်တိုင်းကံကောင်းမယ်လို့ထင်လို့လား..
.ကိုယ့်လမ်းမှာကိုယ်အကောင်းဆုံးလိပ်ပြာသန့်နိုင်ဖို့ကြိုးစားမယ်..ကြိုးစားနေတယ်..
.လက်တချို့ကိုကမ်းကူနိုင်အောင်ကြိုးစားနေတယ်..ခံစားချက်တချို့ကိုအနုပညာနဲ့
ဆောက်တည်ထိန်းမတ်နေတယ်..ထိန်းမတ်ပေးနေတယ်.........
.တရားသဘောနဲ့ကြည့်ရင်ဘယ်အရာမှမတည်မြဲပါဘူး..။
ပျော်ရွှင်မှုတွေခမ်းခြောက်ပျောက်ကွယ်နိုင်သလို...
မျက်ရည်တွေလည်း အငွေ့ပျံပျောက်ဆုံးသွားနိုင်သေးတာပါပဲ...အဲဒီအတွက်..
ကျွန်မတို့က လမ်းကြောင်းပြောင်းပြေးရမှာလား...ကိုယ်လွတ်ရုန်းပြေးရမှာလား...
ကိုယ်တိုင်ပြုပြင်လို့မရတဲ့ကံကြမ္မာကို ထိုင်ပြီးဝေဖန်ပြစ်တင်နေမယ့်အစား...
ကိုယ့်ကိုယ်ကိုပဲ လိပ်ပြာသန့်စွာနေထိုင်ရင်း တခြားသောလိပ်ပြာတွေကိုဖေးမကူညီရင်း အားလုံးတစ်သွေးတည်းတစ်ရောင်တည်းတစ်စိပ်တည်းနေသွားချင်တယ်...။ဒါက ကျွန်မဆန္ဒပါ...။ မသိလို့မေးရရင်..ခုကျွန်မကိုလာအော်သွားတဲ့သူတွေမှာရော...တစ်ကြိမ်တည်းနဲ့သံသရာဖြတ်ပြီး
လွတ်မြောက်နိုင်တဲ့နည်းလမ်းများ..ဒါမှမဟုတ် တရားဓမ္မများတွေ့ထားခဲ့ပြီလားလို့...။
တွေ့ရင်လည်းမျှခဲ့ကြပါဦး...။


11 Comments:

အောင်သာငယ် said...

ပါးစပ်ပဲ ပါလာပြီး နှလုံးသား ပါမလာတဲ့ လူတွေ ရှိတတ်ပါတယ် မနော် ရေ့ .....

Zephyr said...

မစိမ်းပင်ရဲ့ကဗျာကို သတိရသွားတယ် ...


အတ္တမဲ့ မာနဖြင့် ဘ၀ကိုထုဆစ်
ရိုးသား၏
ရဲရင့်စွာ ... ။


အစ်မရေ .... တစ်ခါတစ်လေတော့ ... မနော်ဟရီကိုပြောခဲ့တာဆိုပြီး ... ပျော်နေချင်တဲ့သူတွေကို ခွင့်လွှတ်ပေးလိုက်ပါ ... ။

ဒီည post နှစ်ခုတောင်တွေ့လို့ ပျော်သွားတာ ...
ဒါပေမယ့် ဖတ်ပြီးတော့ပိုမောသွားတယ် ...အစ်မရေ ... ။

blog ရေးရတာကိုလည်း စိတ်မညစ်သွားပါစေနဲ့လို့ ဆုတောင်းပေးနေပါတယ် အစ်မရေ ....။ :)

Moe Cho Thinn said...

လူတွေက စိတ်အမျိုးမျိုး ရှိကြပါတယ် မနော်။
တယောက်နဲ့တယောက် ခံစားချက် မတူနိုင်တာ၊ ကွဲလွဲတာကို ရူးတာလို့ ပြောရင် မတရားတာ ကျတော့မှာပေါ့။
ကိုယ့် အကြောင်းပြချက်၊ ကိုယ့်ခံစားမှု ကိုယ်စီနဲ့ ကွဲလွဲ ခံစားကြတာ သဘာဝပဲ။
စိတ်မကောင်းမဖြစ်ပါနဲ့ မနော်ရေ။ တခါတလေကျတော့လဲ ကိုယ်နဲ့ မတူတာလေး သည်းခံ ရတတ်ပါတယ်။ ကိုယ်ချင်းစာပြီး အားပေးနေပါတယ်။
ချစ်ခင်စွာ
ချိုသင်း

ရှင်မင်းညို said...

အမလိုကဗျာ ကောင်းကောင်းတော့ရေးတတ်ဘူး
ဒါလေးဖတ်လိုက်ရင်တော့ သက်သာမလားပဲ..

ရဲတယ်
စိတ်ကောင်းပါတယ်လို့လဲ မကြေညာဘူး
လိမ္မာပါတယ်လို့လဲ မကြွေးကြော်ဘူး
သိပ်တော်နေတဲ့ လူတယောက်လဲမဟုတ်နေခဲ့ဘူး
ဒါပေမဲ့ ငါလေ
လိပ်ပြာသန့်သန့် သေလို့ရတယ်အချိန်မရွေးဘူး…………..။

ရှင်မင်းညို
၁၄.၁၀.၂၀၀၈

MANORHARY said...

ရှင်မင်းညို...ကဗျာလေးအတွက်ကျေးဇူးတင်တယ်
zephyr ကိုရောပဲ..
ချိုသင်းရေ..အားပေးတာကျေးဇူးတင်ပါတယ်...
တို့ကပဲ အရမ်းကြီး အထိမခံဖြစ်နေသလားမသိပါဘူးနော်
အရေအထူဘူးပေါ့...
ကိုအောင်သာငယ်...နီရူဒါရဲ့ ကဗျာတွေကိုဖတ်ခဲ့ဖူးပေမယ့် ..အဲဒီကဗျာလေးကိုမသိဘူး..ခုလို ရလိုက်တာကိုပဲကျေးဇူးတင်တယ်...နှလုံးသားနံရံအ
ထူအပါးတူသူတွေချည်းရှေ့ဆက်ရရင်ကောင်းမှာပဲ....

Aye Myat Myat Ko said...

Sorry!
မဖြေရှင်းပါ..
တောင်းပန်တာ...
Blog ကို ၀င်ကြည့်ရင်းက နီရူဒါ ကိုဖတ်ပြီး အော်ခဲ့တယ်...
မနော်ဟရီ ရဲ့ blog မှာ ဖတ်ပြီး အဲဒီမှာပဲ အော်ခဲ့တာမို့ မနော်ဟရီ ကို အော်တယ်ထင်ရင် ထင်တဲ့လူက မမှားပါ...အဲဒီ ကဗျာ ဖတ်ရတဲ့ ခဏမှာ ရူးသွားပြီး မဆင်မခြင် နေရာမရွေး အော်မိတဲ့ လူသာမှားပါသည်...ထို အမှားအား တာဝန်ယူခြင်း အလို့ငှာ ယခု စာကို ရေးပါသည်...အမှန်တော့ ကဗျာရေးသူအား အော်ဟစ်မေးလိုပါသည်(မနော်ဟရီ ကိုမဟုတ်ပါ..သူရေးတာမှ မဟုတ်တာ)... အော်ဟစ် မေးလိုခြင်းသည် စိတ်ထိခိုက်မိ၍ ဟုဆိုလျှင် နားလည်လောက်မည် မျှော်လင့်ပါသည်...(နားမလည်လဲ ရှိပါစေ)…ထိခိုက်စွာ သွေးရူးသွေးတန်း အော်ဟစ်နေရှာသည် ဟု မစဉ်းစားမိဘဲ ... ပုတ်ခတ်စော်ကားသည်ဟု ယူဆလျှင်လည်း အပြစ်ဆိုဖွယ်မရှိပါ...(ကိုယ့် ဟာကိုယ် ပြန်ဖတ်ကြည့်တော့ ၀မ်းပန်းတနဲ သံလေးတောင် စွက်လို့ပါလားဟဲ့ လို့ ခံစားရရဲ့) သူများ နားမလည်တာတော့ ဘာမှ မတတ်နိုင်...ယခုလဲ အထင်အမြင်ကြောင့် ရှင်းခြင်း မဟုတ်...ကိုယ့်ကြောင့် မတော်တဆ စိတ်အနှောက်အယှက် ဖြစ်ရခြင်းကို တာဝန်ယူလို၍သာ...

ဒီကဗျာကြောင့် ခံစားရလို့ပါ ဟုပြောလျှင် နားလည်မည် ထင်ပါသည်...နိုင်ငံနှင့် ပတ်သတ်၍ တစုံတရာသော ခံစားချက်မရှိဘဲ အဲဒီ စကားတွေ ထွက်မလာပါ...

နောက်တချက်...ပထမလူ (နင်ရူးဒါ ..ဟုပြောသောလူ) က မနော်ဟရီ အား နိုင်ငံမှ ထွက်ပါလား ဟု ဆိုလိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်...သို့သော် ကျွန်မရေးသောစာတွင် အဲဒီ လို အဓိပ္ပါယ် ခပ်ဆင်ဆင်တောင်မတွေ့ပါ..(သူ့ကိုရေးတာမှ မဟုတ်တာ..သူ့ ဘလော့မှာ ၀င်ရေးမိတာပဲရှိပါသည်) သူ့ကိုရေးတယ် ထားတော့ ...စာထဲမှာ ထွက်ပါတော့လား ယူဆရတဲ့ တည့်တည့်ရော စောင်းစောင်းရော တစ်ခုမှ ရှာမတွေ့မိ...

ဘယ်သူထွက်လို့လဲ တပြားမှ မရ...ဘယ်သူ မထွက်လို့လဲ တပြားမှ မရ...

အဲဒီ အဓိပ္ပါယ် ရောက်အောင် ဘယ်လို တွေးမိတာလဲ စဉ်းစားလို့မရ...(စိတ်အနှောက်အယှက် အတွက်တော့ အမှန် စိတ်မကောင်း)

ဘ၀ဆိုတာကို ကြောက်လန့်တကြား အော်မိပါတယ်...ဘ၀ဆက်ပြတ်မယ့် တရား ဆိုတာနဲ့ ဘယ်လို ဆွဲယူ ဆက်စပ်မိသလဲ ဥာဏ်မမီ...(မပြတ်တဲ့နိုင်သူမို့ လို့သာ ကြောက်စရာကြီးပါလားဆိုပြီး အဲဒီဘ၀မျိုးတွေ ပြန်ရရင်တော့ ဘယ်လို လုပ်ရပါ့မယ် လို့ ကဗျာရေးသူကို တိုင်တည် မိခြင်းသာဖြစ်)

ဖတ်မိရင်း တောင်းပန်ရင်းက မေးစရာတွေရှိ...

နိုင်ငံခြား ထွက်ရင် ကိုယ်လွတ်ရုန်းရာ ရောက်ရောလား...ဥာဏ်မမီပြန်...လူတိုင်းမဟုတ်လို့သာ
ဆိုချင်...ရုန်းသူတွေ ရှိလဲ ဒါ သူတို့ လွတ်လပ်ခွင့်သာဖြစ်...ကျန်နေသူတိုင်းလဲ မျိုးချစ်တွေချည်း မဟုတ်သလိုသာ... မချစ်ဘဲ ကျန်နေလဲ ဒါ သူတို့ လွတ်လပ်ခွင့်သာဖြစ်...နိုင်ငံခြား ရောက်နေလဲ တိုင်းပြည်အတွက် လုပ်လို့ရ...ကျန်နေလဲ ရချင်မှရ...လုပ် လုပ် မလုပ်လုပ် ...ဒါ သူတို့ လွတ်လပ်ခွင့်သာဖြစ်..

သို့သော်...ထွက်သွားသူများက ကျန်နေသူများအား တုံးလို့ အလို့ ဝေဖန်ခွင့် မရှိသလို...ကျန်နေသူများက ထွက်သွားသူများအား ကိုယ်လွတ်ရုန်း တဖို့တည်းကြည့် ဝေဖန်စရာမလို ... လူတိုင်းမှာ ကိုယ့် အခွင့်အရေးနဲ့ကိုယ်သာဖြစ်...ကိုယ့် သာယာမှုကို စတေးပြီး မိသားစုတွက် ပိုက်ဆံထွက်ရှာတာရော မဖြစ်နိုင်ဘူးလား... မိသားစု စဉ်းစားစရာမလိုသူများလဲ ရှိနိုင်...မတတ်သာလို့ ခပ်ခွာခွာနေရသူများ ဖတ်မိရင် ခံစားရနိုင်...

နာဂစ်တုန်းက ညီလင်းဆက် တို့ လူနဲ့ ကူညီ...နိုင်ငံခြားရောက် မြန်မာများ ငွေဖြင့်ကူညီ...တယောက်တလက်..ဘယ်လောက် ကြည်နူးဖို့ကောင်း...ဟိုမှာ နေမှ ဒီမှာ နေမှ မဟုတ်...စိတ်သာရှင်စော ဘုရားဟော...စိတ်မပါလို့ ဘယ်မှာနေနေ မလုပ်ဘူးဆိုလဲ ဒါ သူ့လွတ်လပ်ခွင့်သာဖြစ်...ဝေဖန်စရာမရှိ (အများစု ကတော့ မျက်နှာလွဲ ခဲပစ်မနေ) (အဲဒီ အများစုထဲမှာ နိုင်ငံမှာနေရင် အဲဒီလို မကူညီနိုင်မှာတွေက ခပ်များများ...လက်ထိပ်နဲ့ကလည်းနီး)

မနော်ဟရီ စာတွေ မဖတ်ဖူးလို့ လာဖတ်ကြည့်ခြင်းဖြစ်... ပ အခေါက်.. ကဗျာဖတ်ပြီး မခံစားနိုင်လို့ ထွက်သွားရ...ဒု အခေါက် ဒီစာရေးပြီးတောင်းပန်လို့ အချိန်ကုန်...

သို့သော်...
အနုပညာနဲ့ ခံစားမှုတွေ တည့်မတ်ပေးနေတယ် ဆိုသော အမ၏ စာသားကို ဖတ်မိ၍ အချိန်ကုန်ရကျိုးနပ်...

နောက် တခေါက် သေချာလာ၍ ဖတ်ရှုရင်း တည့်မတ်ခံဦးမည်ဖြစ်...အဲဒီ စကားတစ်ခွန်းနဲ့တင် အမ မနော်ဟရီကို နိုင်ငံ အတွက် မျှော်လင့်မိ...

သို့သော်...ခံစားချက်မူမမှန်နိုင်စွာ သွေးရူးသွေးတန်း အော်ဟစ်မိစဉ်...ငါ့ကို မဆီမဆိုင် သူက ဘာဖြစ်လို့ ထွက်ခိုင်းရမှာလဲ ဟု မတွေးဘဲ ထိုခံစားချက်များ တည့်မတ်ပေးရန်လိုသည်ဟု တွေးကာ တည့်မတ်ပေးသည့် post တစ်ခု တင်က မည်မျှလောက်ကောင်း...

zephyr ၏ကဗျာ တကြောင်းကျန်ရစ်...တတိယကြောင်း..."ခေတ်ကို ထမ်းပိုး" ဖြစ်...

ဘယ်သူမဆို မှားတတ်...celebrity ဖြစ်လဲ မှားနိုင်...ဝေဖန်ရေးဟာ လိုအပ်...ထို့ကြောင့် “မနော်ဟရီကိုပြောခဲ့တာဆိုပြီး ... ပျော်နေချင်တဲ့သူတွေကို ခွင့်လွှတ်ပေးလိုက်ပါ ... ။" ဆိုသော စာသား အန္တရာယ် ရှိ...အပြုသဘောဆောင်မည့်သူများ မဝေဖန်ရဲ ဖြစ်နိုင်...

“နှလုံးသားနံရံအထူအပါး တူသူတွေချည်းရှေ့ဆက်ရရင်ကောင်းမှာပဲ...." မဖြစ်နိုင်....ထိုသို့ဖြစ်ရင် အမ လုပ်ချင်တဲ့ ခံစားမှုတွေ တည့်မတ်ပေး ခြင်း လုပ်စရာ မလိုတော့ဘဲ ဖြစ်သွားနိုင်... ကိုယ့်ဟာကိုယ် နေချင်ရာမှာနေတာ ဘယ်သူ့မှ ဂရုစိုက်ဖို့မလို...အားလုံး ရီပြ ပြီးရော...ကိုယ့်မှာမရှိ ဘယ်သူ့ဆီကမှ တောင်းမရ...

ခံစားမှုကွဲလွဲတာ စိတ်မကောင်းဖြစ်စရာဆိုတာ တခါမှ မစဉ်းစားမိ...စိတ်ဝင်စားစရာသာဖြစ်...စော်ကားသလို ဖြစ်သွားလို့သာ တောင်းပန်...

အမ အား (စိတ်အနှောက် အယှက် ဖြစ်စေခဲ့မိ၍) ထပ်၍ အလေးအနက် တောင်းပန် ပါတယ်...

ကာယကံရှင် အထင်လွဲတာ ထားလို့ ရပါသည်...ဖတ်လိုက်ရတဲ့ ခဏ သွေးပူမှာကိုး...ဘေးလူများ မစဉ်းစား သေချာမဖတ်ဘဲ ပြေရာပြေကြောင်း မဖြစ်စေတာ မကောင်း... နှစ်သိမ့်တာတော့ကောင်း... သို့သော် အပြုသဘော မဆောင်...စိတ်အနှောက်အယှက် ဖြစ်သူမှာ ပိုဆိုး... အထင်လွဲ ခံရသူမှာ ပိုဆိုး (ဘယ်လိုမှ သဘောမထား...ဘယ်သူ့မှ လူချင်း မသိလို့)

ပါးစပ်ပဲပါလာ ပြီး နှလုံးသား မပါတဲ့ စကားဟာ လေ သက်သက်သာဖြစ်

နှလုံးသာသာ ပါပြီး ဦးနှောက်မပါ ကလီစာ သက်သက်သာဖြစ် ဟု ပြောရင်း အောင်သာငယ်အား ထောက်ခံ...

အမ စိတ်ချမ်းမြေ့ပါစေ...

Aye Myat Myat Ko said...

တောင်းပန်ပြီးကာမှ ဒီ Post ကို စိတ်ကုန်လို့ မဖတ်ဘဲ နေပြီး စာကို မတွေ့မှာ စိုးရိမ်မိပါသည်

Aye Myat Myat Ko said...

ကျွန်မကတော့ ဒီဘ၀မှာဒီလိုခံရသလိုနောက်
ဘ၀ပေါင်းတစ်ထောင်ဒီလိုခံရလိမ့်မယ်လို့မထင်ပါဘူး..
____________________________
ထပ်တွေ့ပြန်ပြီ တစ်ခု...

ဟုတ်ကဲ့ ...
ကျွန်မလဲ ထင်လို့ရေးတာ မဟုတ်ပါ...
ကဗျာ flow နောက်ကို လိုက်သွားမိခြင်းသာ... မြိုင်ဆိုင်မသွားပေဘူးလား...

ပုထုစဉ်များ၏ သံသရာ တက်ကျနိမ့်မြင့် ရှိတတ်ကြောင်းလောက်တော့ သိပါသည်...သို့မို့ကြောင့် ဒီဘ၀ ကံကောင်းထောက်မ ဒါမျိုးမကြုံရလဲ နောက် ဘ၀တခုခု ကြုံခဲ့ရင်...ဟု ကြောက်လန့်မိခြင်းဖြစ်ပါသည်။
(ဗုဒ္ဓဘာသာဝင်တိုင်း ဤ အခြေခံလောက်တော့ သိကြသည်ဟု နောင်လဲ မှတ်ယူပါလေကုန်)

သို့သော်...ဗုဒ္ဓ၀င်တွေမှာ ဘာ ဘ၀နဲ့ ဘ၀ပေါင်း ဘယ်နှစ်ရာ...ဘယ်ကဲ့သို့ ၀ဋ်ကြွေးကို ဘ၀ပေါင်း ဘယ်နှစ်ရာခံရလေသည်.....ဆိုတာများ လည်းရှိပါသည်...(<<< ဤသည်မှာ စကားချပ်သာဖြစ်ပါသည်။ အကြိမ်ပေါင်း 1000 post နှင့် မည်သို့မျှ မသက်ဆိုင်လေ။)
____________________________
ရန်တွေ့ခြင်းဟု မမှတ်ယူစေလို...
ကျွန်မကလဲ ဘာမှ မမှတ်ယူ...အမ စကားအရ..ကျွန်မ တိမ်းစောင်းသည်ထင်၍ ထိန်းမတ်ပေးခြင်း ဟုသာ ယူဆပါသည်...ထို့ကြောင့် ဤနေရာတွင်တော့ မတိမ်းစောင်းပါ ဟု ပြောလိုခြင်းသာ...အမ ၀မ်းမြောက်မည် ဟု ယုံကြည်ပါသည်။ :)

Zephyr said...

To Aye Myat Myat Ko,
ကျေးဇူးတင်ပါတယ် ... ကျန်နေတဲ့ ကဗျာလေးပြောပေးလို့ ...


zephyr ၏“မနော်ဟရီကိုပြောခဲ့တာဆိုပြီး ... ပျော်နေချင်တဲ့သူတွေကို ခွင့်လွှတ်ပေးလိုက်ပါ ... ။" ဆိုသော စာသား အန္တရာယ် ရှိ...အပြုသဘောဆောင်မည့်သူများ မဝေဖန်ရဲ ဖြစ်နိုင်...


.. ကျွန်တော်ပြောတာကလည်း တော်တော်လေးရှင်းပါတယ် ... အယောနိသော မနသီကာရ နဲ့ ...ပြောတယ်ဆိုရင် ...ခွင့်လွှတ်ပေးလိုက်ပါလို့ပဲ ဆိုလိုတာပါ ...။

နောက်တစ်ခုပြောချင်တာက နိုင်ငံရေး ပါ ...။
အပြင်မှာ ရောက်နေတဲ့ blogger တွေအတွက်က ဘာမှမဟုတ်ပေမယ့် ... ပြည်တွင်းမှာ နာမည်တပ်ပြီး ရေးနေတဲ့ အနုပညာရှင် အတွက်ပါ .... တော်ကြာ comment ကို ထောက်ခံတဲ့ ပုဒ်မ ထုတ်လိုက်ရင် အခက် ...။

နောက်ဆုံးတစ်ခုပြောချင်တာက ... ကျွန်တော် ရေးတာက နင်ရူးဒါလို့ ပြောတဲ့ comment ကိုပါ...။ aye myat myat ko ရဲ့ ကဗျာက ဘာကိုဆိုလည်း ကျွန်တော်သိနေလို့ ဝေဖန်စရာလည်းမလိုပါဘူး ... ။ ကျွန်တော်လည်း ကာယကံရှင်နဲ့ ထပ်တူခံစားရပါတယ် ...။

ကျေးဇူးတင်ပါတယ် ...။

အောင်သာငယ် said...

မအေးမြတ်မြတ်ကို - သို့

အမှိုက်ကစ ပြသာဒ် မီးလောင် ဆိုတာလို ဖြစ်နေပါပြီ။
ကျနော်က ကိုယ့်နိုင်ငံကို ချစ်တယ်။
အဲတော့ ကျနော့်လိုမျိုး ကိုယ့်တိုင်းပြည်ကို ချစ်တဲ့
ချီလီ ကဗျာဆရာကြီး ပတ်ဗလိုနီရူဒါ ရေးတဲ့
- သစ်ခုတ်သမား နိုးကြားလော့ - ဆိုတဲ့ ကဗျာရှည်ကြီးကို ဖတ်မိတော့ အဲကဗျာရှည်ကြီးထဲက ကျနော် အရမ်းကြိုက်တဲ့ (အဲဒီ အကြိမ်ပေါင်း ၁၀၀၀) အပိုဒ်ကို ကျနော့် ဘလော့ ဘဲန်နာမှာ ယူသုံး မိတာကစပြီး အထင်အမြင် မှားမှုတွေ ဖြစ်လာတာပါပဲ။

အဲကဗျာက မောင်သစ်တည် (ဆရာမြသန်းတင့်ရဲ့ ကလောင်ခွဲတခု) ဘာသာပြန်ခဲ့တဲ့ နိုင်ငံတကာ ကဗျာရှည် (၃) ပုဒ် ကဗျာစာအုပ်ပါ - ချီလီကဗျာ ဆရာကြီး ဗတ်ဘလိုနီရူဒါ ရေးတဲ့ သစ်ခုတ်သမား နိုးကြားလော့ - ဆိုတဲ့ ကဗျာရှည်ကြီး ဖြစ်ပါတယ်။

အမှန်တကယ်က ကျနော်ယူသုံးထားတဲ့ အပိုဒ်က ကဗျာပါ စာသားတွေဟာ - အေးစက်တဲ့ ငါ့တိုင်းပြည်လေးမှာ သစ်မြစ်တွေကိုတောင် ငါချစ်တယ်-ဆိုတာနဲ့ အစချီ ထားတာပါ။ ကျနော်တို့ တိုင်းပြည်က အေးစက်တဲ့ တိုင်းပြည်မဟုတ်တော့ - အေးစက်တဲ့- ဆိုတဲ့ စာသားကို ချန်ထားခဲ့ပြီး ကျန်တဲ့ စာသားတွေကို ကျနော် ယူသုံးခဲ့တာပါ။

သို့သော်လည်း ပြောစရာရှိတာက မအေးမြတ်မြတ်ကို အနေနဲ့ အဲ ကဗျာကို အစအဆုံး မဖတ်ရဖူးတော့ ကဗျာဆရာ ဘာကိုဆိုလိုတယ်ဆိုတာ မသိတော့ နားလည်မှုတွေ လွဲကုန်တာပါ။

မအေးမြတ်မြတ်ကို ခံစားမှုကိုလည်း ကျနော် နားလည် သဘောပေါက်ပါတယ်။ ကျနော်တို့လည်း ကိုယ့်နိုင်ငံအတွက် အဲလိုပဲ ထပ်တူ ခံစားခဲ့ရတာပါ။

ကဗျာစာအုပ်က ကျနော့်အနီးအနားမှာ handy မဖြစ်တဲ့အတွက် မဖော်ပြပေးနိုင်တာကိုတော့ စိတ်မကောင်းဖြစ်မိပါတယ်။ အချိန်ရရင်တော့ ကျနော့် ဘလော့မှာ ပြန်လည် ဖော်ပြပေးပါ့မယ်။

အချိန်ရရင် အခွင့်ရေးရရင် အဲစာအုပ်ကို ရှာဖွေ ဖတ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ ကဗျာရှည်ကြီး တခုလုံးကို ဖတ်ကြည့်မိပြီးသွားရင် အဲ အကြိမ်ပေါင်း ၁၀၀၀ အပိုဒ်မှာ ဆရာကြီး နီရူဒါ-က ဘာကို ဆိုလိုထားတယ်ဆိုတာ သဘောပေါက်သွားမှာပါ။

ကျနော် ရှင်းလင်းပြောပြတာကိုလည်း နားလည်ကျေနပ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေဗျား...

Aye Myat Myat Ko said...

အားလုံးကို ကျေနပ်ကြည်ဖြူ ချစ်ကြည်စွာ

အေးမြတ်မြတ်ကို