ဂျွန်လ၏မိုးရေများ၊ရာစုသစ်မြစ်ကျဉ်းနဲ့

Saturday, October 25, 2008

“ဂျွန်လ၏မိုးရေများ”ကိုရက်ပိုင်းနဲ့ကျွန်မ..မနေမနားရိုက်ပြီးတင်ပေးလိုက်တာကအကြောင်း
နှစ်ချက်ရှိပါတယ်။ တစ်ခုကဦးလှိုင် ရဲ့ ကဗျာတွေကို (ခုဆိုဒီစာအုပ်ကရှားပါးပစ္စည်းဖြစ်နေပြီမို့)မဖတ်ဖူးသေးတဲ့သူတွေဖတ်ဖူး၊လေ့လာဖူးစေချင်တဲ့
စေတနာပါ ။ နောက်တစ်ခုက လာထားထားသွားတဲ့ ကွန်မင့် တစ်ခုကြောင့်ပါ။
သုခမိန်လှိုင်ရဲ့  “ဂျွန်လ၏မိုးရေများ” ကို“လူတော်တော်များကအထင်
ကြီးထားတဲ့စာအုပ်ဟာ ဘာမှလဲမဟုတ်ပါလား” ဆိုတာမျိုး ပြောထားတာပါ..။အမှန်က လွတ်လပ်စွာသဘော
ကွဲလွဲပိုင်ခွင့်တော့လူတိုင်းမှာရှိပါတယ်။စော်ကားခွင့်တော့မရှိဘူးလို့ကျွန်မထင်တာပဲ။
ဝေဖန်တာပါဆိုရင်လည်း ငါဟာ သုခမိန်လှိုင်ကိုဝေဖန်နိုင်လောက်တဲ့သူလားဆိုတာ ကိုယ့်ကိုယ်ကိုပြန်သုံးသပ်သင့်တယ်
လို့ကျွန်မတော့ထင်တယ်လေ။
ကိုဇေယျာလင်း ကဟိုတလောလေးကပဲ ဦးလှိုင် ရဲ့  ကျွန်မတို့မဂ္ဂဇင်းမှာ အခန်းဆက်ပါသွားပြီး၊လုံးချင်းပြန်ထုတ်ထားတဲ့
“အင်ဒီဝါးဟိုးတို့ကမ္ဘာ” ဆိုတဲ့ကဗျာစာအုပ်နဲ့ပတ်သက်ပြီး ဝေဖန်ထားတာကိုတွေ့ရပါတယ်။သူ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး
ဦးလှိုင် ပရိသတ်တွေကတစ်မျိုးမြင်နိုင်သလို ကိုဇေယျာလင်း ပရိသတ်တွေကလည်း တစ်မျိုးမြင်နိုင်တာပဲ။
အဲလိုပဲဘယ်သူ့ပရိသတ်မှမဟုတ်တဲ့သူတွေကလည်းတစ်မျိုးထပ်တွေးနိုင်သေးတယ်။ ဆိုလိုချင်တာက သူသည်
“ ဇေယျာလင်း ”ဖြစ်နေတဲ့အတွက် သူမှာပြောခွင့်ရှိနေတယ်။ သဘောမတူတာတူတာက သူ့အလုပ်မဟုတ်ဘူး ။
ရေးသူဟာ ဇေယျာလင်း ဖြစ်တဲ့အတွက် လူတွေကလည်း အာရုံ စိုက်ကြတယ်။ ထင်ရှားတဲ့ ပြယုဒ်တစ်ခုကို ဘာမှမဟုတ်ပါဘူး လို့ ပြောလိုက်ရတာဟာ ကိုယ့်အရည်အချင်းမဟုတ်ဘူးဆိုတာတော့
လူငယ်တွေ သိထားသင့်တယ်လို့ထင်တာပဲ။
ကိုသိန်းဇော် စကားနဲ့ပြော ရရင် “ခင်ဗျားတို့ ဘာမှမဟုတ်ပါဘူးလို့ပြောဖို့ ကျွန်တော်အများကြီး
ကြိုးစားထားပါတယ်”
ဆိုတာမျိုးများဖြစ်နေမလားလို့လည်းတွေးမိတယ်။
ဘာမှမဟုတ်ပါဘူးလို့ပြောရတာလွယ်ပါတယ်။ ဘာမှမဟုတ်ပါဘူးလို့ပြောနိုင်တဲ့နေရာတစ်ခုကိုအရင်ရောက်ထား
အောင်လုပ်ဖို့ပဲခက်တာပါ။နောက်တဆက်တည်းပြောချင်တာက “ရာစုသစ်မြစ်ကျဉ်း” အကြောင်းပါ။
ဒီရာဇ၀င်နဲ့ပတ်သက်ပြီး ကျွန်မ ကဗျာတွေမတင်ခင်ကတည်းကရှင်းထားခဲ့ပြီးပါပြီ။ဘယ်သူတွေ နဲ့ဘယ်လို
စခဲ့တယ်ဆိုတာကို။ ကျွန်မတို့ဟာ အဲဒီကတည်းက ကဗျာ အနုပညာကိုပဲအဓိကထားလုပ်ခဲ့
ကြတယ်ဆိုတာ လက်ရှိ အနုပညာကိုဆက်လုပ်နေသူတွေကိုကြည့်ရင်သိနိုင်ပါတယ်။
ကျွန်မတို့အားလုံးဟာတူညီတဲ့ ကဗျာအပေါ်ယုံကြည်သက်ဝင်မှု တစ်ခုတည်းနဲ့ အစပြုခဲ့ကြ
တာဖြစ်ပါတယ်။လူငယ်ပီပီ ၊အနုပညာခံစားချက်အားကောင်းကြတဲ့သူတွေပီပီ ခေတ်ကိုထင်
ဟပ်စေတဲ့ကဗျာမျိုးတွေရေးရင်ရေးခဲ့ကြလိမ့်မယ်။ ဒါပေမယ့် ဦးတည်ချက်ကတော့ အနုပညာ
ပါပဲ။ဒီလိုပြောလို့ ကျွန်မကိုတစ်မျိုးမြင်ရင်မြင်လိမ့်မယ်..။ကိစ္စမရှိပါဘူး။ ကျွန်မလိုလားတာက
တကယ့်အဖြစ်အပျက်ဟာဘာလဲဆိုတာပါပဲ။ ကျွန်မတို့ဟာ ကိုထိန့်ကဗျာ ထဲကလို ကန္တာရ
ဖြတ်နေတဲ့ကုလားအုတ်တွေပါ...ရွက်ဖျင်တဲထဲအရိပ်ခိုဖို့ အစီအစဉ်မရှိပါဘူး...။

နောက်ထပ်လည်းကျွန်မ မအားလပ်တဲ့ကြားက ဦးအောင်ချိမ့်၊မောင်ချောနွယ်၊ဖော်ဝေး တို့ ရဲ့ 
မှတ်တိုင် တစ်ခုဖြစ်တဲ့ “သစ်ရွက်အသေများပေါ်ကရက်စက်သောဂီတ”ကိုတင်ပေးပါဦးမယ်။
သူတို့ ရဲ့ ကြိုးစားထားခဲ့မှုတွေကို လေ့လာခံစားချင်တဲ့ သူတွေနဲ့ ဘာမှမဟုတ်ပါဘူးကွာ လို့
ပြောချင်ကြမယ့်သူတွေအတွက်ပါ။


4 Comments:

A'karikz Yannaing said...

lar ma pyaw talt par buu!

ko phar thar, GOTHIC METAL htae hmar bae thwarr thay nay taw mal byar!

loap pay nay tar ko a yam kay zuu tin par tal!

pandora said...

ကျော်သွား ပြတ်သွားခဲ့တဲ့ ကာလတချို့ ရှိခဲ့တယ်။

ဘယ်သူတွေ ဘာပြောပြော.. မ ပြန်ဝေမျှပေးတဲ့ စေတနာကို ကျေးဇူးပါ။ ကိုယ့်အတွက်တော့ တန်ဖိုးအရမ်းကြီးပါတယ်။

Anonymous said...

ဂျွန်လ၏မိုးရေများ အတွက်ကျေးဇူးပါပဲ သူငယ်ချင်း

သစ်ရွက်အသေ ကို စောင့်နေပါ့မယ်။

တင်မင်းထက်

Moe Cho Thinn said...

ဒီလိုရေးတာ ကောင်းတယ်။
စောင့်ဖတ်နေမယ်။