နောင်တ

Saturday, September 27, 2008



နောင်တ


ကိုယ့်တောင်တန်းကိုကိုယ်စွန့် ခွာခဲ့တဲ့ညက
ကိုယ့်ရောင်ခြည်မှာအမှောင်တွေသန်းလို့ 
ကိုယ်တို့ မိုးချူပ်ကြတော့မယ်။

ဆေးရောင်တွေလွယ်လွယ်ကူကူခြယ်ခဲ့မိကြတဲ့
၉၃…
ကိုယ်ကရင့်ကျက်ချင်တုန်းပဲ..။
မင်နီတံကိုင်ရင်းကြက်ခြေတွေခတ်
ကိုယ်က..
သိပ်စကားမတတ်တဲ့ကံ့ကော်အိုလို..။

လမိုက်နေတုန်းပါပဲ
ကမ္ဘာဟာလည်နေလျက်ကရပ်တံ့
သက္ကရာဇ်တွေကငါ့ရှေ့ မှာသွေးပျက်စွာခန့် ညားလို့ ..။

ရထားအိုလိုအတွေးတွေနဲ့ 
သက်ပြင်းတဖိုဖိုရှိုက်ငိုခဲ့ရ
၉၅ ရဲ့ ညတွေလည်းခုထိမိုးမစဲနိုင်သေး..။

အဲဒီလိုမလွယ်ကူခဲ့ကြပါဘူး
ရှုံးနိမ့်ခဲ့ဖူးသူတိုင်သိမှာပါ…
အမာရွတ်ဟာစကားတတ်တဲ့ငှက်တစ်ကောင်လိုပဲ
အရိပ်သုံးပါးနဲ့ အဝေးကြီးဝေးခဲ့..။

ခရီးကဝေးတုန်းပဲလား
စမ်းတ၀ါးဝါးနိုင်လွန်းတဲ့ကြယ်ကလေး
အတိတ်ရေးရေးတွေထဲပုန်းအိပ်
ကိုယ်ကခုထိတိတ်ဆိတ်နေရတုန်းပါပဲ..။ ။


2 Comments:

ဂျစ်တူး - gyit_tu said...

အမရဲ့ စာတွေကို ဖတ်ရတည်းက ကြိုက်ခဲ့ဖူးတယ် ။ ခုလို ဘလောဂ့်ပေါ်ရေးလာတယ်ဆိုတော့ သိပ်ဝမ်းသာတာပဲ ။ ဒီကဗျာလေးကို အရမ်းကြိုက်မိတယ် ။

lotuslynn said...

မေခ

ကိုယ်ဒီကဗျာလေးကိုကြိုက်လိုက်တာ


ဂျူ