မန္တလာ

Sunday, October 12, 2008


ရာစုသစ်မြစ်ကျဉ်း ကဗျာတွေဆက်မရိုက်နိုင်ခင်
ဒီ ကဗျာလေးအရင်တင်လိုက်ပါတယ်..
အရွယ်ရောက်လို့ ပထမဆုံးကိုယ့်ဘာသာကိုယ်
မန္တလေးသွားတဲ့အချိန်မှာရေးဖြစ်သွားတဲ့ကဗျာပါ..
ခုဆို..ဒီလိုတောင် ဟုတ်သေးရဲ့ လားလို့.....
မန္တလာ

စနစ်တကျ
အကွက်ချထားတဲ့
စစ်တုရင်ခုံလေးတစ်ခုပါ..။

အဖြူနဲ့ အမည်းအရုပ်ကလေးတွေ
စီးချင်းထိုးခဲ့ကြ..
….
ကြည့်ပ
ကွင်းစပ်မှာ..
အနက်ရောင်နယ်ရုပ်ကလေးတွေအတုံးအရုံး
ကွင်းတစ်ခုလုံး
အဖြူရောင်တွေဖုံးလွှမ်းအောင်ပွဲခံနေပုံ..။

အလိုမတူပဲကျားကွက်ရွှေ့ခံလိုက်ရတာပါ
ဘယ်ဘက်လက်ကညာဘက်လက်ကို
စနစ်တကျအနိုင်ယူလိုက်သလိုမျိုး
ဦးနှောက်တစ်ခုတည်းနဲ့ စီးချင်းထိုးတဲ့ပွဲ
သတ်မှတ်ထားတဲ့အတိုင်းပဲရှိမှာ
သေချာသိခဲ့ဖို့ ကောင်တာပေါ့..
ခုတော့…။ ။
မနော်ဟရီ


4 Comments:

M.Y. said...

အသံတိတ် ခေတ်သစ် နယ်ချဲ့ ခြင်းပညာတစ်မျိုးပ..
မန္တလာရဲ့ လမ်းမတွေ မျက်ရစ်မပါပဲပြုံးပြ တတ်နေပြီလေ..

MANORHARY said...

ဟုတ်ပါရဲ့ နော်...နောက်မှ..မင်းခိုက်ရဲ့  ရာစုသစ် ၂ ထဲက နေပြည်တော်ဆိုတာတင်ပေးဦးမယ်..

sin dan lar said...

ဒီကဗျာလေးကြိုက်တယ်..မန္တလေးနဲ့ပတ်သက်ပြီး
ဒီခံစားချက်မျိုးရှိပါတယ်..ဆိုင်မဆိုင်တော့မသိဘူး..
ပဲခူးတိုင်းအရှေ့ပိုင်းက ကညွတ်ကွင်း၊ကျောက်တံခါး တ၀ိုက်ကို ရောက်ဖူးတုံးကလည်း............

MELODYMAUNG said...

ကွင်းစပ်မှာ..
အနက်ရောင်နယ်ရုပ်ကလေးတွေအတုံးအရုံး
ကွင်းတစ်ခုလုံး
အဖြူရောင်တွေဖုံးလွှမ်းအောင်ပွဲခံနေပုံ..။

စစချင်းတော့ မပေါက်ဘူးဗျ ပိန်းတာပါ
ကိုမောင်ရင် ကွန့်မန့်ဖတ်မှ ပေါက်သွားတော့တယ်
အော..လူမျိုခံရသလိုပ(မြေမျိုလို့ လူမျိုးမပျောက်) :(